ယနေ့ခေတ် ဟောလိဝုဒ်ရုပ်ရှင်လောကမှာကွာရှင်းပြတ်စဲနေကြတဲ့အတွဲတွေမနည်းပါဘူး။ အနုပညာသမားတွေဖြစ်တာနဲ့အညီ
တစ်ဦးနဲ့တစ်ဦး အချိန်မပေးနိုင်မှုတွေကော၊ မာန်မာနတွေခ၀ါမချနိုင်တာတွေကြောင့်ပါ ရေရှည်ခိုင်မြဲတဲ့အိမ်ထောင်ရေးကိုမရရှိခဲ့ကြပါဘူး။ ဒါပေမယ့်အခုဖော်ပြမယ့် Celebrity စုံတွဲ (၃) တွဲကတော့ အခက်အခဲတွေကိုအတူရင်ဆိုင်ကျော်ဖြတ်ပြီးတော့ သာယာပျော်ရွှင်တဲ့အိမ်ထောင်သည်ဘ၀ကို ထူထောင်ထားကြတဲ့သူတွေပါ။
(1)Channing Tatum & Jenna Dewan-Tatum
မင်းသား ချန်နင်တေတမ် နဲ့ မင်းသမီး ဂျန်နာဒီဝမ် တို့ဟာ ၂၀၀၆ ခုနှစ်ကရိုက်ကူးခဲ့တဲ့ Step Up ရုပ်ရှင်ဇာတ်ကားမှာအတူသရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါသရုပ်ဆောင်စုံတွဲဟာ Step Up ရုပ်ရှင်ရိုက်ကူးနေစဉ်ကာလအတွင်းမှာ ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး ဟောလိဝုဒ်ရဲ့အလိုက်ဖက်ဆုံးစုံတွဲတွေထဲက တစ်တွဲအဖြစ်နာမည်ကျော်ကြားလျက်ရှိပါတယ်။ သူတို့ရဲ့ချစ်သူသက်တမ်း ၁၁ နှစ်ကြာပြီးနောက်မှာတော့ ချန်နင် နဲ့ ဂျန်နာတို့ဟာ လက်ထပ်ခဲ့ကြပြီး အီဗာလေ လို့ခေါ်တဲ့သမီးလေးတစ်ဦးကို ဖွားမြင်ထားပါတယ်။
(2)Will Smith & Jada Pinkett
မင်းသားဝေလ်စမစ်သ်ဟာ မင်းသမီးဂျာဒါပင်ကပ်ကို သူကိုယ်တိုင်ပါဝင်ရိုက်ကူးထားတဲ့ ၁၉၉၀ ခုနှစ်ကရိုက်ကူးခဲ့တဲ့ The Fresh Prince of Bel-Air ဆိုတဲ့ဇာတ်လမ်းတွဲရုပ်ရှင်ရိုက်ကူးမှုလူရွေးပွဲမှာ စတင်မြင်တွေ့ခဲ့တာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ရိုက်ကူးမှုမှာ ဂျာဒါပင်ကပ် ကအရွေးမခံခဲ့ရပေမယ့် မင်းသားဝေလ်စမစ်သ်ရဲ့နှလုံးသားကိုတော့ ဖမ်းစားနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့အိမ်ထောင်သက်တမ်းဟာ ယခုဆိုရင် နှစ် ၂၀ ကြာမြင့်နေပြီဖြစ်ပါတယ်။
(3)David & Victoria Beckham
ဘောလုံးမင်းသားလို့တင်စားခေါ်ဆိုလို့ရလောက်အောင် ရုပ်ရည်ချောမောခန့်ညားတဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ အဆိုတော်ဗစ်တိုးရီးယားတို့ဟာ ၁၉၉၇ ခုနှစ်မှာစတင်ချစ်ကြိုက်ခဲ့ကြပါတယ်။ ဗြိတိသျှရဲ့ လေးစားအားကျစရာကောင်းတဲ့စုံတွဲဟာ ဘရွတ်ကလင်း၊ ရိုမီယို၊ ဟာပါး နဲ့ ခရုဇ် လို့ခေါ်တဲ့ သားသမီးလေးဦးထွန်းကားထားပါတယ်။
Read More: David Beckham နဲ့ Victoria Beckham တို့ဘယ်လိုဆုံတွေ့ခဲ့ကြသလဲ
Author – Nyi Min Khant