အခုခေတ်မှာ Facebook ဆိုတဲ့ ဆိုရှယ်မီဒီယာတစ်ခုကို လူတွေထဲထဲဝင်ဝင်သုံးစွဲလာကြတာနဲ့အတူ
ဘာဖြစ်ဖြစ် Facebook အပေါ်မှာ ရေးပြီးပို့စ်အဖြစ်တင်လာကြပါတယ်။ ဆိုရှယ်မီဒီယာဆိုတဲ့အတွက် လူတွေနဲ့ပေါင်းသင်းဆက်ဆံတာတော့ကောင်းပေမယ့် ကိုယ့်အတွင်းရေးကိစ္စတိုင်းကိုရေးတင်တာကတော့ မလုပ်သင့်ပါဘူး။ အနည်းဆုံးတော့ကိုယ့်အကြောင်းတွေသူများသိသွားတာပေါ့။ နောက်ထပ်ဘယ်လိုအရာတွေကို Facebook ပေါ်မတင်သင့်ဘူးလဲဆိုတာ ကြည့်လိုက်ရအောင်။
အိမ်ထောင်သည်တွေအိမ်ထောင်ရေးအဆင်မပြေတာတို့၊ ချစ်သူသမီးရည်းစားတွေ အချစ်ရေးမှာ ခဏခဏရန်ဖြစ်နေရတာတို့ကို Facebook ပေါ်မတင်သင့်ပါဘူး။ အပေါ်မှာပြောခဲ့သလိုပါပဲ ဒီလိုရေးတင်လိုက်တဲ့အတွက် ဘာအကျိုးအမြတ်မှမရဘဲ ကိုယ့်အတွင်းရေးတွေကိုသာ သူများသိသွားတာပဲ အဖတ်တင်ပါတယ်။
တချို့ကျတော့လည်း ချစ်သူနှစ်ဦးရဲ့တစ်နေ့တာလှုပ်ရှားမှုတွေကို ရေးပြီးတင်တာပါ။ ဒီလိုရေးတင်တဲ့အတွက် သူများကိုဘာသိစေချင်တာလဲ။ ကိုယ်တို့နှစ်ယောက်က အရမ်းအလုပ်ရှုပ်တဲ့လူတွေဆိုတာအများကိုသိစေချင်တာလား။ ဒါမှမဟုတ် ကိုယ်တို့နှစ်ယောက်အရမ်းချစ်တယ်ဆိုတဲ့အကြောင်းကိုသိစေချင်တာလားပေါ့။ Celebrity စုံတွဲတွေကလွဲရင် ဒီလိုမျိုးတွေရေးမတင်သင့်ပါဘူး။
တချို့စုံတွဲတွေကျတော့ သူတို့နှစ်ယောက်ဘယ်နေရာပဲရောက်ရောက် ဓာတ်ပုံရိုက်ပြီးတင်တတ်ကြပါတယ်။ စားသောက်ဆိုင်တွေမှာ တစ်ပတ် ၁ ခါ ၂ ခါသွားစားလို့ Check-In တင်တာမျိုးက ကြည့်လို့ကောင်းပြီး သင့်တော်ပေမယ့် နေ့တိုင်းလိုလို နှစ်ယောက်သားဓာတ်ပုံတွေကိုတင်တာကျတော့ အများအမြင်ကတ်စရာဖြစ်သွားပါပြီ။ သူငယ်ချင်းတွေကတောင် Unfollow တွေ Unfriend တွေလုပ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဆိုရှယ်မီဒီယာကို အကျိုးရှိရှိအသုံးချပြီး မလိုလားအပ်တာတွေ မတင်ဖို့အတွက် အကြံဥာဏ်ပေးလိုက်ပါတယ်။
Read More: ယောင်္ကျားလေးတွေကိုဖမ်းစားနိုင်တဲ့အပြုအမူလေးတွေ