လင်မယားချင်းရန်ဖြစ်ကြတဲ့အခါမှာတစ်ယောက်ကိုတစ်ယောက်အော်ဟစ်လို့၊ထုရိုက်လို့ရပါတယ်။ဒါပေမယ့်နာကျင်အောင်တော့မလုပ်မိပါစေနဲ့လင်နဲ့မယားလျှာနဲ့သွားဆိုတဲ့စကားရှိသလိုပါပဲ၊
လင်ရယ်မယားရယ်လို့ ဖြစ်လာကြပြီဆိုမှဖြင့် ပြဿနာမရှိ၊ကတောက်ကဆမဖြစ်တဲ့လင်မယားမျိုးရှိကြမှာမဟုတ်ပါဘူး။ဒါပေမယ့်ဇနီးမောင်နှံတွေသတိပြုရမှာတစ်ခုကရန်ပွဲလေးတွေကလင်မယားနှစ်ယောက်
ကြားကအချစ်တွေကိုပိုပြီးခိုင်မာစေတဲ့စမ်းသပ်မှုမျိုးပဲဖြစ်သင့်တာပါ။ရန်ဖြစ်ပြီးတော့တစ်ယောက်ကိုတစ်ယောက်မုန်းသွာကြဖို့ မဖြစ်ဘူးလေ။ ဒီတော့ အချစ်တွေ ပိုတိုးလာဖို့ လင်မယားချင်း ရန်ဖြစ်တဲ့အခါတိုင်း
ဘာတွေကို သတိထားရမလဲ ဆိုတာ သိသင့်ပါတယ်။
ရန်ဖြစ်ကြတယ်ဆိုရင်ရန်ဖြစ်ရမယ့်အကြောင်းအရာတစ်ခုတည်းကိုပဲဦးတည်ပြီးပြောတတ်ပါစေ။ အမျာစုကရန်ဖြစ်ရင်မဆိုင်တဲ့ကိစ္စတွေဆွဲထည့်တတ်ကြတယ်မဟုတ်လား။အဓိက ဖြစ်နေတဲ့ကိစ္စနဲ့မသက်ဆိုင်တာတွေကို
မပြီးနိုင်မစီးနိုင်လိုက်ဖြေရှင်းနေရရင်မုန်းစရာကောင်းပါတယ်။ကိုယ်ချစ်ရတဲ့ ချစ်သူလေးအတွက် ကိုယ်ကမုန်းစရာကောင်းတဲ့သူ မဖြစ်အောင်တော့ သတိထားရမှာပေါ့။
လင်မယားချင်းရန်ဖြစ်ကြတဲ့အခါမှာတစ်ယောက်ကိုတစ်ယောက်အော်ဟစ်လို့၊ထုရိုက်လို့ရပါတယ်။ဒါပေမယ့်နာကျင်အောင်တော့မလုပ်မိပါစေနဲ့။နာကျင်မှုဆိုတာစိတ်ပိုင်းဆိုင်ရာနာကျင်မှုရော၊ရုပ်ပိုင်းဆိုင်ရာနာကျင်မှုမျိုးပါ
ပါတယ်နော်။ရန်ဖြစ်ရင်တော့လူတိုင်းက ဒေါသအလျှောက်ပြုမိတတ်ကြပါတယ်။ဒါပေမယ့်ဒေါသထွက်တာနဲ့ ကြမ်းကြုတ် ရက်စက်တာ မတူဘူးနော်။
ရန်ဖြစ်ပြီးသွားရင်လည်း တောင်းပန်တတ်ဖို့အရေးကြီးတယ်နော်။ကိုယ့်အမှားကြောင့် ဖြစ်ရတဲ့ရန်ပွဲအတွက် ပြန်တောင်းပန်ဖို့လိုအပ်သလိုကိုယ့်အမှားကြောင့်မဟုတ်ရင်လည်းရန်ဖြစ်မိတဲ့အတွက်တောင်းပန်ပေးဖို့လိုပါ
တယ်။အဲ့အကျင့်ကောင်းလေးကနှစ်ယောက်စလုံးမှာရှိနေရမှာပါနော်။ဒါကြောင့်ရန်ဖြစ်တိုင်းဘယ်သူကမှားမှား နှစ်ယောက်စလုံး အတူတူ ပြန်တောင်းပန်ပေးပါ။
အခုပြောပြထားတဲ့အချက်သုံးချက်ကိုရန်ဖြစ်တဲ့အခါတွေမှာသတိထားထိန်းသိမ်းပေးမယ်ဆိုရင်ရန်ဖြစ်လေလေ ပိုချစ်လေလေ ဖြစ်မှာမို့ ပြဿနာ တစ်ခုဖြစ်တိုင်း ချစ်နှောင်ကြိုးတွေ ခိုင်မာလာမှာပါ။
Credit;Marry
Readmore;ငါတို့နှစ်ယောက်လက်ထပ်ပြီးတဲ့အခါ