အတိတ်က ဖြစ်ခဲ့တာတွေကို အတိတ်အတိုင်းပဲ ထားတတ်ပါစေ။ အတိတ်ကြောင့်လက်ရှိမှာပျော်ရွှင်ရမယ့်ကြည်နူးစရာ အချိန်လေးတွေကို မပျက်စီးပါစေနဲ့နော်။
အိမ်ထောင်ရေးလေးဆိုတာကကတော့သိပ်ချစ်ရတဲ့ချစ်သူလေးနဲ့မခွဲတော့ဘူးဆိုပြီးရွေးချယ်လိုက်တဲ့နေရာလေးပဲ ဖြစ်ပါတယ်။ဒီလိုနေ့ရက်လေးတွေတိုင်းကိုကြညနူးစရာလေးတွေ ပြည့်နှက်နေအောင်
ပြုလုပ်နိုင်ဖို့အတွက်ကတော့လက်ရှိအချိန်လေးကိုတန်ဖိုးထားဖို့အရေးကြီးပါတယ်။ အိမ်ထောင်ရေးမှာနေ့တိုင်းမမေ့ရမယ့်အချိန်ပေးမှုအကြောင်းကိုလည်း သိထားပေးပါ။
လက်ရှိအချိန်ဆိုတာ
လူတိုင်းမှာ အတိတ်ဆိုတာရှိပါတယ်။အချိန်တိုင်းအတိတ်ကိုသတိတရ ဖြစ်နေတာတွေကို ရှောင်ပါနော်။ အတိတ်ဆိုတာ ကောင်းတာပဲ ဖြစ်ခဲ့ပါစေ ဆိုးတာပဲ ဖြစ်ခဲ့ပါစေ။ အတိတ်က အတိတ် ဆိုတာကို
သတိရပေးနော်။ အတိတ်မှာ ကောင်းတာတွေကတော့ ပျော်ရွှင်စရာတွေ ဖြစ်ပြီး ဆိုးတာတွေကတော့ သင်ခန်းစာလို့ ယူဆပြီး လက်ရှိနေ့ရက်လေးတွေကို တန်ဖိုး ထားတတ်ရမှာပါ။ ဒီအတိုင်းပါပဲ။
လက်ရှိအချိန်လေးတွေကိုပဲ အဓိက ထားပြီး ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို အရေးအကြီးဆုံး အရာအနေနဲ့ သတ်မှတ်လိုက်ပါ။
အစ မဖော်ပါနဲ့
လက်ရှိကိုပဲ ဦးတည် နေထိုင်တတ်ပါစေ။ အရင်က ဖြစ်ခဲ့တာတွေကို ခဏတိုင်း အစ ပြန်ဖော်တာမျိုးကို လုံးဝ မလုပ်ရဘူးနော်။ ဘာလို့ဆို ပြောတော့ရော အတိတ်ကို ဘာများ ပြုပြင်လိုက်နိုင်မှာလဲ။
အတိတ်က ဖြစ်ခဲ့တာတွေကို အတိတ်အတိုင်းပဲ ထားတတ်ပါစေ။ အတိတ်ကြောင့် လက်ရှိမှာ ပျော်ရွှင်ရမယ့် ကြည်နူးစရာ အချိန်လေးတွေကို မပျက်စီးပါစေနဲ့နော်။ လက်ရှိမှာပဲ အကောင်းဆုံး ရှင်သန်လိုက်ပါ။
ခိုင်မြဲတည်တံတဲ့အိမ်ထောင်ရေးတစ်ခုဖြစ်ဖို့အတွက်လိုအပ်ချက်များ ကိုလည်း ပြောပြပေးထားတာမို့လို့ ဒီအချက်လေးတွေကို ပြုလုပ်ပေးပြီး လက်ရှိ အချိန်လေးမှာပဲ ကိုယ့်ဘေးနားမှာ ရှိနေတဲ့ အိမ်ထောင်ဖက်လေးကို
အချစ်တွေ တိုးပြီး ပိုချစ်ပေးလိုက်ပါ။ ဇနီးမောင်နှံတိုင်း သာယာတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်နော်။
Credit;Marry
Readmore;မိန်းကလေးတို့ရှောင်ရှားသင့်သော ယောကျာင်္း ၁၂ မျိုး