Wednesday, 28 October 2020 15:04

ရာသီခွင်တစ်ခုချင်းစီရဲ့ ပြင်လို့မရတဲ့ အားနည်းချက်လေးများ

ကိုယ့်ရဲ့ မွေးလရာသီခွင်အရ ကိုယ့်အားနည်းချက်က ဘာဖြစ်မလဲဆိုတာကို ဖတ်ကြည့်လိုက်ပါဦး။
Tuesday, 27 October 2020 17:43

ဗဟိုဘဏ်မှ အောက်တိုဘာလအတွင်း ဒေါ်လာ သိန်း ၄၃၀ ဝယ်ယူခဲ့

၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ ၂၇ ရက်တွင် မြန်မာနိင်ငံတော် ဗဟိုဘဏ်သည် ပျမ်းမျှငွေလဲနှုန်း ၁၂၈၈.၇ ကျပ်ဖြင့်
Tuesday, 27 October 2020 17:34

blind date မှာ ဒေါ်လာ ၃၀၀၀ နီးပါး အကြွေးတင်တဲ့ အမျိုးသမီး

တရုတ်နိုင်ငံ၊ ကျီကျန်းပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် တစိမ်းတစ်ဦးနှင့် ချိန်းဆိုပြီး ညစာစားတဲ့ blind date မှာ စားထားသောက်ထားတာတွေအတွက် ဆိုင်ကို ယွမ် နှစ်သောင်း  (အမေရိကန်ဒေါ်လာ ၃၀၀၀ နီးပါး)
Tuesday, 27 October 2020 15:45

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ ရွှေသတ္တု ၇၈၃၄ ဒသမ ၁၆၀ ထရိုင်အောင်စ ထုတ်လုပ်နိုင်ခဲ့

မြန်မာနိုင်ငံတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ ရွှေသတ္တု ၇၈၃၄ ဒသမ ၁၆၀ ထရိုင်အောင်စ ထုတ်လုပ်နိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ သိရသည်။
Tuesday, 27 October 2020 13:58

အသည်းကွဲတာကို ဘယ်လိုကုစားကြမလဲ

လူငယ်တော်တော်များများ အသည်းကွဲဖူးကြမယ် ထင်ပါတယ်။ အသည်းကွဲတဲ့ ခံစားချက်က ရှင်းပြရခက်သလို ခံရလည်းခက်ပါတယ်။
Tuesday, 27 October 2020 10:13

ရွှေမှော်ရှိရာ ဥရုမြစ်တစ်လျှောက် ရွာတွေ ရေကြီးနေ

စစ်ကိုင်းတိုင်း အထက်ပိုင်း ရွှေမှော်တွေရှိရာ ဥရုမြစ်တစ်လျှောက် အောက်တိုဘာ ၂၄ ရက်နေ့ကစပြီး ရေကြီးရေလျှံမှုတွေဖြစ်လာလို့
Monday, 26 October 2020 18:05

ဗဟိုဘဏ်မှ ဒေါ်လာ ၃၇ သိန်း ဝယ်ယူ

၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ ၂၆ ရက်တွင် မြန်မာနိင်ငံတော် ဗဟိုဘဏ်သည် ပျမ်းမျှငွေလဲနှုန်း ၁၂၈၈.၇ ကျပ်ဖြင့်
Monday, 26 October 2020 13:07

ချစ်သူစုံတွဲတွေ ဘာကြောင့်ကမ်းခြေခရီး သွားသင့်တာလဲ

ချစ်သူဘဝမှာ ခရီးထွက်တာက တစ်ယောက်နဲ့ တစ်ယောက်ပိုမို ရင်းနှီးမှုရစေသလို တစ်ယောက်အကြောင်းလည်း တစ်ယောက်ပိုပြီး လေ့လာသိရှိခွင့်ရမှာဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကြားမှာ အချစ်တွေ မမေ့နိုင်စရာ အမှတ်တရတွေလည်း တိုးစေတာကြောင့် စုံတွဲတွေအနေနဲ့ ချစ်သူရည်းစားဘဝမှာ အနည်းဆုံး တစ်ခေါက်လောက်တော့ ခရီးတစ်ခုကို အတူတူသွားသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချစ်သူနဲ့အတူတူ ခရီးတစ်ခါမှမသွားဘူးသေးတဲ့ စုံတွဲတွေ ၊ ကိုဗစ်ကြီးပြီးရင် ခရီးသွားဖို့ ရည်ရွယ်ထားကြတဲ့ စုံတွဲတွေ အနေနဲ့ ပင်လယ်ကမ်းခြေခရီးကို ဘာကြောင့်သွားသင့်လဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။   (၁) သဘာဝကို အနီးကပ်ခံစားနိုင်တယ်     ပင်လယ်ကမ်းခြေဆိုတာ မြို့ပြရဲ့မွန်းကျပ်မှုတွေနဲ့ဝေးရာ ၊ တိတ်ဆိတ်အေးချမ်းတဲ့နေရာ ၊ မျက်စိတစ်ဆုံးလှတဲ့ပင်လယ်ပြင်ကြီးနဲ့ သဘာဝတရားကြီးရဲ့အလှတရားတွေကို အနီးကပ်ထိတွေ့ ခံစားခွင့်ရရှိနိုင်တဲ့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ အပြာရောင် ပင်လယ်ပြင်ကြီးကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လတ်ဆတ်တဲ့ လေထုကိုတစ်ဝကြီးရှုရှိုက်ပြီး ငြိမ်းချမ်းတဲ့သဘာဝရဲ့အရသာကို ချစ်သူနှစ်ဦးအတူတူ ခံစားခွင့်ရနိုင်ပါတယ်။   (၂) ရိုမန်တစ်ဆန်တယ်     ချစ်သူစုံတွဲတွေအတွက် ကမ်းခြေမှာ ဒိတ်လုပ်တယ်ဆိုတာ တော်တော်လေးကို ရိုမန်တစ်ဆန်တဲ့ ခံစားမှုကိုရစေမှာဖြစ်ပါတယ်။ ငွေရောင်သဲသောင်ပြင်ပေါ်မှာ လမ်းလျောက်မယ် ၊ ညနေ နေဝင်ဆည်းဆာအလှကို အတူတူထိုင်ကြည့်မယ် ၊ ဝိုင်လေးသောက်ရင်း သို့မဟုတ် အုန်းရည်လေးသောက်ရင်း စကားတွေပြောမယ် ၊ ညဘက်မီးပုံလေးဘေးမှာ ဂစ်တာတီးပြီး သီချင်းတွေအတူတူဆိုမယ် ၊ ပင်လယ်ပြင်ကြီးကိုမျက်နှာမူပြီး ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း အကျယ်ကြီးအော်ပြောကြည့်မယ်။ ဒီလိုမျိုး ရိုမန်တစ်ဆန်တဲ့အရာလေးတွေကို ကမ်းခြေမှာပဲလုပ်လို့ရနိုင်မှာဖြစ်ပါတယ်။   (၃) စွန့်စားခန်းဖွင့်လို့ရတယ်     စွန့်စားမှုတွေပြုလုပ်ရတာ နှစ်သက်တဲ့ချစ်သူစုံတွဲတွေအတွက်တော့ ပင်လယ်ကမ်းခြေကအသွားသင့်ဆုံး ခရီးတစ်ခုဖြစ်စေမှာပါ။ ရွက်လှေစီးခြင်း ရေပေါ်ဆိုင်ကယ်ခြင်း ပင်လယ်ရေအောက်ငုပ်ခြင်း Parasailing လို့ခေါ်တဲ့ ပင်လယ်ပြင်မှာ လေထီးစီးခြင်း စသည်ဖြင့် စွန့်စားရတဲ့အရာတွေများစွာကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အကယ်၍ စွန့်စွန့်စားစားလုပ်ရတာတွေ မကြိုက်ဘူးဆိုရင်လည်း သောင်ပြင်ပေါ်မှာ စက်ဘီးနင်းတာ မြင်းစီးတာ စတဲ့အန္တရာယ်မများတဲ့ Activities လေးတွေလည်းလုပ်လို့ရပါတယ်။   (၄) ဓာတ်ပုံလှလှလေးတွေရိုက်လို့ရတယ်     Couple Photo လှလှလေးတွေရိုက်ချင်တဲ့ စုံတွဲအတွက်တော့ ကမ်းခြေက အလှဆုံးဓာတ်ပုံလေးတွေ ရစေမှာဖြစ်ပါတယ်။ တချို့စုံတွဲတွေဆိုရင် တကူးတကကမ်းခြေအထိလာပြီး Pre wedding အတွက် ဓာတ်ပုံလာရိုက်ကြတာမျိုးလည်း ရှိပါတယ်။ ဟုတ်ပါတယ် ပင်လယ်ကမ်းခြေက ရင်သပ်ရှုမောဖွယ်အလှတရားတွေနဲ့ ပြီးပြည့်စုံတဲ့အမှတ်တရ ပုံရိပ်လေးတွေဖန်တီးနိုင်မှာဖြစ်တာကြောင့် အကယ်၍ကမ်းခြေသွားတဲ့အခါ Couple Photo လေးတွေအများကြီး ရိုက်ခဲ့ဖို့လည်း မမေ့ပါနဲ့နော်။       Ref: Kwee  
Monday, 26 October 2020 11:42

၂၀၂၀ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

တနင်္ဂနွေနေ့ အနုပညာလုပ်ငန်းမှာ စန်းပွင့်နေပါသည်။ စက်ပစ္စည်းဝင်မည်။ ရေလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်း၊ အလုပ်နေရာပြောင်း ပေါ်မည်။ ရွှေ (သို့မဟုတ်) ငွေပျောက်မည်။ နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။ စာချုပ်စာတမ်းပြုလုပ်ရမည်။ ဘုရားဆင်းတုတော် နေအိမ်သို့ ကြွမြန်းလာမည်။ ဝင်ငွေကောင်းမည်။ တယ်လီဖုန်းဝင်မည်။ နေအိမ်သို့ ဓါတ်ဗူးတစ်ဗူးရောက်လာပါက ‘၂’ အစ ‘၄’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အနှောင့်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ အခြေအနေကောင်းပါသည်။ အိမ်ထောင်ရေးလည်း အဆင်ပြေပါသည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၄၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ သနပ်ခါးရောင် ဖြစ်ပါသည်။   ယတြာ - တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ သပြေညွန့် ၁၉ ညွန့် ကပ်လှူပါ။   တနင်္လာနေ့ ဝင်ငွေကောင်းမည်။ အိမ်နေရာအရွှေ့အပြောင်းဖြစ်မည်။ လမ်းထဲမှာ နာရေးပေါ်မည်။ မသွားရ။ နေအိမ်သို့ ဧည့်သည်ရောက်မည်။ နာရီဝင်ပါက ကံညံ့မည်။ နိုင်ငံခြားခရီးထွက်ရမည်။ ဆေးရုံသို့ လူနာမေးသွားရမည်။ သွားခဲ့သော်ကောင်း၏။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ ပြဿနာအနည်းငယ်ဖြေရှင်းရမည်။ အိမ်နေရာအရွှေ့အပြောင်းပေါ်မည်။ နိုင်ငံရေးလုပ်ငန်းမှာ အခက်အခဲနှင့် ရင်ဆိုင်ရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ နေအိမ်သို့ ဝါးလုံးရောက်ပါက ‘၃’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ကျန်းမာရေးအနေဖြင့် သွေးတိုး၊ သွေးအားနည်း တစ်မျိုးမျိုးဖြစ်မည်။ ပညာရေးမှာ ရလာဒ်ကောင်းပါသည်။ အချစ်ရေးမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါ။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုဇွန်ဆီရောင် ဖြစ်ပါသည်။   ယတြာ - တနင်္လာနေ့ တနင်္လာထောင့်မှာ ငွေထီး ၂ လက် လှူပါ။     အင်္ဂါနေ့ လုပ်ငန်းမှာ အပြိုင်အဆိုင်ပေါ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းတာဝန်များကြောင့် စိတ်ဖိစီးမှုပေါ်မည်။ အနုပညာရှင်တစ်ဦးဖြစ်ပါက ဝေဖန်တိုက်ခိုက်မှုကို ခံရမည်။ အဝတ်အထည်သစ်ဝင်မည်။ တောင်ကုန်းတောင်တန်းဘက်သို့ ခရီးထွက်ရမည်။ မော်တော်ဆိုင်ကယ်အသစ်ဝင်မည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများမှာ အခက်အခဲပေါ်မည်။ ရွှေပျောက်၊ ရွှေထွက် တစ်မျိုးဖြစ်မည်။ မုန့်လက်ဆောင်းရပါက ‘၄’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အခက်အခဲပေါ်မည်။ ကျန်းမာရေးအနေဖြင့် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်မည်။ အချစ်ရေးညံ့၏။ ချစ်သူ၏ အထင်မှားမှုကို ခံရလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ ဆွေမျိုးဒုက္ခပေးမည်။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၅၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ လိမ္မော်ရောင် ဖြစ်ပါသည်။   ယတြာ - အင်္ဂါနေ့တွင် ဆီထမင်းငါးပွဲ နေအိမ်ဘုရားစင်မှာ ကပ်လှူပါ။     ဗုဒ္ဓဟူးနေ့ အိမ်နေရာအတွက် သတင်းကောင်းကြားရမည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ အပြိုင်အဆိုင်၊ အတိုက်အခိုက်ပေါ်မည်။ ဈေးရောင်းဈေးဝယ်ကောင်းမည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ နိုင်ငံခြားမှ ငွေရောက်မည်။ စပ်တူရှယ်ယာလုပ်ငန်းမှာ အောင်မြင်မှုသတင်းကြားရမည်။ မိသားစုအတွင်းမှာ အထင်မှားစရာကိစ္စပေါ်မည်။ နိုင်ငံရေးလှုပ်ရှားမှုများမှာ အကျိုးသက်ရောက်မှု အားနည်းနေပါသည်။ နေအိမ်သို့ ကပ်ကြေးတစ်လက် ရောက်လာပါက ‘၂’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် ရင်ညွန့်အောက်မည်။ အချစ်ရေးမှာ သာယာပါသည်။ ချစ်သူ၏ ကြင်နာမှုကို ပိုမိုရရှိလိမ့်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၇၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အစိမ်းနုရောင် ဖြစ်ပါသည်။   ယတြာ - ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ယတ်ဖြူ ၄ လက်နှင့် အောင်သပြေပန်း ၁၁ ညွန့် ကပ်လှူပါ။     ကြာသပတေးနေ့ အလုပ်သစ်အတွက် သတင်ကောင်းကြားရမည်။ ရွှေပျောက်တတ်သည်။ အနုပညာနှင့် ပတ်သက်သော လုပ်ငန်းများကို စတင်လုပ်ကိုင်ရလိမ့်မည်။ စာချုပ်စာတမ်းတစ်ခု ပြုလုပ်ရမည်။ မြေအရောင်းအဝယ်အတွက် သတင်းကောင်းကြားရမည်။ ခရီးထွက်ရမည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ လူမျိုးခြား၊ ဘာသာခြား ဒုက္ခပေးမည်။ ကြွေးကိစ္စအတွက် စိတ်ညစ်ရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ နေအိမ်သို့ ဘုရားဆင်းတုတော် ကြွမြန်းလာပါက (သို့မဟုတ်) ဘုရားကျောင်းဆောင်အသစ်ရောက်ပါက ‘၄’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးအတွက် အစီအစဉ်အသစ် ပြုလုပ်ရမည်။ ကျန်းမာရေးအနေဖြင့် ခြေထောက်နာမည်။ အချစ်ရေးမှာ သာယာပါသည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၅၊ ၆ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ နီညိုရောင် ဖြစ်ပါသည်။   ယတြာ - ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ ဇီး ၉ ညွန့်၊ သပြေ ၉ ညွန့်၊ ဂန့်ဂေါ် ၉ ညွန့် ကပ်လှူပါ။ သောကြာနေ့ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းပြောင်း၊ လုပ်ငန်းနေရာပြောင်းပေါ်မည်။ ဆိုင်ကယ်အသစ်တစ်စီးဝင်မည်။ လယ်ယာလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ချေးငွေများပြန်ဆပ်နိုင်မည်။ ဈေးရောင်းဈေးဝယ်ကောင်းမည်။ သူတစ်ပါး ရွှေ (သို့မဟုတ်) ငွေလာအပ်မည်။ လက်မခံရ။ နိုင်ငံခြားမှ သတင်းကောင်းကြားရမည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ သူခိုးခိုးခံရတတ်ပါသည်။ သတိထားပါ။ နေအိမ်သို့မျက်နှာသုတ်ပုဝါဝင်ပါက ‘၁’ အစ ‘၂’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကြိုးစားအားထုတ်မှု အားနည်းနေပါသည်။ ကျန်းမာရေးအနေဖြင့် ချောင်းဆိုးမည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ လက်ထက်မင်္ဂလာပြုရကိန်းရှိသည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၂၊ ၉ ဂဏန်းများဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အပြာရောင် ဖြစ်ပါသည်။   ယတြာ - သောကြာနေ့တွင် နေအိမ်ဘုရားစင်မှာ ကောက်ညှင်းပေါင်း ကပ်လှူပါ။     စနေနေ့ သံရုံးမှာ ဗီဇာလျှောက်ထားပါက ဗီဇာရမည်။ သို့မဟုတ် နိုင်ငံခြားမှ အလုပ်ခန့်စာရောက်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ်အတွက် စိတ်ညစ်ရမည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးပြောင်းရွှေ့ရကိန်းရှိသည်။ နိုင်ငံရေးလှုပ်ရှားမှုကြီးမှာ ပါဝင်လှုပ်ရှားရလိမ့်မည်။ မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ ဆွေမျိုးများနှင့်အမွေကိစ္စစကားပြောရလိမ့်မည်။ မော်တော်ဆိုင်ကယ်နှင့် ပတ်သက်ပြီး အရောင်းအဝယ်မှားမည်။ နေအိမ်ရှေ့မှာ ကျီးသာပါက ‘၈’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကံကောင်းပါသည်။ စာမေးပွဲဖြေပါက အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် လည်ချောင်းနာမည်။ အချစ်ရေးညံ့ပါသည်။ ချစ်သူနှင့်စိတ်ထားသဘောထား မတိုက်ဆိုင်ပဲဖြစ်နေလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်နှင့် ငွေကြေးကိစ္စကို အကြောင်းပြုပြီးစကားများရလိမ့်မည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။   ယတြာ - စနေနေ့ စနေထောင့်မှာ တံခွန်နီ ၉ လက်ကပ်လှူပါ။       Source: 1875
Saturday, 24 October 2020 07:50

လိင်တူချင်း ထိမ်းမြားလက်ထပ်ခွင့် ဥပဒေ ပြဌာန်းရေး ပုပ်ရဟန်းမင်းကြီး တောင်းဆို

လိင်တူချင်းလက်ထပ်ထိမ်းမြားသူတွေအတွက် တန်းတူညီမျှအခွင့်အရေးပေးထားတဲ့ (civil union laws) ဥပဒေ တစ်ရပ်ပြဌာန်း ပေး ဖို့