ကချင်ပြည်နယ်ထဲ ကိုဗစ်ပိုးတွေ့ရှိမှု နေ့စဉ်များလာတာနဲ့အမျှ ဖားကန့်လုံးခင်းဘက်မှာတော့ အသွားအလာကန့်သတ်မှု စည်းကမ်းတွေ ပိုတိုးချလိုက်ပြီး ပြည်သူတွေနေအိမ်ထဲမှာပဲနေကြဖို့
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု မမုံနှင့် ဖားပြင်ကျေးရွာ ကြား မက်လင်ချောင်မျောချောင်း၌ အရွယ်အစားကြီးမားသည့် ကျောက်စိမ်းရိုင်းအား အောက်တိုဘာ (၁၇) ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း နှင့် နိုင်ငံတော်ပိုင် သိမ်းဆည်းသွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ လုံးခင်း/ဖားကန့် ရတနာနယ်မြေအတွင်း ဒုတိယအကြိမ်အဖြစ် ကျောက်စိမ်းတူးဖော်ရန် လက်လုပ်လက်စား လုပ်ကွက် (၂၈၆) ကွက်အား ခွင့်ပြုချထားပေးနိုင်ရေးအတွက် အဆိုပြု လျှောက်လွှာများကို မော်ဝမ်းရပ်ကွက်ရှိ စုပေါင်းရုံးအဝင် OSS (One Stop Service) ရုံး၌ သြဂုတ် ၂၄ ရက်နေ့မှ စတင်၍ စိစစ်ရောင်းချပေးတော့မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။