ပူစီနံသုံးပြီးမျက်နှာအသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ...

ပူစီနံသုံးပြီးမျက်နှာအသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ... google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက်ပူစီနံကိုအသုံးပြုပြီး မျက်နှာအသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးချင်ပါတယ်။

 

ပူစီနံဆိုတာ ဈေးထဲမှာအလွယ်တကူဝယ်ယူနိုင်ပြီးဈေးလည်းအရမ်းများတဲ့အထဲမှာမပါတာမို့ အားလုံးပဲလိုက်လုပ်လို့ရမယ်ထင်ပါတယ်နော်။

 

 

၁။ ပူစီနံ mask

 

 

ပူစီနံရွက်ဟာ သွေးလည်ပတ်မှုကို အားကောင်းစေပြီး ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်နုပျိုကြည်လင်စေတာကြောင့် ပူစံနံအရွက်ကိုချေထောင်းပြီး မျက်လုံးအောက်နားတစ်ဝိုက်မှာ mask အနေနဲ့ကပ်ပေးပါ။

 

 

အန်တီအောက်ဆီဒင်ဓာတ်တွေကြွယ်ဝစွာပါဝင်တာဖြစ်လို့ မျက်ကွင်းညိုခြင်းနဲ့မျက်လုံးတစ်ဝိုက်အရေးအကြောင်းတွေကို လျှော့ချပေးနိုင်ပါတယ်။နှစ်ရက်ခြားတစ်ခါလောက်ပြုလုပ်ပေးမယ်ဆို သိသာတဲ့ရလာဒ်တစ်ခုကိုတွေ့မြင်ကြရမှာပါ။

 

 

၂။ ပူစီနံနဲ့ အာလူးရည်

 

 

အာလူးနဲ့ ပူစီနံကိုဖျော်စက် (blender) ထဲမှာ ရောကြိတ်ပါ။ရလာတဲ့အနှစ်ကို ပိတ်စ(သို့မဟုတ်)ရေစစ်ထဲထည့်ပြီး အရည်စစ်ပါ။ရရှိလာတဲ့ အရည်ကို မျက်နှာပြင်အနှံ့လိမ်းပေးပြီးနှိပ်နယ်ပေးပါ။

 

 

၁၅မိနစ်ကနေ မိနစ်၃၀လောက်ထိထားပြီးရင်တော့ ရေခဲရေလေးနဲ့ဆေးချပေးပါ။တစ်ပတ်တစ်ခါပုံမှန်ပြုလုပ်ပေးမယ်ဆို ချွေးပေါက်တွေကျဉ်းလာပြီးအသားအရေဝင်းမွှတ်ကြည်လင်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။

 

 

၃။ ပူစီနံနဲ့ နနွင်းမှုန့်

 

 

ပူစီနံနဲ့ နနွင်းမှုန့်တို့ကို ဖျော်စက် (blender) ထဲထည့်ပြီး ရောမွှေပါ။ရလာတဲ့အနှစ်ကို မျက်နှာပြင်အနှံ့မထူမပါးလေးသုတ်လိမ်းထားပေးပါ။ ၁၅မိနစ်လောက်ထားပြီးရင်တော့ ရေခပ်နွေးနွေးလေးနဲ့ဆေးချပေးလိုက်ရုံပါပဲ။

 

 

တစ်ပတ်တစ်ကြိမ်ပုံမှန်ပြုလုပ်ပေးမယ်ဆို နဂိုထက်ပိုမိုတင်းရင်းလာပြီးဖြူဝင်းလာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။

 

 

အားလုံးပဲသာယာလှပတဲ့နေ့ရက်တွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။

 

 

Reference: stylecraze.com

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

 

အားလံုးပဲ မဂၤလာပါရွင္။ဒီေန႔မွာေတာ့ Myanmar Wedding Guide ပရိတ္သတ္ေတြအတြက္ပူစီနံကိုအသံုးျပဳၿပီး မ်က္နွာအသားအေရထိန္းသိမ္းႏိုင္မယ့္နည္းလမ္းေလးေတြကိုေဖာ္ျပေပးခ်င္ပါတယ္။

 

ပူစီနံဆိုတာ ေစ်းထဲမွာအလြယ္တကူဝယ္ယူႏိုင္ၿပီးေစ်းလည္းအရမ္းမ်ားတဲ့အထဲမွာမပါတာမို႔ အားလံုးပဲလိုက္လုပ္လို႔ရမယ္ထင္ပါတယ္ေနာ္။

 

mask

 

၁။ ပူစီနံ mask

 

ပူစီနံ႐ြက္ဟာ ေသြးလည္ပတ္မႈကို အားေကာင္းေစၿပီး ပ်က္စီးသြားတဲ့အသားအေရကို ျပန္လည္ႏုပ်ိဳၾကည္လင္ေစတာေၾကာင့္ ပူစံနံအ႐ြက္ကိုေခ်ေထာင္းၿပီး မ်က္လုံးေအာက္နားတစ္ဝိုက္မွာ mask အေနနဲ႔ကပ္ေပးပါ။

 

အန္တီေအာက္ဆီဒင္ဓာတ္ေတြၾကြယ္ဝစြာပါဝင္တာျဖစ္လို႔ မ်က္ကြင္းညိဳျခင္းနဲ႔မ်က္လံုးတစ္ဝိုက္အေရးအေၾကာင္းေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ႏွစ္ရက္ျခားတစ္ခါေလာက္ျပဳလုပ္ေပးမယ္ဆို သိသာတဲ့ရလာဒ္တစ္ခုကိုေတြ႔ျမင္ၾကရမွာပါ။

 

mask2

 

၂။ ပူစီနံနဲ႔ အာလူးရည္

 

အာလူးနဲ႔ ပူစီနံကိုေဖ်ာ္စက္ (blender) ထဲမွာ ေရာႀကိတ္ပါ။ရလာတဲ့အႏွစ္ကို ပိတ္စ(သို႔မဟုတ္)ေရစစ္ထဲထည့္ၿပီး အရည္စစ္ပါ။ရရွိလာတဲ့ အရည္ကို မ်က္ႏွာျပင္အႏွံ႕လိမ္းေပးၿပီးႏွိပ္နယ္ေပးပါ။

 

၁၅မိနစ္ကေန မိနစ္၃၀ေလာက္ထိထားၿပီးရင္ေတာ့ ေရခဲေရေလးနဲ႔ေဆးခ်ေပးပါ။တစ္ပတ္တစ္ခါပံုမွန္ျပဳလုပ္ေပးမယ္ဆို ေခၽြးေပါက္ေတြက်ဥ္းလာၿပီးအသားအေရဝင္းမႊတ္ၾကည္လင္လာတာကိုေတြ႔ရမွာပဲျဖစ္ပါတယ္။

 

mask3

 

၃။ ပူစီနံနဲ႔ နႏြင္းမႈန္႔

 

ပူစီနံနဲ႔ နႏြင္းမႈန္႔တို႔ကို ေဖ်ာ္စက္ (blender) ထဲထည့္ၿပီး ေရာေမႊပါ။ရလာတဲ့အႏွစ္ကို မ်က္ႏွာျပင္အနွံ႔မထူမပါးေလးသုတ္လိမ္းထားေပးပါ။ ၁၅မိနစ္ေလာက္ထားၿပီးရင္ေတာ့ ေရခပ္ေႏြးေႏြးေလးနဲ႔ေဆးခ်ေပးလိုက္ရံုပါပဲ။

 

တစ္ပတ္တစ္ႀကိမ္ပုံမွန္ျပဳလုပ္ေပးမယ္ဆို နဂိုထက္ပိုမိုတင္းရင္းလာၿပီးျဖဴဝင္းလာတာကိုေတြ႔ရမွာပဲျဖစ္ပါတယ္။

 

အားလံုးပဲသာယာလွပတဲ့ေန႔ရက္ေတြကိုရရွိပိုင္ဆိုင္ႏိုင္ၾကပါေစရွင္။

 

Reference: stylecraze.com

 

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Friday, 31 January 2020 16:43
Rate this item
(0 votes)