ဆားဝက်ခြံတွေကို လျော့ပါးသက်သာစေမယ့်သဘာဝနည်းလမ်းများ…

ဆားဝက်ခြံတွေကို လျော့ပါးသက်သာစေမယ့်သဘာဝနည်းလမ်းများ… google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို ဆားဝက်ခြံလျော့ပါးသက်သာစေမယ့်နည်းလမ်းလေးတွေကိုဝေမျှပေးချင်ပါတယ်။

ဆားဝက်ခြံဆိုတာဟာ အဆီ၊အရေပြားဆဲလ်သေတွေနဲ့ဆံပင်ပေါ်က keratinအလွှာများစသည်တို့က ချွေးပေါက်များအတွင်း သို့ဝင်ရောက်ပိတ်ဆိုြ့ခင်းကြောင့် ဖြစ်ပေါ်လာသော အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။

ဆားဝက်ခြံတွေဟာ မျက်နှာပေါ်တွင်သာမက ကျောဘက်,နားရွက်နှင့် ချွေးပေါက်ရှိသောအခြားနေရာများပေါ်တွင်လဲ ဖြစ်ပေါ်နိုင်ပါတယ်။

ဒါကြောင့် ဆားဝက်ခြံတွေကို သဘာဝကုထုံးလေးတွေကုသနိုင်မယ့် နည်းလမ်းလေးတွေကို သိရဖို့ ဆောင်းပါးကိုဖတ်ကြည့်လိုက်ကြရအောင်။

(1)သံပုရာနှင့်ပျားရည်

သံပုရာရည်လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ပျားရည်လက်ဖက်စားဇွန်းသုံးဇွန်းကိုရောစပ်ပါ။

ရရှိလာတဲ့အနှစ်ကို စက်ဝိုင်းပုံစံအတိုင်း အထက်မှအောက်သို့ပင့်ပြီး မျက်နှာပြင်အနှံ့ကိုလိမ်းပေးပါ။၁၀မိနစ်ကြာထားပြီးရင်တော့ရေပြန်ဆေးပါ။

အရမ်းအဆီပြန်တတ်တဲ့အသားအရေအတွက်ပျားရည်အစားဒိန်ချဉ်သုံးနိုင်ပါတယ်။ 

(2)ကွေကာအုတ်

ကွေကာအုတ်ဟာ မျက်နှာပေါ်ကအဆီမှန်သမျှကိုတိုက်ထုတ်ပေးနိူင်တဲ့သဘာဝဆေးတစ်ခုပါပဲ။ကွေကာ၁ခွက်စာကို ပြုတ်ပြီးနောက် အအေးခံထားပါ။

ထို့နောက်ပျားရည်အနည်းငယ်ထည့်ပြီးမျက်နှာပေါ်တွင် လိမ်းပေးပါ။၁၀မိနစ်ကြာသောအခါ ရေပြန်ဆေးချပေးပါ။

တစ်ပတ်မှာနှစ်ကြိမ်လောက်ပုံမှန်ပြုလုပ်ပေးမယ်ဆို သိသာတဲ့ ရလာဒ်တစ်ခုကို ရရှိမှာပဲဖြစ်ပါတယ်။

(3)ကြက်ဥအကာ

ကြက်ဥတစ်လုံးကိုခွဲကာ အကာကိုယူပြီး အမြှုပ်ထွက်အောင်ခေါက်ပါ။ကြက်ဥအကာကို မျက်နှာပြင်အနှံ့သုတ်လိမ်းပါ။

ကြက်ဥအကာတွေခြောက်တဲ့အချိန်မှာ ကြက်သီးနွေးရေနဲ့ ဆေးချပေးပါ။

ကြက်ဥအကာဟာ အဆီတွေကိုစုပ်ယူနိူင်ပေမယ့် အသားခြောက်စေလို့ တစ်ပတ်တစ်ခါလောက်ပဲ ပြုလုပ်ပေးပါနော်။

(4)သခွားသီး(သို့မဟုတ်)အာလူး

သခွားသီးတစ်လုံး(သို့မဟုတ်)အာလူးအနေတော်တစ်လုံးကို အခွံနွှာကာ Blender ထဲထည့်မွှေပါ။

ရရှိလာတဲ့ သခွားသီးအနှစ်(သို့မဟုတ်)အာလူးအနှစ်တွေကို မျက်နှာပေါ်တွင်လိမ်းပါ။၁၀မိနစ်ထားပြီးနောက် ရေဆေးပေးပါ။

(5)ခရမ်းချဉ်သီး

အသားအရေလှပဖို့အတွက် လိုအပ်တဲ့ဗီတာမင်တွေများစွာပါဝင်တဲ့ ခရမ်းချဉ်သီးဟာ အဆီပြန်မှုကိုလည်းလျှော့ချပေးပါတယ်။

ခရမ်းချဉ်သီးကိုအကွင်းလိုက်လှီးပြီး မျက်နှာပေါ်တွင်ကပ်ပေးနိုင်သလို ခရမ်းချဉ်သီးကို အရည်ညှစ်ကာ ပျားရည်နဲ့ရောပြီး လိမ်းလို့ရပါတယ်နော်။

(8)ရှားစောင်းလက်ပတ်

အသားအရေကိုအများကြီးကောင်းကျိုးတွေပေးတဲ့ ရှားစောင်းလက်ပက်ဟာ အရေပြားပေါ်က ပိုးမွှားတွေကိုသေစေသလို အသားအရေကို ကြည်လင်တင်းရင်းစေပါတယ်။

ရှားစောင်းလက်ပတ်အနှစ်ကိုခြစ်ကာ မျက်နှာပေါ်တွင် လိမ်းပေးထားပါ။၁၅မိနစ်လောက်နေရင်တော့ ရေဆေးချပေးလို့ရပါပြီနော်။

ဒီလိုနည်းလမ်းလေးတွေနဲ့ မျက်နှာပြင်ပေါ်ကဆားဝက်ခြံတွေကို လျှော့ချကြည့်နိုင်ပါတယ်နော်။

သဘာဝနည်းလမ်းလေးတွေဖြစ်လို့ ဘေးထွက်ဆိုးကျိုးလည်းကင်းသလို ကုန်ကျစရိတ်လည်းသက်သာစေမှာပါ။

Reference: Reader’s Digest Canada.com

Gold Shops/Goldsmiths (1829) ဆိုင်များရှာရန်နှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္....

အားလုံးပဲ မဂၤလာပါရွင္။ဒီေန႔မွာေတာ့ Myanmar Wedding Guide ပရိတ္သတ္ေတြကို ဆားဝက္ၿခံေလ်ာ့ပါးသက္သာေစမယ့္နည္းလမ္းေလးေတြကိုေဝမွ်ေပးခ်င္ပါတယ္။

ဆားဝက္ၿခံဆိုတာဟာ အဆီ၊အေရျပားဆဲလ္ေသေတြနဲ႔ဆံပင္ေပၚက keratinအလႊာမ်ားစသည္တို႔က ေခြၽးေပါက္မ်ားအတြင္း သို႔ဝင္ေရာက္ပိတ္ဆိုျ့ခင္းေၾကာင့္ ျဖစ္ေပၚလာေသာ အေရျပားျပႆနာတစ္ခုျဖစ္ပါတယ္။

ဆားဝက္ၿခံေတြဟာ မ်က္ႏွာေပၚတြင္သာမက ေက်ာဘက္,နား႐ြက္ႏွင့္ ေခြၽးေပါက္ရွိေသာအျခားေနရာမ်ားေပၚတြင္လဲ ျဖစ္ေပၚႏိုင္ပါတယ္။

ဒါေၾကာင့္ ဆားဝက္ၿခံေတြကို သဘာဝကုထုံးေလးေတြကုသႏိုင္မယ့္ နည္းလမ္းေလးေတြကို သိရဖို႔ ေဆာင္းပါးကိုဖတ္ၾကည့္လိုက္ၾကရေအာင္။

(1)သံပုရာႏွင့္ပ်ားရည္

သံပုရာရည္လက္ဖက္စားဇြန္းတစ္ဇြန္းနဲ႔ ပ်ားရည္လက္ဖက္စားဇြန္းသုံးဇြန္းကိုေရာစပ္ပါ။

ရရွိလာတဲ့အႏွစ္ကို စက္ဝိုင္းပုံစံအတိုင္း အထက္မွေအာက္သို႔ပင့္ၿပီး မ်က္ႏွာျပင္အႏွံ႔ကိုလိမ္းေပးပါ။၁၀မိနစ္ၾကာထားၿပီးရင္ေတာ့ေရျပန္ေဆးပါ။

အရမ္းအဆီျပန္တတ္တဲ့အသားအေရအတြက္ပ်ားရည္အစားဒိန္ခ်ဥ္သုံးႏိုင္ပါတယ္။

(2)ေကြကာအုတ္

ေကြကာအုတ္ဟာ မ်က္ႏွာေပၚကအဆီမွန္သမွ်ကိုတိုက္ထုတ္ေပးႏိူင္တဲ့သဘာဝေဆးတစ္ခုပါပဲ။ေကြကာ၁ခြက္စာကို ျပဳတ္ၿပီးေနာက္ အေအးခံထားပါ။

ထို႔ေနာက္ပ်ားရည္အနည္းငယ္ထည့္ၿပီးမ်က္ႏွာေပၚတြင္ လိမ္းေပးပါ။၁၀မိနစ္ၾကာေသာအခါ ေရျပန္ေဆးခ်ေပးပါ။

တစ္ပတ္မွာႏွစ္ႀကိမ္ေလာက္ပုံမွန္ျပဳလုပ္ေပးမယ္ဆို သိသာတဲ့ ရလာဒ္တစ္ခုကို ရရွိမွာပဲျဖစ္ပါတယ္။

(3)ၾကက္ဥအကာ

ၾကက္ဥတစ္လုံးကိုခြဲကာ အကာကိုယူၿပီး အျမႇဳပ္ထြက္ေအာင္ေခါက္ပါ။ၾကက္ဥအကာကို မ်က္ႏွာျပင္အႏွံ႔သုတ္လိမ္းပါ။

ၾကက္ဥအကာေတြေျခာက္တဲ့အခ်ိန္မွာ ၾကက္သီးေႏြးေရနဲ႔ ေဆးခ်ေပးပါ။

ၾကက္ဥအကာဟာ အဆီေတြကိုစုပ္ယူႏိူင္ေပမယ့္ အသားေျခာက္ေစလို႔ တစ္ပတ္တစ္ခါေလာက္ပဲ ျပဳလုပ္ေပးပါေနာ္။

(4)သခြားသီး(သို႔မဟုတ္)အာလူး

သခြားသီးတစ္လုံး(သို႔မဟုတ္)အာလူးအေနေတာ္တစ္လုံးကို အခြံႏႊာကာ Blender ထဲထည့္ေမႊပါ။

ရရွိလာတဲ့ သခြားသီးအႏွစ္(သို႔မဟုတ္)အာလူးအႏွစ္ေတြကို မ်က္ႏွာေပၚတြင္လိမ္းပါ။၁၀မိနစ္ထားၿပီးေနာက္ ေရေဆးေပးပါ။

(5)ခရမ္းခ်ဥ္သီး

အသားအေရလွပဖို႔အတြက္ လိုအပ္တဲ့ဗီတာမင္ေတြမ်ားစြာပါဝင္တဲ့ ခရမ္းခ်ဥ္သီးဟာ အဆီျပန္မႈကိုလည္းေလွ်ာ့ခ်ေပးပါတယ္။

ခရမ္းခ်ဥ္သီးကိုအကြင္းလိုက္လွီးၿပီး မ်က္ႏွာေပၚတြင္ကပ္ေပးႏိုင္သလို ခရမ္းခ်ဥ္သီးကို အရည္ညႇစ္ကာ ပ်ားရည္နဲ႔ေရာၿပီး လိမ္းလို႔ရပါတယ္ေနာ္။

(8)ရွားေစာင္းလက္ပတ္

အသားအေရကိုအမ်ားႀကီးေကာင္းက်ိဳးေတြေပးတဲ့ ရွားေစာင္းလက္ပက္ဟာ အေရျပားေပၚက ပိုးမႊားေတြကိုေသေစသလို အသားအေရကို ၾကည္လင္တင္းရင္းေစပါတယ္။

ရွားေစာင္းလက္ပတ္အႏွစ္ကိုျခစ္ကာ မ်က္ႏွာေပၚတြင္ လိမ္းေပးထားပါ။၁၅မိနစ္ေလာက္ေနရင္ေတာ့ ေရေဆးခ်ေပးလို႔ရပါၿပီေနာ္။

ဒီလိုနည္းလမ္းေလးေတြနဲ႔ မ်က္ႏွာျပင္ေပၚကဆားဝက္ၿခံေတြကို ေလွ်ာ့ခ်ၾကည့္ႏိုင္ပါတယ္ေနာ္။

သဘာဝနည္းလမ္းေလးေတြျဖစ္လို႔ ေဘးထြက္ဆိုးက်ိဳးလည္းကင္းသလို ကုန္က်စရိတ္လည္းသက္သာေစမွာပါ။

Reference: Reader’s Digest Canada.com

Gold Shops/Goldsmiths (1829) ဆိုင္မ်ားရွာရန္နွိပ္ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)