သတို့သမီးလေးတို့အကြိုက် အကောင်းဆုံးဓာတ်ပုံတွေရဖို့ ဓာတ်ပုံဆရာကို ဘယ်လိုရွေးမလဲ?????????

သတို့သမီးလေးတို့အကြိုက် အကောင်းဆုံးဓာတ်ပုံတွေရဖို့ ဓာတ်ပုံဆရာကို ဘယ်လိုရွေးမလဲ?????????

တစ်သက်မှာ တစ်ခါပဲဆောင်ရတဲ့ ကိုယ့်ရဲ့မင်္ဂလာဆောင်ကို အမှတ်တရ ဖြစ်နေစေဖို့အတွက် သင့်မှာ အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံကောင်းကောင်းရှိနေဖို့လိုပါတယ်။ ဒီဓာတ်ပုံတွေက သင့်ကိုတစ်ချိန်မှာ သာယာကြည်နူးစရာကောင်းတဲ့ အမှတ်တရအဖြစ်မှာ အသေအချာပါပဲ။ ဓာတ်ပုံလေးတွေ အလှဆုံး အကောင်းဆုံးဖြစ်နေဖို့ဆိုတာ ရိုက်ကူးပေးမယ့် ဓာတ်ပုံဆရာအပေါ် အများကြီးမူတည်ပါတယ်။

 

Tips for Photographers- Getting started in Wedding Photography ...

 

 

သူ့ရဲ့ ရိုက်ကူးမှုလက်ရာတွေ အကြောင်း သိရဲ့လား?????

 


ဓာတ်ပုံဆရာတွေက တစ်ယောက်နဲ့ ဖန်တီးမှုလက်ရာတွေ မတူကြပါဘူး။ ဖန်တီးမှုလက်ရာ မတူဘူးဆိုတာ ပေးရတဲ့ ငွေပမာဏနဲ့လည်း တိုက်ရိုက်သက်ဆိုင်မှု မရှိပါဘူး။ တချို့ဓာတ်ပုံဆရာတွေက Indoor ထဲမှာ ရိုက်တာ အရမ်းကောင်းပါတယ်။ တချို့တွေကတော့ Out door ထွက်ရိုက်တာကောင်းပါတယ်။ တချို့တွေကတော့ Creation ဆန်းဆန်းလေးတွေနဲ့ ဖန်တီးပြီးရိုက်တတ်ပါတယ်။ ဒီတော့ ကိုယ်က ဓာတ်ပုံဆရာကို မရွေးချယ်ခင်မှာ သူ့ရဲ့ ရိုက်ကူးမှု လက်ရာတွေကို သိဖို့ အရေးကြီးပါတယ်။

 

Best Wedding Photographer Insurance for One-Day Events | Insureon

 

ဝန်ဆောင်မှုတွေ အကြောင်း သိရဲ့လား?????

 


ကိုယ်လိုချင်တဲ့ ဖန်တီးမှု လက်ရာတွေကို ပုံဖော်ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယူဆရတဲ့ ဓာတ်ပုံဆရာမျိုးကို ရှာတွေ့ပြီးဆိုရင် သတို့သမီးလေးတို့ အနေနဲ့ ဆက်လက်ပြီး သိထားရမှာကတော့ အဲ့ဓာတ်ပုံ ဆရာ(သို့) ဓာတ်ပုံ စတူဒီယိုက ပေးတဲ့ ဝန်ဆောင်မှုတွေ အကြောင်းပါ။ ရိုက်ကူးရေး စမလုပ်ခင် အဲ့ဒီအကြောင်းတွေကို ရှင်းရှင်းလင်းလင်း သေသေချာချာ အသေးစိတ် သိထားဖို့ လိုအပ်ပါတယ်။

 

ဆိုလိုတာကတော့ ဝန်ဆောင်မှုတွေမှာ ဝတ်စုံဘယ်နှစ်စုံ လဲလှယ်ရိုက်ကူးခွင့် ၊ နေရာ ဘယ်နှစ်နေရာ ပြောင်းရွှေ့ရိုက်ကူးခွင့် အပါအဝင် ဓာတ်ပုံ ဘယ်နှစ်ပုံရမှာလဲ ဆိုတာမျိုးတွေ ကို အသေးစိတ် သိထားဖို့ လိုအပ်သလို ။ ကိုယ့်ဘက်ကနေလည်း ဓာတ်ပုံရိုက်ခူးခ အပြင် ဘာတွေကိုထပ်ဆောင်းပေးဖို့ လိုဦးမလဲ ဆိုတာမျိုးလည်း သိထားဖို့ လိုအပ်ပါတယ်။

 

Photographer တွေကို တစ်နေရာထဲမှာရှာဖို့ ???
https://www.weddingguide.com.mm/wedding-service/media-and-planning/photographers.html

Read times Last modified on Tuesday, 07 July 2020 19:04
Rate this item
(0 votes)