ယခုနှစ်ပထမနှစ်ဝက်မှာ ကမ္ဘာ့ရွှေဝယ်လိုအားက ၈ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပြီး
ယခုလိုမြင့်တက်မှုဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးနှုန်းဖြစ်ကြောင်း ကမ္ဘာ့ရွှေကောင်စီထုတ်ပြန်ချက်အရသိရပါသည်။
ဝယ်လိုအားမြင့်တက်ရခြင်းမှာဗဟိုဘဏ်ရဲ့ရွှေဝယ်ယူမှုပိုင်း သိသိသာသာမြင့်တက်ခြင်းက အဓိကအချက်ဖြစ်ကြောင်း
ကမ္ဘာ့ရွှေကောင်စီထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကမ္ဘာ့ရွှေဈေးကပြီးခဲ့တဲ့ဇွန်လကတစ်အောင်စလျှင် $1400 အထက်ရောက်ကာ ခြောက်နှစ်အတွင်းအမြင့်ဆုံး
အတိုင်းအတာအထိတက်ခဲ့တာဖြစ်ပါတယ်။
ထို့ပြင်ပြီးခဲတဲ့ဇန်နဝါရီမှ ဇွန်လကြားကာလအတွင်းကမ္ဘာမှာရွှေဝယ်လိုအားတန်ချိန် 2182 တန်ဖြစ်ပြီး
2018 ခုနှစ်အလားတူကာလက တန်ချိန် 2021 တန်နှင့်ယှဉ်ပြီးတက်လာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဒုတိယသုံးလပတ်က ကမ္ဘာ့ရွှေဝယ်လိုအားတန်ချိန် ၁၁၂၃ တန်ချိန်ရှိခဲ့ပြီး
၂၀၁၈ ဒုတိယသုံးလပတ်က တန်ချိန် ၁၀၃၉ တန်ချိန်ရှိပြီး နှစ်နှစ်ယှဉ်ရင်တော့ ပိုပြီးတက်လာခဲ့တာတွေ့ရပါသည်။