ဂျာမနီနိုင်ငံအရှေ့ပိုင်းရှိပြတိုက်တစ်ခုအတွင်းမှ အဖိုးတန်လက်ဝတ်ရတနာများခိုးယူခံခဲ့ရကြောင်းသိရသည်။
Dresden’s Gruenes Gewoelbe (or) Green Vault ပြတိုက်မှ စိန်နှင့်ပတ္တမြားအပါအဝင် ၁၈ ရာစုအစောပိုင်းက လက်ဝတ်ရတနာသုံးစုံခန့် ခိုးယူခံခဲ့ရကြောင်းသိရသည်။
ကင်မရာမှတ်တမ်းမှ လူနှစ်ဦးသံတိုင်များကာရံထားတဲ့ပြတင်းပေါက်တစ်ခုမှဝင်လာသည်ကို မြင်တွေ့ရပြီး ဒေသံစံတော်ချိန်မနက် ၅ နာရီခန့်တွင်
သတိပေးချက်မြည်ပြီးငါးမိနစ်အကြာတွင်လုံခြုံရေးများ ရောက်လာသော်လည်း ဖောက်ထွင်းသူများလွတ်မြောက်သွားခဲ့ကြောင်းသိရသည်။
ပြတိုက်အာဏာပိုင်များရဲ့ပြောကြားချက်များအရ ယခုပျောက်ဆုံးသွားတဲ့ပစ္စည်းတွေက သိသာထင်ရှားတဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်
ဒီတိုင်းရောင်းချလို့ရမှာမဟုတ်ဘူးလို့ဆိုထားပါတယ်။
သို့သော် အရည်ကျို၊ ထုခွဲလိုက်မယ်ဆိုရင်တော့ဒီပစ္စည်းတွေရဲ့ နဂိုမူလယဉ်ကျေးမှုတန်ဖိုျးွှေပျောက်ပျက်သွားနိုင်မှာဖြစ်တယ်လို့” ပြောကြားခဲ့ပါတယ်။
ထိုယဉ်ကျေးမှုပစ္စည်းတွေရဲ့တန်ဖိုးက ဒေါ်လာ ၁.၁ ဘီလျံကျော်တန်ဖိုးရှိကြောင်းသိရသည်။
<<<Unicode>>>