<<<Unicode>>>
မြန်မာနိုင်ငံ ဗဟိုဘဏ်မှအမေရိကန်ဒေါ်လာ ၃,၀၀၀,၀၀၀ ကို ဒီဇင်ဘာလ ၃ ရက်နေ့က ဝယ်ယူခဲ့ပါတယ်။
မဝယ်ယူခင် ၂ ရက်နေ့ ဒေါ်လာဈေးမှာ ၁၅၀၆.၆ ကျပ်ရှိခဲ့ပြီး ၃ရက်နေ့တွင် ၁၅၀၄.၅ ကျပ်နှင့် ၄ ရက်နေ့တွင် ၁၅၀၀.၇ ကျပ်ရှိနေခဲ့ပါတယ်။
ယင်းသို့ဝယ်ယူပြီး ဒေါ်လာဈေးကိုထောက်ပံ့ပေးထားခြင်းအပေါ် စီးပွားရေးလုပ်ငန်းရှင်များအကြားတွင် အမြင်မတူပဲ ဝေဖန်ပြောဆိုမှုများရှိနေခဲ့ပါတယ်။