<<<Unicode>>>
ဘဏ်တွေမှာရွှေကိုအပ်နှံထားပြီး အရောင်းအဝယ်ပြန်လုပ်နိုင်တဲ့ Save Keep And Receive (SKR) စနစ်ကို
အကောင်းအထည်ဖော်သွားမယ်လို့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်ကဆိုပါတယ်။
SKR စနစ်သာအကောင်းအထည်ဖော်နိုင်မယ်ဆိုရင် နိုင်ငံခြားကုမ္ပဏီတွေကလည်း မြန်မာပြည်တွင်းကရွှေကိုဝယ်ယူပြီး
ပြည်တွင်းကဘဏ်မှာတင်အပ်နှံပြီးအရောင်းအဝယ်ကိုဆောင်ရွက်နိုင်မှာပါ။နိုင်ငံတကာမှာလည်း ရွှေကိုဘဏ်မှာအပ်နှံပြီး
အရောင်းအဝယ်လုပ်တဲ့စနစ်ကို ကျင့်သုံးလျှက်ရှိပြီး ဒီလိုလုပ်နိုင်ဖို့ဆိုရင်အစိုးရအနေနဲ့ဘဏ်စနစ်တွေကိုပြောင်းလဲပေးဖို့လိုအပ်ပါတယ်။
ရွှေကိုနိုင်ငံတကာနဲ့အရောင်းအဝယ်လုပ်မယ်ဆိုရင် ရွှေစံချိန်စံညွှန်းကိုလည်းတပြေးညီသတ်မှတ်ပေးဖို့လိုအပ်ပါတယ်။