<<<Unicode>>>
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဇင်ဘာလ ၂ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၃,၀၀၀,၀၀၀ ဝယ်ယူခဲ့ကာ ပျမ်းမျှဒေါ်လာဈေးက (၁၅၀၈.၄) ကျပ်ဖြင့်ဝယ်ယူခဲ့ပါတယ်။
ဒီဇင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့မှာတော့စုစုပေါင်းအမေရိကန်ဒေါ်လာ ၆,၀၀၀,၀၀၀ ဝယ်ယူခဲ့ပြီး ၃ ရက်နေ့တွင် ပျမ်းမျှဒေါ်လာဈေးမှာ (၁၅၀၆.၂) ကျပ်နဲ့ ၄ ရက်နေ့တွင် ပျမ်းမျှဒေါ်လာဈေးမှာ (၁၅၀၃.၉) ကျပ်ဖြင့်ဝယ်ယူခဲ့ပါတယ်။
ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့မှာထပ်မံပြီးတော့ စုစုပေါင်းအမေရိကန်ဒေါ်လာ ၃,၀၀၀,၀၀၀ ဝယ်ယူခဲ့ပြီး ပျမ်းမျှဒေါ်လာဈေးက ၅ ရက်နေ့မှာ (၁၄၉၉.၂) ကျပ်နဲ့ ၆ ရက်နေ့မှာ (၁၅၀၀.၆) ကျပ် ဖြင့်ဝယ်ယူခဲ့ပါတယ်။
၆ ရက်နေ့နောက်ပိုင်း ဝယ်ယူမှုမရှိသေးဘဲ ဒီဇင်ဘာ ၂၀ ရက်နေ့မှ အမေရိကန်ဒေါ်လာ ၃,၀၀၀,၀၀၀ ဝယ်ယူခဲ့ပြီး ပျမ်းမျှဒေါ်လာဈေးမှာ (၁၅၀၂.၃) ကျပ်ဖြင့်ဝယ်ယူခဲ့ပါတယ်။
ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာလည်း အမေရိကန်ဒေါ်လာ ၃,၀၀၀,၀၀၀ ဝယ်ယူခဲ့ပြီး ပျမ်းမျှဒေါ်လာဈေး (၁၄၉၈.၉) ကျပ်ဖြင့်ဝယ်ယူခဲ့ပါတယ်။
ဒီဇင်ဘာလတစ်လလုံးမှာ ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာစုစုပေါင်း ၁၈,၀၀၀,၀၀၀ ကိုဝယ်ယူခဲ့သော်လည်း ဒေါ်လာဈေးမှာ သိသိသာသာပြောင်းလဲသွားခြင်းမရှိကြောင်း တွေ့ရပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဗဟိုဘဏ်၏ ဒေါ်လာ ရောင်းဈေး၊ ဝယ်ဈေးများကို အောက်ပါဇယားမှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာလတစ်လလုံးမှာ ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာစုစုပေါင်း ၁၈,၀၀၀,၀၀၀ ကိုဝယ်ယူခဲ့သော်လည်း ဒေါ်လာဈေးမှာ သိသိသာသာပြောင်းလဲသွားခြင်းမရှိကြောင်း တွေ့ရပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဗဟိုဘဏ်၏ ဒေါ်လာ ရောင်းဈေး၊ ဝယ်ဈေးများကို အောက်ပါဇယားမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒီဇင်ဘာ ၂ ရက်မှ ၂၃ ရက်အတွင်း အမြင့်ဆုံးဒေါ်လာ ရောင်းဈေးမှာ (၁၅၁၅) ကျပ်နဲ့ အမြင့်ဆုံးဒေါ်လာ ဝယ်ဈေးမှာ (၁၅၀၇) ကျပ်ဖြစ်ပါတယ်။
အနိမ့်ဆုံးဒေါ်လာ ရောင်းဈေးမှာ (၁၅၀၃) ကျပ်နဲ့ အနိမ့်ဆုံးဒေါ်လာ ဝယ်ဈေးမှာ (၁၄၉၅) ကျပ်ဖြစ်ပါတယ်။