ကိုဗစ်ကြောင့် မင်္ဂလာပွဲရွှေ့ခဲ့ရသူတွေ ၁နှစ်တာဘီယာသောက်ရမယ့်အခွင့်အရေး
လက်ရှိကိုရိုနာဗိုင်းရပ်စ်ကာလတွင် လူစုလူဝေးမလုပ်ရန် နိုင်ငံတော်တော်များများက ထုတ်ပြန်ထားပြီး အဆိုပါအချိန်တွင် မင်္ဂလာဆောင်ရန်ကြိုတင်စီစဉ်ထားခဲ့သော စုံတွဲများအနေဖြင့် သူတို့၏မင်္ဂလာပွဲကို ရွှေ့ဆိုင်းခဲ့ရသည်။
သို့သော် ယခုအခါတွင်ယင်းကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မင်္ဂလာပွဲရွှေ့ဆိုင်းခဲ့ရသည့် စုံတွဲများကိုတစ်နှစ်တာ ဘီယာတိုက်မယ့်အစီအစဉ်ကို Busch beer ကစီစဉ်ခဲ့သည်။
Busch beer ၏ဖော်ပြမှုတွင် စုံတွဲများအနေဖြင့် Facebook ၊ Twitter နှင့် Instagram တို့တွင် စုံတွဲပုံတင်၍ မင်္ဂလာပွဲ မည်သို့မည်ပုံရွှေ့ဆိုင်းခဲ့ရသည်ကို ရှင်းပြရမည်ဖြစ်ပြီး ပို့စ်တွင်လည်
း #BuschWeddingGift and #Sweepstakes ဟု hashtag sign များဖြင့် ဖော်ပြပေးရမည်ဖြစ်သည်။ ယခုလိုလုပ်ဆောင်မှုအတွက် မေလ ၁ရက်နေ့ည ၁၁နာရီ ၅၉ မိနစ်တွင် ပြုလပ်ရမည်ဖြစ်ပြီး စုံတွဲများအနေဖြင့်
အသက် ၂၁ နှစ်အထက်ဖြစ်ရမည်လည်းဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ Busch Beer ၏ လူမှုကွန်ယက်ပလက်ဖောင်းများကို follow လုပ်ထားရမည်ဖြစ်ပြီး ပို့စ်ကို public ဖြင့်တင်ပေးရမည်ဖြစ်သည်။
Busch အနေဖြင့် စည်းကမ်းချက်နှင့်ကိုက်ညီသော စုံတွဲများထဲမှ စုံတွဲ ၂၅၀ ကို ရွေးချယ်ပြီး ၁ နှစ်တာ ဘီယာသောက်ခွင့်ချီးမြှင့်ပေးသားမည်ဖြစ်သည်။
Zawgyi