ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းပြိုကျမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်မှူးကပြောကြားခဲ့ပါသည်။
" ၁၄ရက်နေ့ ညပိုင်းက ပြိုကျတယ်လို့တော့သတင်းဝင်တယ်၊ ၃ဦးသေတယ်၊ ကျား(၃)ဦး၊ အသေးစိတ်တော့ မသိသေးဘူး"ဟု ၎င်းက ဆိုသည်။
ရတနာအဓိပတိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ၏ လုပ်ကွက်ဟောင်းနေရာရှိ ကမ်းပါးသည် ဒီဇင်ဘာ ၁၄ ရက် ည ၁၀နာရီကျော်၌ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၃ဦး မြေပိသေဆုံးခဲ့ပြီး ၂ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် သင်္ခါ လူမှုကူညီရေးအသင်းထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား ဖားကန့်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Source: Xinhua