တိုရွန်တိုလေဆိပ်မှ ဒေါ်လာ ၁၅ သန်းကျော်ဖိုး ရွှေနှင့် အခြား အဖိုးတန်ပစ္စည်းများ ပါသည့် ကွန်တိန်နာ အခိုးခံရ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကနေဒါနိုင်ငံ တိုရွန်တိုမြို့ Pearson International Airport မှ ဒေါ်လာ ၁၅ သန်းကျော် ရွှေနှင့် အခြား အဖိုးတန်ပစ္စည်းများ ပါသည့် လေကြောင်းကုန်စည် ကွန်တိန်နာတစ်ခု ပျောက်ဆုံးသွားသဖြင့် စုံစမ်းရှာဖွေနေသည်ဟု CNN က သတင်းဖော်ပြသည်။
.
လေယာဉ်ပေါ်မှ ကွန်တိန်နာကို ချပြိးနောက် လုပ်နေကျ ပုံမှန်လုပ်ထုံးလုပ်နည်းများအတိုင်း သိုလှောင်ရုံသို့ ပို့ဆောင်ခဲ့သည်ဟု Peel ဒေသရဲတပ်ဖွဲ့မှ Stephen Duivesteyn က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
၎င်းကွန်တိန်နာကို တရားမဝင်သော နည်းလမ်းဖြင့် ခိုးထုတ်ယူသွားခဲ့ကြောင်း ၎င်းက ပြောကြားသည်။
၎င်းကွန်တိန်နာကို သယ်ယူလာလေကြောင်းလိုင်း အမည်၊ ၎င်းကွန်တိန်နာ ပိုင်ရှင်အမည်၊ လုံခြုံရေးကင်မရာ မှတ်တမ်း ရှိမရှိ စသည့် အသေးစိတ် အချက်အလက်များကို ရဲတပ်ဖွဲ့က ပြောကြားခြင်း မပြုပါ။
.
“ကျွန်တော်ပြောနိုင်တာက ကွန်တိန်နာမှာ တန်ဖိုးကြီးတဲ့ ရွှေများ ပါ၀င်ပေမယ့် ရွှေတွေချည်းပဲ မဟုတ်ဘဲ အခြားငွေကြေးတန်ဖိုးရှိတဲ့ ပစ္စည်းတွေလည်း ပါ၀င်ပါတယ်၊” ဟု Duivesteyn က ပြောကြားသည်။
ကာလပေါက်ဈေးအရ ၎င်းကွန်တိန်နာမှ ကုန်စည်များ စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၁၅ သန်း (ကနေဒါဒေါ်လာ သန်း ၂၀) ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။
တနင်္လာနေ့တွင် ဖြစ်ပွားခဲ့ပြီး ကြာသပတေးနေ့တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့သည်။
ကွန်တိန်နာ အရွယ်အစားမှာ ၅ သို့မဟုတ် ၆ စတုရန်းပေ အရွယ်အစားဟု ဖော်ပြသည်။
Source cnn
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U