၁။ တနင်္ဂနွေ => ပတ္တမြား သို့မဟုတ် ကျောက်နီ
၂။ တနင်္လာ => ပုလဲ
၃။ အင်္ဂါ => သန္တာ
၎။ ဗုဒ္ဓဟူး => မြ သို့မဟုတ် မြရည်ဝင်သောကျောက်စိမ်း၊ ပြောင်ခေါင်းစိမ်း
၅။ ကြာသပတေး => ဥဿဖရား
၆။ သောကြာ => စိန်
၇။ စနေ => နီလာ
၈။ ရာဟု => ဂေါ်မိတ်
ဖော်ပြပါ ကျောက်မျက်များ၏ဂုဏ်သတ္တိများကိုလည်း သန်းဝင်းလှိုင်၏ (အဖိုးအနဂ္ဂထိုက်သော မြန်မာ့ကျောက်မျက်ရတနာများ) စာအုပ်မှ ကူးယူဖော်ပြပါတယ်။
ပတ္တမြား
ဘေးရန်အမျိုးမျိုးကို ကာကွယ်နိုင်သည်။ စီးပွားတိုးတတ်သည်။
မြ
ကိုယ်စိတ်နှစ်ပါးအေးချမ်းသာယာသည်။ ဘေးဘယာများကိုကုစားနိုင်သည်။
ပုလဲ
ကျက်သရေရှိပါသည်။ သွေးလေချောက်ချားစိတ်နှလုံးပျက်ပြားနေသူများကိုကုစားနိုင်သည်။
သန္တာ
စုန်းပယောဂများကို ကာကွယ်နိုင်သည်။
စိန်
ပျော်ရွှင်ချမ်းမြေ့၍ လာဘ်လာဘရွှင်စေနိုင်သည်။ ဂုဏ်ရှိသည်။
ကျောက်စိမ်း
မင်္ဂလာရှိ၍ ကြောက်ရွံ့ထိတ်လန့်ခြင်းကို ကာကွယ်နိုင်သည်။
နီလာ
လေနှင့်သည်းခြေကိုနိုင်သည်။ ၄င်းကိုဆောင်ထားခြင်းဖြင့် စနေဂြိုလ်ဖမ်းစားခြင်းမှလွတ်ကင်း၏။
ဥဿဖရား
အဆိပ်နာ၊ ပျို့အန်နာ၊ သလိပ်နာ၊ လေနာ၊ နူနာ တို့ကို နိုင်သည်။ ဝမ်းမီးကိုတောက်စေတတ်၏၊ အစာကိုကြေစေတတ်၏။
ဂေါ်မိတ်
အသိဥာဏ်ကိုထွန်းတောက်စေတတ်၏။မကောင်းသောဘေးရန်တို့မှ လွတ်ကင်း၏။
ချစ်သောမိတ်ဆွေများအားလုံး ဗဟုသုတ အဖြာဖြာ တိုးပွားကြပါစေ။
Credit : Zwe Htet Gold & Jewellery Channel-1