မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကျောက်စိမ်းထွက်ရှိရာဒေသများကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဖားကန့်ကျောက်စိမ်းတွင်းဒေသ
ဒီဖားကန်းကျောက်စိမ်းတွင်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကားမိုင်းမြို့နယ်တွင်တည်ရှိပါသည်။
မြစ်ကြီးနားမြို့မှ (၁၀၇) မိုင်ကျော်ကွာဝေးပြီး မိုးကောင်းမြို့မှအနောက်ဘက် (၆၇) မိုင်ခန့်အကွာတွင်တည်ရှိကြောင်းသိရပါတယ်။
(၂) မော်လူး- မော်ဟန်ကျောက်စိမ်းတွင်းဒေသ
မော်လူးမြို့သည် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင်တည်ရှိပါသည်။ မန္တလေးမှ မိုင် (၂၂၀) ခန့်ကွာဝေးပါသည်။
ကွေ့ကြီး -လုံးတော်ကျောက်စိမ်းမှော်သည် မော်လူးဘူတာမှ အနောက်မြောက်ဘက်( ၄) မိုင်ခန့်အကွာတွင်တည်ရှိသည်။
သူရောင်းမှော်သည် မှော်လူးမှ အနောက်ဘက် (၃) မိုင်ခန့်အကွာတွင်လည်းကောင်း ၊ အုတ်ရှစ်ကုန်းမှော်သည် မော်လူးမှ
အနောက်တောင်ဘက် (၈) မိုင်ခန့်အကွာတွင်တည်ရှိသည်။
မော်ဟန်မြို့သည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းတွင်တည်ရှိသည်။ မန္တလေးမှ မိုင်(၂၄၀) ခန့်ကွာဝေး၍ မီးရထားဖြင့်
သွားလာနိုင်သည်။ ကျောက်စိမ်းထွက်သောနေရာသည် တောတောင်ထူထပ်သောဒေသဖြစ်၍ မော်ဟန်မြို့မှ အနောက်မြောက်
(၁၀) မိုင်ခန့်အထိကွာဝေးပါသည်။
(၃) ခန္တီးကျောက်စိမ်းတွင်းဒေသ
ကျောက်စိမ်းထွက်သော ခန္တီး-နန်စီဘွန်ဒေသသည် ခန္တီးမြို့မှ အရှေ့တောင်ဘက် (၃၅) မိုင်ခန့်ကွာဝေးသောနေရာတွင်ရှိပါသည်။
Source: မြန်မာ့ကျောက်စိမ်း