Gold & Jewellery ပရိတ်သတ်ကြီးကို ဥဿဖယား ကျောက် အကြောင်းလေးကို မျှဝေပေးချင်ပါတယ်နော်။
ဥဿဖယားကျောက် ( ခေါ်) Topaz ကျောက်မျက်လေးဟာ နဝရတ်(၉) ပါး စာရင်းဝင်ကျောက်လေးတစ်မျိုး ဖြစ်ပါတယ်။ ဓာတုဖွဲ့စည်းမှုမှာ ဖလူအို ဆီလီကိတ်ဖြစ်ပြီး အလူမီနီယံ ဓာတ်စင်ရောနှောပါဝင်သည်။ ပုံဆောင်စနစ်မှာ ရွမ်းဘတ်စနစ်ဖြစ်ပြီး မာဆင့် ၈ ရှိသည်။ ရောင်လက်မှာ ဖန်ရောင်လက်ဖြစ်၍ သိပ်သည်းဆ ၃.၅၃ မှ ၃.၅၆ ထိရှိပါသည်။ အရောင်ကွဲမြောက်များစွာရှိတတ်ပါသည်။
ကျောက်မျက်အရောင်းအဝယ်လောကတွင် ညိုဝါရောင် ဥဿဖယားသည် လူကြိုက်များ ဖြစ်ပါတယ်။ ထို့ပြင် အရောင်မရှိတဲ့ ဥဿဖယားကျောက်လည်းရှိသလို အပြာနုရောင် ဥဿဖယားများလည်း များစွာ တွေ့ရှိရပါတယ်။ အပြာနုရောင် ဥဿဖယားများကိုတော့ ရောင်ခြည်ဖြင့်ပြုပြင်ထားခြင်းဖြစ်ပါတယ်။ ပြုပြင်ထားတဲ့ ဥဿဖယားများကို သာမာန်ကျောက်မျက်စစ်ကိရိယာများဖြင့် စစ်ဆေးရုံမျှဖြင့် မူလအရောင်ကို မသိနိုင်ပါဘူး။
ဥဿဖယားကို ကျောက်တွင်းတွေမှာ အလွန်ပေါများစွာတွေ့ရှိရတဲ့ ကျောက်မျိုးဖြစ်ပြီး သန့်စင်ပြီး အရွယ်အစားအထူးကြီးမာတဲ့ ဥဿဖယားများကိုလည်း တွေ့ရတတ်ပါတယ်။ ဥဿဖယားကို ပေါ့ဆစွာကိုင်တွယ်ပါက အလွယ်တကူကွဲအက်သွားနိုင်သည့်အတွက် သတိထားကိုင်တွယ်ရလေ့ရှိပါတယ်။
ဂုဏ်သတ္တိများ
ဥဿဖယားကို ဆင်မြန်းခြင်းဖြင့်
- ကျန်းမာစေခြင်း၊
- မူးဝေခြင်းကို ကုသပေးနိုင်ခြင်း၊
- ကံကောင်းလင်းလက်စေခြင်း၊
- ဖြူစင်သန့်ရှင်းစေခြင်း၊
- အိမ်မက်လှလှမက်စေခြင်း စသောအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပြီး ကြာသပတေး သားသမီးတွေအတွက် အဆောင်ကျောက်မျက်ရတနာလေးပဲ ဖြစ်ပါတယ်။
ထွက်ရှိရာဒေသ
အဓိကအားဖြင့် ဘရာဇီးနိုင်ငံသည် ဥဿဖယားများကို ဦးဆောင်ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ၊ ဩစတြေးလျ ၊ မက္ကဆီကို ၊ ယူနိုက်တက်ကင်းဒမ်း နှင့် မြန်မာ နိုင်ငံတို့တွင်လည်း အတော်အတန်ထွက်ရှိပါတယ်။
Source: Wikipedia