ရွှေဆိုတာက တော့ လူတိုင်းနဲ့ ရင်းနှီးနေပြီးသားဖြစ်တဲ့ လူသိအများဆုံး တွင်းထွက်ရတနာလို့ ပြောရင်မှားမယ် မထင်ပါဘူး။ ရွှေဟာဆိုရင် တောက်ပ လွန်းတဲ့ ရွှေဝါရောင်အ ရောင်အ သွေးနဲ့ ပြည့်စုံနေတာကြောင့် လူကြိုက် များရခြင်းပဲဖြစ်ပါတယ်။
ရွှေရဲ့ ဓာတုသ င်္ကေတဖြစ်တဲ့ `Au´က တော့ လက်တင်ဘာသာစကား `aurum´က နေ ဆင်းသက်လာတာ ဖြစ်ပြီး `နေ တောက်ပချိန်´လို့ အဓိပ္ပါယ်ရတာ ဖြစ်ပါတယ်။ `Gold´ဆိုတဲ့ ရွှေရဲ့အင်္ဂလိပ်ဝေါဟာရက တော့ ဂျာမန် ဘာသာစကားက နေ ဆင်းသက်လာတယ်လို့ သိရပြီး `အဝါရောင်´လို့ ညွှန်းဆိုထားကြောင်းသိရပါတယ်။
ရွှေဆိုတာက တော့ ဓာတုသဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ဒြပ်စင်တစ်ခုပင်ဖြစ်ပြီး အဝါရောင်တောက်ပတဲ့ သတ္ထု ဖြစ်တဲ့အတွက် အလွယ်တကူပင် သိနိုင်မှာပဲဖြစ်ပါတယ်။
ရွှေဟာ သူ့ရဲ့ရှားပါးမှု၊ တိုက်စားမှုကိုခံနိုင်ရည်ရှိမှု၊ လျှပ်ကူးနိုင်မှု၊ အလွယ်တကူပုံသွင်းနိုင်မှုအပြင် သူ့ရဲ့လှပတဲ့ရွှေရောင်ရှိမှုကြောင့် အလွန်ပင် အဖိုးတန်တဲ့ သတ္ထုပဲဖြစ်ပါတယ်။ရွှေကို ဘယ်လိုနေရာတွေကနေရနိုင်ပါသလဲဆိုရင်တော့ မိုင်းတွင်းတွေကနေ ဒါမှမဟုတ် စမ်းချောင်းတွေက နေ ရွှေကျင်ခြင်းက နေ ရရှိနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း တကယ်စင်စစ်ရွှေထွက်ရှိတဲ့ မူလအရင်းအမြစ်က တော့ ကမ္ဘာမြေကြီးပဲဖြစ်တယ်ဆိုတာ မလွဲဧကန်ပဲဖြစ်ပါတယ်။
ကမ္ဘာပေါ်က ရွှေတွေဟာဆိုရင် ကောင်းကင်ပေါ်ကကြယ်တွေကြွေလာတဲ့အခါ ဖြစ်ပေါ်လာတဲ့အစိုင်အခဲတွေက ထွက်ပေါ်လာတယ်ဆိုတာကို ယုံကြပါသလား? ကမ္ဘာကြီး ဖြစ်ပေါ်လာပြီးနောက်မှာ လေးလံတဲ့ သတ္ထုတွေ ဖြစ်ကြတဲ့ iron(သံ)နဲ့ gold(ရွှေ)တို့ဟာ ကမ္ဘာ့မြေကြီးရဲ့အတွင်းဗဟိုဒေသကို စိမ့်ဝင်သွားကြပါတယ်။ တကယ်လို့ ဒီလိုအဖြစ်အပျက်မျိုးသာ မရှိခဲ့ပြီးဆိုရင် ရွှေဆိုတာ ကမ္ဘာပေါ်က အစိုင်အခဲတွေထဲမှာ ထွက်ပေါ်ခြင်း ရှိလာမှာ မဟုတ်ပါဘူး။
လွန်လေပြီးသော နှစ်ပေါင်းသန်းလေးထောင်လောက်က ကမ္ဘာ့ကြီးဟာ asteroid(အဲ့စ်တရွိုက်ဒ်=အင်္ဂါဂြိုဟ်နှင့် ဂျူပီတာကြား လမ်းကြောင်းမှ နေကိုပတ်နေသော ဂြိုဟ်ငယ်တစ်ခု) ရဲ့သက်ရောက်မှုတွေနဲ့ ထိုးနှက်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီ့သက်ရောက်မှုတွေဟာ ကမ္ဘာ့မြေကြီးရဲ့ နက်ရှိုင်းတဲ့အလွှာတွေကိုလှုံ့ဆော်ပေးခဲ့တာကြောင့် ရွှေအချို့ကို ကမ္ဘာ့မြေကြီးရဲ့ အ ပေါ်ဆုံးအလွှာနဲ့ အလယ်ဗဟိုကြားနေရာရှိအလွှာတွေဆီ ရောက်ရှိစေခဲ့တာ ဖြစ်ပါတယ်။
အချို့သောရွှေများကိုတော့ ကျောက်ရိုင်း သတ္ထုရိုင်းများနဲ့အတူပင်တွေ့ရှိရတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ရွှေကိုစင်ကြယ်သောဇာတိရှိတဲ့ဒြပ်စင်အဖြစ်တွေ့ရှိရတာဖြစ်ပါတယ်။ ရွှေဟာတိုက်စားမှုကိုခံနိုင်ရည်ရှိတဲ့ တစ်ခုတည်းသောသတ္ထုပဲဖြစ်ပါတယ်။ ဒါ့အပြင်ရွှေဟာ အ လေးချိန်များတာကြောင့် သူ့ကိုဆိုရင် စမ်းချောင်းတွေရဲ့ အောက်ခြေတွေမှာသာမက ပင်လယ်တွေနဲ့နုန်းမြေဖြစ်ပေါ်ရာနေရာတွေမှာ တွေ့ရှိနိုင်တာဖြစ်ပါတယ်။
ငလျှင်လှုပ်ခြင်းကလည်း အလားတူရွှေများကိုထွက်ပေါ်လာစေပါတယ်။ ဘာလို့လဲဆိုတော့ ငလျင်လှုပ်ခြင်းဟာ ဓာတ်သတ္ထုကြွယ်ဝတဲ့ရေကို ဖိနှိပ်ထားရာက နေ လျင်မြန်စွာ လွှတ်လိုက်ရတာကြောင့် ရေဟာ အ ငွေ့ ပျံ သွားတဲ့အခါ ရွှေပါဝင်တဲ့အလွှာများဟာ ကျောက်မျက်နှာပြင်များပေါ် ရောက်ရှိလာတာဖြစ်ပါတယ်။ မီးတောင်များ အတွင်း၌လည်း အလားတူဖြစ်စဉ်ကိုတွေ့ရှိရတာဖြစ်ပါတယ်။
ရွှေဟာဆိုရင် သတ္ထုအားလုံးထဲမှာ သိပ်သည်းမှုအများဆုံးဂုဏ်သတ္တိရှိတာဖြစ်ပါတယ်။ ဒါ့အပြင်ရွှေဟာ အပူနဲ့ လျှပ်ကူးမှုတွေကို တုံ့ပြန်နိုင်စွမ်းလည်းရှိတာဖြစ်ပါတယ်။ အဖိုးတန်ရွှေဟာ ပျော့ပြောင်းမှုရှိတာကြောင့် တခြားသတ္ထုများထက် ကွေးနိုင်ဆံ့နိုင်စွမ်းအား ပိုမိုကာအများကြီးသာလွန်နေတာဖြစ်ပါတယ်။ ရွှေတစ်အောင်စ(၂၈ ဂရမ်ခန့်)ဟာ ၁၈၇ စတုရန်းပေရှိတဲ့ ရွှေပြားဖြစ်အောင် ဖန်တီးယူ၍ရတာဖြစ်ပါတယ်။
ရွှေဆိုတဲ့ ဒြပ်ထုဟာ မြင်သူတကာကို ဆွဲဆောင်နိုင်စွမ်းအားရှိပြီး သူ့ကို အသုံးပြုပြီးပုံဖော်ရတာလည်းလွယ်ကူတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ရွှေတွေဟာ အရောင်တောက်ပမှုလျော့ပါးသွားခြင်းမရှိသလို တိုက်စားခြင်းဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။
ဒါ့အပြင်ရွှေရဲ့ သူမတူထူးခြားတဲ့ အရည်အ သွေးတွေကြောင့်ပင် ရွှေဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းရောင်းဝယ်ခြင်းတွေအပြင် ငွေကြေးရောင်းဝယ်မှုတွေမှာလည်း သုံးစွဲနေကြတာဖြစ်ပါတယ်။ ရွှေကို ဒင်္ဂါးပြားအဖြစ်ထုတ်လုပ်ပြီးတော့လည်း ငွေကြေးအစားအသုံးပြုကြတာတွေလည်းရှိတာဖြစ်ပါတယ်။ ၁၉ရာစုလောက်မှာ ရွှေတွေဟာ ငွေစက္ကူတွေအစားအသုံးပြုခြင်းတွေ စတင်လာတာဖြစ်ပါတယ်။ ၁၈၇၀ခုနှစ် ပထမကမ္ဘာစစ် မတိုင်ခင်ကလည်း ရွှေဟာ ကမ္ဘာလုံးဆိုင်ရာ ငွေ ကြေးအဖြစ်နဲ့ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။
1970 ခုနှစ်ရောက်လာတဲ့အခါမှာတော့ ရွှေကို နိုင်ငံတကာငွေကြေးအရအသုံးပြုခြင်းတွေ ရပ်ဆိုင်းခဲ့တာဖြစ်ပါ တယ်။ သို့ ပေမယ့်လည်း တစ်ကမ္ဘာလုံးမှာရှိတဲ့ရွှေတွေရဲ့ ၄၅ရာခိုင်နှုန်းဟာ အစိုးရနဲ့ ဗဟိုဘဏ်တွေက နေပြီး တော့ ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ရွှေကို အခုအချိန်ထိလည်း နိုင်ငံတကာငွေ ကြေးတွေ ပေးချေရာမှာ ကြားခံအဖြစ်လည်း အသုံးပြုနေကြ သေးတာပဲဖြစ်ပါတယ်။
မီးသင့်ကျောက်တွေရဲ့ အများစုဟာ ရွှေလိုမျိုး အဖိုးတန်သတ္ထုတွေဖြစ်ပေါ်လာခြင်းရှိနေနိုင်တာဖြစ်ပါတယ်။ ကြေးနီနဲ့ခဲသတ္ထုတွေရဲ့ စုစည်းမှုက နေလည်း ရွှေဟာ အနည်းအကျဉ်းဖြစ်ပေါ်လာနိုင်ပါတယ်။ စမ်းချောင်းတွေရဲ့ အောက်ခြေကနေပြီးတော့လည်း ရွှေကိုရှာဖွေတွေ့ရှိနိုင်ခဲ့တာဟာ အီဂျစ်နဲ့ မီဆိုပိုတေးမီးယား ခေတ်တွေကတည်းကပင်ဖြစ်ပါတယ်။ တချို့သော ရွှေအပိုင်းအစတွေကိုလည်း တူရကီ၊ အီရန်၊ အိန္ဒိယ၊ တရုတ်နဲ့အခြားကုန်းမြေပြင်တွေမှာလည်းတွေ့ရှိနိုင်တာဖြစ်ပါတယ်။ ခေတ်ကာလအလယ်ပိုင်းလောက်က တော့ ရွှေရဲ့အဓိကအရင်းအမြစ်ဟာ ဥ ရောပမှာရှိတဲ့ သြစတျေးလျနဲ့ ဂျာမနီကမိုင်းတွင်းတွေက နေ ရရှိတာ ဖြစ်ပါတယ်။
ရွှေထုတ်လုပ်ခြင်းတွေရဲ့အစဟာ စပိန်လူမျိုးတွေ အ မေရိကကို ၁၉၄၀ ဝန်းကျင်ခန့်မှာ ရှာဖွေ တွေ့ရှိခြင်းက နေမှ တဖြည်းဖြည်းကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။ ခရစ်တိုဖာ အိုလန်ပက် (Christopher Olymbus)ဟာ အမေရိကကို 1492မှာစတင်တွေ့ရှိခဲ့ရာ 225,000ဂရမ်(၈သန်းအောင်စ)ရှိတဲ့ရွှေတွေဟာ တောင်အ မေရိကက နေ ထွက်ရှိလာတာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ရွှေတွေရဲ့ အတိုင်းအတာ၃၅ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်မှှု တွေ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ၁၈ ရာစု လောက်တုန်းက တော့ ကိုလမ်ဘီယာ မှာရှိတဲ့ င်းတွင်းတွေက နေ ၄၈သန်းအောင်စ(၁၃၅,၀၀၀ဂရမ်)လောက်ရှိတဲ့ရွှေတွေရှာဖွေတွေ့ရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ရွှေတွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
၁၈၂၃ မှာတော့ ရုရှားနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ရွှေထုတ်လုပ်မှုတွေမှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါ တယ်။ 20ရာစုရောက်တဲ့အခါမှာတော့ တောင်အာဖရိက၊ ရုရှား၊ အမေရိကန်နဲ့သြစ တြေးလျတို့ဟာ ကမ္ဘာ့ရွှေရဲ့ သုံးပုံနှစ်ပုံ လောက်ကို ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ 21ရာစုအစောပိုင်းမှာတော့ တရုတ်နိုင်ငံဟာ ကမ္ဘာ့ရွှေလောကကို ဦးဆောင်နိုင်ခဲ့ပြန်တာပဲဖြစ်ပါတယ်။ အဲ့အချိန်တွေမှာလည်း ယခင်လေးနိုင်ငံစလုံးကလည်း ရွှေထုတ်လုပ်မှုတွေများစွာရှိနေ သေးတာဖြစ်ပါတယ်။
ရွှေချည်းပဲဆိုပါက ပျော့ပြောင်းနိုင်စွမ်းများတာကြောင့် တခြားတွင်းထွက်သတ္ထုတွေနဲ့သတ္ထုစပ်ယှက်မှုတွေပြု လုပ်ခြင်းအားဖြင့် ပိုမိုမာကျောလာစေအောင် ပြုပြင်လေ့ရှိတာဖြစ်ပါတယ်။ ရွှေဟာ လက်ဝတ်ရတနာလောကမှာ မပါမပြီးကို ဦးဆောင်နိုင်စွမ်းလည်းရှိတာဖြစ်ပါတယ်။ ဒါတွေက တော့ရွှေရဲ့ အကြောင်း တ စေ့ တ စောင်းပဲ ဖြစ်ပါတယ် ။ ကျောက်စိမ်းpageက စာဖတ်သူတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပြောကြားအပ်ပါတယ်။
Source: KyaykSein