Gold & Jewellery ပရိသတ်ကြီးကို မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ တန်ဖိုးကြီးတဲ့ စိန်ကောင်းတစ်ပွင့် ဖြစ်လာဖို့ သတ်မှတ်ထားတဲ့ စိန်သွေးနည်းတွေနဲ့ သွေးထားတဲ့ ပုံစံပေါ်မူတည်ပြီး အလင်းတန်းဖြာထွက်လာပုံတွေကို ဖော်ပြပေးသွားမှာပါ။
စိန်ကိုသွေးခြင်းသည် စိန်၏ပုံသဏ္ဍာန်ကို ကိုယ်စားမပြုပေ။ သို့သော် အချိုးအစားနှင့် တာပလာကွက် ပေါ်လွင်မှုတို့အပေါ်တွင် မူတည်သည်။ စိန်သွေးသူ၏ အရည်အသွေးအလိုက် စိန်၏တန်ဖိုးတက်လာမည်။
စိန်သွေးမှုအရေးပါခြင်းသည် ယင်းစိန်မည်မျှအရောင်ဖြာထွက်သည်နှင့် စိန်၏ထိပ်ဖူးမှ မည်မျှ အလင်းပြန်သည်ကို ပေါ်လွင်စေခြင်းပင်ဖြစ်သည်။ အကယ်၍ စိန်ကို ကောင်းမွန်စွာသွေးခဲ့ပါက စိန်မှဖြာထွက် လာသော အလင်းရောင်သည် စိန်၏ အရွယ်အစားကို ကြီးမားသည်ဟု ထင်စေသည်။ ညံ့ဖျင်းသော စိန်သွေးမှုကြောင့် စိန်၏ အခြေသည် စိန်၏အရွယ်အစားထက် ပိုမိုကြီးမားလာ သယောင်ရှိသွားသည်။ ယင်းသို့ဖြစ်ရခြင်းမှာ အလင်းပြန်မှုများကြောင့်ဖြစ်သည်။
Diamond Cut – စိန်သွေးပုံအမျိုးမျိုး
Deep Cut Stone - အနက်သွေး
Poor Quality (အရည်အသွေးညံ့) - Allows light to escape through the sides and bottom of the stone.
စိန်၏အခြေနှင့် ဘေးဘက်များသို့အလင်းရောင်ဖြတ်သန်းသွားသည်။
Fair Quality (အရည်အသွေး အသင့်အတင့်) - Allows some light to escape through the sides and bottom of the stone.
အချို့အလင်းတန်းများသာလျှင် စိန်၏အခြေနှင့် ဘေးဘက်များသို့အလင်းရောင်ဖြတ်သန်းသွားသည်။
Good Quality (အရည်အသွေးကောင်း) - Allows a small amount of light to leak out the sides of the stone.
စိန်၏ ဘေးဘက်သို့သာလျှင် အလင်းတန်းအနည်းငယ်ဖြတ်သန်းသွားပြီး မျက်နှာပြင်မှ အလင်းတန်း ဖြာထွက်နေသည်။
Very Good Quality (အရည်အသွေးအလွန်ကောင်း) - Very good light reflection, brilliance and fire.
မီးအလင်းရောင်ကဲ့သို့ စိန်မှအလင်းရောင်များဖြာထွက်နေသည်။
Ideal Cut Stone - စံသွေးမှု
Excellent Quality (အထူးအရည်အသွေးကောင်း) - Maximum amount of light reflection, brilliance and fire.
စိန်၏ မျက်နှာပြင်မှ အလင်းတန်းအများအပြားဖြာထွက်နေသည်။
Very Good Quality (အရည်အသွေးအလွန်ကောင်း) - Very good light reflection, brilliance and fire.
မီးအလင်းရောင်ကဲ့သို့ စိန်မှအလင်းရောင်များဖြာထွက်နေသည်။
Good Quality (အရည်အသွေးကောင်း) - Allows a small amount of light to leak out the sides of the stone.
စိန်၏ ဘေးဘက်သို့သာလျှင် အလင်းတန်းအနည်းငယ်ဖြတ်သန်းသွားပြီး မျက်နှာပြင်မှ အလင်းတန်း ဖြာထွက်နေသည်။
Shallow Cut Stone - အတိမ်သွေး
Fair Quality (အရည်အသွေး အသင့်အတင့်) - Allows light to escape through the bottom of the stone, effecting its fire and brilliance.
စိန်၏ အောက်ခြေမှသာလျှင် အလင်းတန်းများဖြာထွက်နေသည်။
Poor Quality (အရည်အသွေးညံ့) - Allows much of the light to escape through the bottom of the stone, minimizing brilliance and fire.
စိန်၏ အောက်ခြေမှသာလျှင် အလင်းတန်းများဖြာထွက်နေသည်။