သင့်ချစ်သူဟာ သင့်ထက်အသက်ကြီးတဲ့မမ တစ်ယောက်ဖြစ်နေပါလား။ ဒါဆိုရင်တော့ သင်ကံကောင်းတယ်လို့မှတ်ယူလိုက်ပါ။
မမတွေဟာ အလိုလိုက်ကြပါတယ်။ သူငယ်ချင်းတွေနဲ့ လည်ပတ်ပြီး လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်ထိုင်တာတွေကို အပြစ်လိုက်ပြောနေမယ့်သူတွေမဟုတ်ပါဘူး။
ချစ်သူစုံတွဲတွေကြားမှာ ယောင်္ကျားလေးက မိန်းကလေးထက်အသက်ကြီးတဲ့စုံတွဲတွေများပါတယ်။ မိန်းကလေးက ယောင်္ကျားလေးထက်အသက်ကြီးတဲ့ မမနဲ့မောင်လေးအချစ်ရေးဆိုရင်တော့ အချစ်ရေးအဆင်ပြေစေဖို့အတွက် ယောင်္ကျားလေးဖက်က လိုက်နာရမယ့်အချက်ကလေးတွေကိုပြောပြပေးသွားပါမယ်။
မလိမ်ပါနဲ့
မမတို့ဟာ အကြောင်းအရာတော်တော်များများကို ခွင့်လွှတ်ပေးနိုင်ကြပေမယ့် လိမ်ညာခြင်းကိုတော့သိပ်ကိုမုန်းတီးပါတယ်။ ဒါ့ကြောင့် မမတို့က သူတို့ဘယ်လောက်ပဲချစ်တဲ့ချစ်သူဖြစ်ဖြစ် သူတို့ကိုလိမ်ညာရင်တော့ စိတ်ဆိုးတတ်ကြပါတယ်။ ပြီးတော့ မောင်လေးတို့လိမ်တာနဲ့ အလိုလိုသိနေတဲ့ ဆဌမအာရုံကို မမတို့ပိုင်ဆိုင်ကြပါတယ်။ ဒီတော့ မမတို့ကိုလိမ်ညာမယ်ဆိုရင် မှားသွားပါလိမ့်မယ်။
ခွင့်လွှတ်ပေးတယ်
မမတို့ဟာ စိတ်ကြီးပြီး စိတ်ဆိုးလွယ်ပေမယ့် ကြာကြာတော့စိတ်မဆိုးတတ်ကြပါဘူး။ မောင်လေးတို့နည်းနည်းလောက်ချွဲလိုက်တာနဲ့ စိတ်ပျော့သွားတတ်ကြတာပါပဲ။ ကိုယ့်အပြစ်ရှိနေရင် လိမ်ညာဖုန်းကွယ်ထားတာထက် အမှန်အတိုင်းဖွင့်ပြောပြီး ၀န်ခံလိုက်ပါ။ သူတို့စုံစမ်းမှသိရရင်တော့ အခြေအနေ တော်တော်ဆိုးသွားပါလိမ့်မယ်။
ပြတ်သားတဲ့စိတ်ဓာတ်ရှိတယ်
မိန်းကလေးတွေတော်တော်များများက ကလေးဆန်ကြပေမယ့် မောင်လေးတွေကိုချစ်သူတော်ထားရတဲ့ မမတို့ကတော့ စိတ်ထားပြတ်သားပါတယ်။ မာကျောတဲ့စိတ်ဓာတ်ရှိကြသလို အလုပ်ခွင်မှာလည်း ရာထူးအသင့်အတင့်ရှိနေပြီဖြစ်တဲ့အတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ စိတ်ဓာတ်ကိုပိုင်ဆိုင်ထားကြတဲ့သူတွေပါ။ သူတို့ကို စိတ်ကုန်အောင်သွားလုပ်မိရင်တော့ ပြန်လှည့်ကြည့်မှာမဟုတ်တော့ပါဘူး။
စိတ်ချမ်းသာရတယ်
မမတို့ကိုချစ်သူတော်ထားရတဲ့မောင်လေးတွေအတွက် စိတ်ချမ်းသာရမှာတော့အသေအချာပါပဲ။ ကိုယ့်ကိုအရိပ်တကြည့်ကြည့် ကြည့်ပြီးလိုအပ်ချက်တွေကိုဖြည့်စွမ်းပေးနေတတ်တဲ့သူမျိုးတွေပါ။ ကိုယ်လိုအပ်နေတဲ့အရာတွေကို ပါးစပ်ကထုတ်မပြောဘဲ သိနေတဲ့သိပ်ချစ်စရာကောင်းတဲ့ ချစ်သူမျိုးပါ။
အာရုံမနောက်ဘူး
ခဏခဏ စိတ်ဆိုးစိတ်ကောက်တာတွေ၊ လိုချင်တာဝယ်ပေးဖို့ ပူဆာတာတွေမရှိပါဘူး။ သူတို့လိုချင်တာထက် ကိုယ်လိုအပ်တာကို ဦးစားပေးတတ်တဲ့သူမျိုးဖြစ်တဲ့အတွက် ဘေးနားကနေ တဂျီဂျီတွတ်ထိုးနေတာမျိုးလို အာရုံနောက်စရာတွေမရှိပါဘူး။
Read More: နှုတ်ခမ်းချင်းမနမ်းခင်ဒါတွေသိထားဖို့လိုမယ်နော်
Source – Lwin Pyin