သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာလက်ထပ်ပွဲလေး မတိုင်ခင်မှာ မင်္ဂလာလက်မှတ်ရေးထိုးတာမျိုး လုပ်လေ့ရှိကြတယ်မလားနော်။
သတို့သားလောင်း၊ သတို့သမီးလောင်းလေး တော်တော်များများက မင်္ဂလာဆွမ်းကျွေးနဲ့ မင်္ဂလာပွဲကြီးအတွက် ကုန်ကျစရိတ်ကို ပိုတွေးဖြစ်ကြပြီး မင်္ဂလာလက်မှတ်ထိုးတဲ့အခါ ကုန်ကျတဲ့ ကုန်ကျစရိတ်ကိုတော့ မေ့လျော့နေလေ့ ရှိကြပါတယ်။ မင်္ဂလာလက်မှတ်ရေးထိုးတဲ့အခါမှာ ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲဆိုနဲ့ ပတ်သက်ပြီး ပြောပြပေးမယ်နော်။
သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာလက်မှတ်ထိုးတဲ့အခါမှာ လက်မှတ်ထိုးစာချုပ်၊ အဝတ်အစားဖိုး၊ မိတ်ကပ်နဲ့ ဓါတ်ပုံဖိုး ကုန်ကျနိုင်ပါတယ်။ တချို့စုံတွဲလေးတွေကတော့ အားလုံးအတွက် (၃) သိန်းဝန်းကျင် သတ်မှတ်ထားလေ့ ရှိကြပါတယ်။ ဒိ့ထက် ပိုပြီး ကုန်ကျစရိတ် နည်းချင်တယ်ဆိုရင်တော့ ချုံနိုင်သလောက် ချုံ့ရမှာပါနော်။
သတို့သားလောင်းနဲ့ သတို့သမီးလောင်းလေးတို့ရေ လက်မှတ်ထိုးစာချုပ်ကတော့ (၂၀၀၀၀) သောင်း ဝန်းကျင်ကနေ စပြီး ရှိပါတယ်။ တကယ်လို့ ကိုယ်ပိုင်ဒီဇိုင်းနဲ့ လက်ထပ်စာချုပ်လုပ်မယ်ဆိုရင်တော့ ဒိ့ထက်ပိုပြီး ကုန်ကျနိုင်ပါတယ်။
အဝတ်အစားဖိုးကတော့ ချဲ့ရင် ချဲ့သလောက် ကုန်ကျနိုင်ပါတယ်။ အဝတ်အစားဖိုးက သတို့သားလောင်းလေးအတွက် (၃) သောင်းနဲ့ သတို့သမီးလောင်းလေးအတွက် (၅) သောင်းလောက် သုံးမယ်ဆိုရင် တော်တော်လေး လှတဲ့ မင်္ဂလာလက်မှတ်ထိုး ဝတ်စုံလေး ရရှိနိုင်ပါပြီ။
မိဘတွေ တော်တော်များများကတော့ မင်္ဂလာလက်မှတ်ရေးထိုးတယ်ဆိုတာ လက်မှတ်ရေးထိုးတဲ့ စာချုပ်နဲ့ အမှတ်တရ ရှိရင် လုံလောက်ပြီဆိုပြီး အလှဓါတ်ပုံ မရိုက်ခိုင်းတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့်လည်း သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာနှစ်ပတ်လည်နေ့တွေမှာ မင်္ဂလာပွဲလို ပြန်လည်ကျင်းပပြီး အလှဓါတ်ပုံတွေ အများကြီး ရိုက်လို့ရပေမယ့် လက်မှတ်ထိုးတဲ့ အမှတ်တရဆိုတာကတော့ ဒီတစ်ချိန်ပါပဲနော်။ ဒါကြောင့် သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ အနေနဲ့ ဓါတ်ပုံကတော့ မဖြစ်မနေ ရိုက်ဖို့လိုပါတယ်နော်။ ဓါတ်ပုံကတော့ (၇) သောင်းနဲ့ အထက်မှာ ရှိပါတယ်။
သတို့သမီးလောင်းလေးတို့ရေ မိတ်ကပ်ကလည်း မဖြစ်မနေ လိုအပ်တဲ့အရာတစ်ခုပါပဲနော်။ သတို့သမီးလေးတို့ ကုန်ကျစရိတ် လျှော့ချချင်တယ်ဆိုရင်တော့ မိတ်ကပ်ကို အရမ်းဈေးများတဲ့ မိတ်ကပ်ဆရာတွေဆီမှာ မပြင်ပါနဲ့နော်။ ဘွဲ့ယူပြင်တာမျိုးနဲ့ ပွဲတက်ပြင်တာမျိုးလောက်ပဲ ပေါ့ပေါ့ပါးပါးလေးပဲ ပြင်ပါ။ မင်္ဂလာလက်မှတ်ရေးထိုးတဲ့နေ့က အသိသက်သေတွေပဲ ရှိနေမှာဆိုတော့ ပွဲလိုမျိုး မိတ်ကပ်အပြည့်မပြင်လည်း လှပါတယ်နော်။ မိတ်ကပ်ကနေ (၄) သောင်းကနေ အထက်မှာ ရှိပါတယ်။
သတို့သားလောင်းနဲ့ သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာလက်မှတ်ရေးထိုးမယ်ဆိုရင် အနည်းဆုံး လက်မှတ်စာချုပ်(၂) သောင်း၊ ဓါတ်ပုံ(၇) သောင်း၊ အဝတ်အစား (၈) သောင်းနဲ့ မိတ်ကပ်(၄) သောင်းဆိုပြီး စုစုပေါင်း (၂) သိန်း (၂) သောင်းလောက် ကျမှာဖြစ်ပါတယ်နော်။
Credit;Marry