Saturday, 29 June 2019 15:23

Inya Lake Wedding Fair

ဒီနေ့ သွားရောက်ခဲ့တဲ့ ကမ္ဘာအေးဘုရားလမ်း ပေါ်မှာရှိတဲ့ Inya Lake Hotel မှာကျင်းပ ပြုလုပ်နေတဲ့Wedding Fair 2019 Show ပွဲနဲ့ ပတ်သက်ပြီးပြောပြပေးချင်ပါတယ်။ KS Collection Wedding Planner မှဦးစီးကျင်းပသောပွဲဖြစ်ပါတယ်။ Wedding Show ပွဲကိုတော့ မနက် ၁၀ နာရီမှ ည ၇ နာရီအထိ (29.6.19 & 30.6.19) ၂ ရက်တိုင်တိုင် ကျင်းပပြုလုပ်ပေးမှာဖြစ်ပါတယ်။     ဒီပွဲမှာဆိုရင် မင်္ဂလာမောင်နှံများ ဆောင်ရန် ရှောင်ရန်များကိုလည်း ပြောပြပေးသွားမှာဖြစ်ပါတယ်။ KS Collection မှ မြန်မာရိုးရာ ထိုင်မသိမ်းဝတ်စုံ ဒီဇိုင်းအသစ်များ၊ စိန်လက်စွပ် နှင့် Pre-wedding Package အပါအဝင် လာရောက်အပ်နှံသူများအတွက် Special Lucky Draw အစီအစဉ်များ၊     Wedding Package များကို 10% - 20% off ပေးမည့်အပြင် Special Wedding Packageကိုအထူးနှုန်းဖြင့် ရောင်းချသွားမည့်အစီအစဉ်။ Inya Lake Hotel, Yangon, Myanmar မှ Wedding အထူး Promotion အစီအစဉ်များ။ White Gallery Bridal & Wedding Studio မှ Pre-Wedding Indoor, Outdoor, Travel Package များကို up to 25% offအထူး Promotion များနှင် လာရောက်အပ်နှံသူများကို ဗလာမပါကံစမ်းမဲ အစီအစဉ်။ စန်းသော်တာ - စိန်ရွှေရတနာဆိုင် မှ မင်္ဂလာလက်စွပ် များနှင့် လက်ဝတ်ရတနာများကို up to 30% off အပြင် လာရောက်ဝယ်ယူအားပေးသူများကို Toyota Belta Car ကံစမ်းမဲ ကူပွန်များ ၊ Gift Voucher များပေးအပ်သွားမည့်အစီအစဉ်။ မင်္ဂလာအဘိသေကမှူးများ၊ မင်္ဂလာအခမ်းအနားမှူးများ၊ Wedding Dinner MC များ Chinese MC များကို တစ်နေရာတည်းတွင်Booking လုပ်နိုင်ခြင်း အစရှိတဲ့ အစီအစဉ်များ promotion များ ရှိလို့ တက်ရောက်သင့်တဲ့ပွဲလေးဖြစ်ပါတယ်နော်။ Model Hla Yin Kyae, Khin Yamone Thinn နှင့်အတူ Talents & Models မှ Model များမှ မင်္ဂလာဝတ်စုံများကို ၀တ်ဆင်ပြသ သွားပါတယ်။     HTET ARKAR Myanmar Music and Performances မှ မြန်မာမှုဆိုင်းဝိုင်းများဖြင့် ဖျော်ဖြေ ဧည့်ခံမှု ကိုလည်းနားဆင်ရမှာဖြစ်ပါတယ်။   Inya Lake Hotel မှမုန့် များဖြင့်လည်း ဧည့်ခံကျွေးမွေး ပါတယ်နော်။     မင်္ဂလာလက်မှတ်ရေးထိုးရန်စာချူပ်များ၊ဖိတ်စာပုံစံ အမျိုးမျိုး တို့ ကိုလည်း ပြသပေးထားပါတယ်         မနက်ဖြန်တစ်ရက်ရှိသေးတာမို့ မင်္ဂလာဆောင်တော့မည့် စုံတွဲလေးများတက်ရောက်သင့်ပါတယ်နော်။
Saturday, 29 June 2019 13:33

အသားအရောင်မညီသူများအတွက် Candid Anti-Pollution Setting Powder

ချစ်တို့ရေ ဒီတခါတော့ Revlon ကအသစ်ထွက်ရှိထားတဲ့ Photo Ready Candid Anti-Pollution Setting powder လေး အကြောင်း ပြောပြ ပေးချင်ပါတယ်နော်။ ဖုန်မှုန့် နဲ့ လေထုထဲက အညစ်အကြေးတွေ ကြောင့် အသားအရေ ပျက်စီး ပြီး အသားအရေ မညီတာ မျိုးတွေ ဖြစ်နေတယ်ဆိုရင်စိတ်မပူပါနဲ့တော့ နော်။ ဒီ Photo Ready Candid Anti-Pollution လေးဟာ ဆိုရင် Anti-pollution ပါဝင်တာကြောင့် လေထုထဲက အညစ်အကြေးတွေ နဲ့ ဖုန်မှုန့် တွေကြောင့် အသားအရေပျက်စီးမှု့ ကိုကာကွယ်ပေးပါတယ်။ Powder မှုန့် လေးကို မျက်နှာပေါ်မှာ ခပ်ပါးပါးလေး ပုတ်လိမ်းရုံနဲ့ တနေကုန် အဆီမပြန်ဘဲ လှနေစေမှာပါ။ မျက်နှာပေါ်မှာ အဆီပြန်ပြီး ကွက်သွားခြင်းမျိုး လဲ မရှိပါဘူးနော် ကိုယ့်အသားအရောင်နဲ့ တထပ် တည်းကျ ပြီး မှုန်မှူန်ညက်ညက်လေးနဲ့လှနေစေမှာပါ   ရွေးချယ်စရာအရောင် (၃) မျိုးလည်းရှိပါတယ်။   ဒီ Photo Ready Candid Anti-Pollution Setting Powder လေးရဲ့ Price ကတော့ 16800 ks ပါရှင် ဒီpowder လေးကို Revlon counter တိုင်းမှာဝယ်ယူ နိုင်ပါတယ်ရှင့်။   Myanmar Wedding Guide
Friday, 28 June 2019 16:46

Wedding အတွက်လက်ဝတ်ရတနာရွေး ချယ်ခြင်း

သူတို့သမီးလေး တို့ရဲ့ မင်္ဂလာ ပွဲမှာ လက်ဝတ်ရတနာ ကလဲ အရမ်းအရေးကြီးတဲ့ ကဏ္ဍ မှာပါတယ်လေနော် အရင်ဆုံး လက်ဝတ်ရတနာ ရွေးချယ်တဲ့ အခါမှာ ကိုယ် ဝတ်မယ့် အကျီ င်္နဲ့ အဆင်ပြေ မယ့် လက်ဝတ်ရတနာ ကို ရွေးချယ် ဝယ်ယူသင့်ပါတယ်နော် ဥပမာ-ကိုယ်က ထိုင်မသိမ်း ဝတ်မယ် အရောင်က ရွှေရောင်အရင့် ဆိုရင် ပတ္တမြား ပါတဲ့ လက်ဝတ်ရတနာ မျိုးက သူတို့သမီးလေးတို့ရဲ့ ဝတ်စုံ ကို ပိုပြီးနန်းဆန် သွားစေမှာပါနော်       ဂါဝန် ဝတ်မယ့် သူတို့သမီး လေးတွေ အတွက် ဂါဝန် အဖြူ ဝတ်မယ်ဆိုရင် စိန် တွေ တဖြတ်ဖြတ် လက်နေတဲ့ လက်ဝတ်ရတနာ မျိုးက သူတို့သမီးလေး တို့ကို ပိုပြီး လှပစေမှာပါ ...   လည်ဆွဲ ရွေးချယ်တဲ့ အခါမှာလဲ ကိုယ်က လည်ဆွဲ အကြီးကြီး နဲ့ လိုက်ဖက်မလား လည်ဆွဲသေးသေးလေး နဲ့ပဲ လိုက်ဖက်မလား ဆိုတာ ကိုယ်တိုင် ဝတ်ကြည့်ပြီး မှသာကိုယ်နဲ့ လိုက်ဖက်မယ့် လည်ဆွဲ ကို ရွေးချယ်သင့်ပါတယ်နော်...     လက်ဝတ်ရတနာ ဆိုင်လေးတွေ ရဲ့ လိပ်စာကို အောက်က link ထဲက Jewellery Shop ဆိုတဲ့နေရာလေးမှာ ဝင်ကြည့်လို့ရတယ်နော် Myanmar Wedding Guide  
Friday, 28 June 2019 16:21

ချူပ်ချယ်ခြင်းမပါဘဲချစ်ကြည့်ပါ

ချူပ်ချယ်တယ်ဆိုတာကို ဘယ်သူကမှ ကြိုက်မှာမဟုတ်ပါဘူးနော်။ ကိုယ့်မိဘက ချူပ်ချယ်ရင်လဲမကြိုက်ကျဘူးလေနော်။ ကိုယ့်ကို ချူပ်ချယ်တာကို မကြိုက်ရင် အခြားသူကိုလဲ မချူပ်ချယ်သင့်ပါဘူး။   ကိုယ့်ချစ်သူကိုလည်းချူပ်ချယ်မယ့်အစား နားလည်မှုလေးပေးထားပြီးသူဖြစ်ချင်တဲ့ဆန္ဒတွေကို လိုက်လျောပေးမယ်ဆိုရင် ကိုယ့်ချစ်သူက သူ့ အပေါ်နားလည်ပေးရှာတယ်ဆိုပြီးပိုလို့ တောင်အချစ်တွေတိုးမှာအသေအချာပါဘဲနော်။     ချူပ်ချယ်တာကြောင့် ကိုယ်လဲစိတ်ပင်ပန်းရတဲ့အပြင်ကိုယ့်ချစ်သူလဲစိတ်ညစ်နေရမှာလေ နော် ချူပ်ချယ်ခြင်းကြောင့်ကိုယ့်ချစ်သူကကိုယ့်အပေါ် လိမ်ညာတာမျိုး တွေဖြစ်လာနိုင်ပါတယ်နော်     မချူပ်ချယ်ဘဲ ခွင့်လွှတ်ခြင်း၊နားလည်ပေးခြင်းတွေနဲ့ ဘဲချစ်ကြပါလို့ အကြံလေးပေးချင်ပါတယ်။
Friday, 28 June 2019 14:38

အသဲကွဲရင်ဘာလုပ်သင့်လဲ

လူတိုင်းကတော့ ချစ်ဖူးကြတဲ့ သူတွေကြီးပါဘဲနော်။ ချစ်ဖူး ရင်အသဲကွဲ ဖူးကြ မှာဘဲလေနော်။ ယောကျာ်းလေးတွေ အသဲကွဲရင်အများစုက အရက် ဘီယာ သောက်ပြီး အသဲကွဲတာကိုကုစားကြတာ များပါတယ်။ မိန်းကလေးတွေကတော့ အသဲကွဲရင် ငိုတာလောက်ပဲတတ်နိုင်ကြပါတယ်။ တကယ်တော့ အသဲကွဲ ရင်အလုပ်သင့်ဆုံး ကတော့ ပထမတရက် ၀အောင်ငို လိုက်ပါ ။     သူနဲ့ ပတ်သက်သမျှစိတ်နာစရာတွေဘဲတွေးပါ။ သူနဲ့အတူသွားခဲ့တဲ့ နေရာတွေကိုမသွားဘဲနေပါ။ ကိုယ့်ကိုအားဖြစ်စေမဲ့စာတွေများများဖတ်ပါ။ သီချင်းအေးအေးလေးတွေအစား မြူးကြွတဲ့သီချင်းမျိုးနားထောင်ပါ။   သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ။       တဖြည်းဖြည်းမေ့နိုင်အောင်ကြိုးစားကြည့်ပါ။   ဒီလိုနည်းနဲ့ အသဲကွဲတာကို ကုစားကြည့်ကြပါနော်။
Friday, 28 June 2019 13:33

အသားအရေထိန်းသိမ်းပုံအဆင့်ဆင့်

ချစ်ရတဲ့ပျိုမေလေးတို့ ရေအသားအရေထိန်းသိမ်းခြင်းကလဲအရေးကြီးတဲ့ ကိစ္စတစ်ခုဘဲလေနော် ဒီတော့အသားအရေဘယ်လိုထိန်းသိမ်းသင့်လဲဆိုတာပြောပြပေးမယ်နော်....     Cleansing လုပ်ခြင်း ပထမဆုံးအနေနဲ့ make up remover လေးသုံးပြီးမျက်နှာမျာရှိတဲ့ မိတ်ကပ်တွေကိုသေချာလေးဖျက်ပေးပါနော်။ ပြီးရင်တော့ facial form လေးနဲ့ မျက်နှာသစ်လို့ရပြီနော် ။ facial form သုံးတဲ့အခါမှာလည်း အရင်ဆုံးလက်နှစ်ဖက်နဲ ပွတ်ပြီးမှ မျက်နှာသစ်ပေးတာက ပိုပြီးထိရောက်စေပါတယ်နော်     Skin Care လုပ်ခြင်း cleansing လုပ်ပြီးရင်တော့ ရေဓာတ်ပါတဲ့ toner လေးလိမ်းပေးပါနော်။ Day အတွက်ဆိုရင်တော့ Aloe vera jel လေးလိမ်းပေးပြီး suncream လေးလူးပေးပါနော်။ Night အတွက်ဆိုရင်တော့ sleeping mask လေးလိမ်းပေး ရင်ရပါပြီနော်။   ကဲချစ်ရတဲ့ ပျိုမေလေးတွေအားလုံး ပိုပိုပြီး လှနိုင်ကြပါစေနော်။
Friday, 28 June 2019 11:25

MERCURE HOTEL YANGON

Mercure Hotel သည် အမှတ် (၁၇) ကမ္ဘာအေးဘုရားလမ်း,ရန်ကင်းမြို့နယ်,ရန်ကုန်မြို့ မှာ မကြာသေးခင်ကဖွင့်လှစ်ထားတဲ့ hotel တစ်ခုဖြစ်ပါတယ်။
Thursday, 27 June 2019 14:47

ယောင်္ကျားလေးတွေ လူသိမခံတဲ့ အချက်များ

ယောကျာ်းလေးတွေ မပြောပြချင်တဲ့ လှို့ဝှက်လေးတွေကို သိချင်ကြလား။ အခုပြောပြပေးမယ့် ယောကျာ်းလေးတွေရဲ့ လူသိမခံချင်တဲ့ အချက်လေးတွေက
Thursday, 27 June 2019 13:18

ချစ်သူတွေထားရှိတဲ့ ကတိသစ္စာဆိုတာ

လက်ထပ်တဲ့အခါမှာ ကတိသစ္စာပြုရတဲ့ ပုံစံမျိုးလေးတွေဟာ အခု နောက်ပိုင်းမှာ ခေတ်စားလာခဲ့ပါတယ်။ အမှန်က ဒီ ယဉ်ကျေးမှုက ဟိုး နှစ်ပေါင်းများစွာကတည်းက ထွန်းကားလာခဲ့တဲ့ ပုံစံ ဖြစ်ပါတယ်။
Thursday, 27 June 2019 12:07

တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Wedding ပွဲပုံရိပ်တစ်ချို့

ဇွန်လ ၂၁ ၂၂ ၂၃ ရက်နေ့ မှာကျငိးပ ပြုလုပ်သွားတယ် Myanmar Wedding & Beauty Expo ပွဲကြီးအောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါတယ်။