Monday, 31 August 2020 16:03

ကျောက်မျက်အရည်အသွေးဘယ်လိုစစ်မလဲ

ကျောက်မျက်တစ်ခုအရည်အသွေးကို အရောင်၊ ကျောက်သွေးပုံ၊ အလေးချိန်နှင့် စင်ကြယ်မှုတို့အပေါ်တွင် မူတည်ပြီး ဆုံးဖြတ်ပါတယ်။
Monday, 31 August 2020 15:10

၂၀၂၀ခုနှစ် ၊ စက်တင်ဘာလအတွက် ၇ရက်သား၊ သမီး ကံကြမ္မာ

Wedding Guide ရဲ့ စာဖတ်ပရိတ်သတ်များအတွက် ၂၀၂၀ခုနှစ် ၊ စက်တင်ဘာလအတွက် ၇ရက်သား၊ သမီး ဗေဒင် မျှဝေပေးလိုက်ပါတယ်နော်။ တနင်္ဂနွေ ဒီလမှာလုပ်ငန်းသစ်၊တာဝန်သစ်တွေပြုလုပ်ရမယ်။ အလှူကိစ္စ၊မင်္ဂလာကိစ္စတွေရှိမယ်။ မင်္ဂလာရက်ရွှေ့ရတာမျိုးလဲကြုံမယ်။ သင်တန်းတွေလဲတက်ရမယ်။ လူမျိုးခြားအကျိုးပေးရှိသလိုနိုင်ငံခြားလဲအကျိုးပေးမယ်။ ရှယ်ယာလုပ်ငန်းမှာဝင်ထားတဲ့သူများအမြတ်ငွေရမယ်။ ပစ္စည်းများအမြတ်အစွန်းရမယ်။ စာချုပ်စာတမ်းလက်မှတ်ထိုးတာတော့သတိပြုပါ။ အောက်လက်ငယ်သားကြောင့်စိတ်အနှောင့်အယှက်တွေ့ရမယ်။ စက်ပစ္စည်းတော့အသစ်မဝယ်ပါနှင့်။ဝယ်လျှင်စိတ်ညစ်ရမယ်။ လွတ်လပ်သောလူပျို၊အပျိုများအိမ်ထောင်ကျတတ်တယ်။ ပျော်ရွှင်ရမယ့်အိမ်ထောင်ကျတတ်တယ်။ ပျော်ရွှင်ရမယ့်အိမ်ထောင်ရေးဖြစ်မယ်။ အစာမှား၊ဆေးမှားတွေကြုံတတ်တယ်။ အစာအိမ်ရောဂါသတိထားပါ။ ကံကောင်းစေတဲ့အရောင်မှာအနီရောင်ဖြစ်ပြီးအကျိုးပေးဂဏန်းမှာ ၉ ၊ ၂ ၊ ၀ ဖြစ်ပါတယ်။   ယတြာ။ ။ သရက်သီး ၆ လုံးဘုရားလှူပါ။   တနင်္လာ   စပ်တူလုပ်ငန်းများလုပ်ကိုင်ပါကအောင်မြင်မယ်။ အင်္ဂါသားနှင့်စပ်တူလုပ်ငန်းအဆင်ပြေမယ်။ ရွှေဝယ်ယူရာမှာလူလိမ်တာမျိုးဖြစ်တတ်တယ်။မိတ်ဆွေသတိထားပါ။ ငွေဝင်သော်လည်းအဖတ်မတင်ဘဲဖြစ်နေမယ်။ ရေလမ်းခရီးသွားရလျှင်သတိပြုပါ။အန္တရာယ်ဖြစ်တတ်တယ်။ အပေါင်းအသင်းမိန်းမတစ်ဦးကြောင့်အမှုကိစ္စကြုံတတ်တယ်။ ကားလုပ်ငန်း၊ကျောက်လုပ်ငန်းများစတင်လှုပ်ရှားလျှင်အဆင်ပြေမယ်။ ငွေကြေးကိစ္စအာမခံပေးခြင်းရှောင်ပါ။ အလောတကြီးဆုံးဖြတ်တာမျိုး၊ဒေါသတကြီးလုပ်တာမျိုးတွေရှောင်ပါ။ ပရဟိတလုပ်ငန်းများလုပ်ကိုင်နေရမယ်။ အချစ်ရေးအိမ်ထောင်ရေးမှာစိတ်ညစ်ရတတ်တယ်။ ကျန်းမာရေးဝမ်းပျက်၊ဝမ်းလျှောဖြစ်တတ်တယ်။ ကံကောင်းစေသောအရောင်မှာ အဝါနုရောင်ဖြစ်ပြီး အကျိုးပေးဂဏန်းမှာ ၀ ၊ ၃ ၊ ၁ ဖြစ်ပါတယ်။   ယတြာ။ ။ရေလှူပါ။   အင်္ဂါ   ဒီလထဲမှာသွပ်၊သံ၊သစ်ကိစ္စတွေအောင်မြင်မယ်။ ရောင်းမှား၊ဝယ်မှားမဖြစ်အောင်တော့သတိထားပါ။ တရားမဝင်လုပ်ငန်းများဖြစ်သောလောင်းကစားလုပ်ငန်း၊မူးယစ်ဆေးလုပ်ငန်းများသတိပြုပါ။ လုပ်ငန်းများအောင်မြင်သော်လည်းငွေကြေးအကျပ်အတည်းတွေ့နေမယ်။ ရွှေဝင်မယ်။လူဝင်မယ်။ရွှေနှင့်လူရွေးယူပါ။ကြိုက်တာကောင်းတာကတော့လူဝင်လျှင်အကျိုးပေးမယ်။ ဘာသာရေးများများလုပ်ပါ။အထက်လူကြီးအကူအညီရမယ်။ ဘုရားပုံတော်များကြွလာခဲ့လျှင်ထီထိုးပါ။ အကူအညီတောင်းသူများရှိလျှင် ကူညီပေးပါ။ကိုယ့်အတွက်တဖက်က အဆင်ပြေလိမ့်မယ်။ချစ်သူ၊အိမ်ထောင်ဖက်အပေါ်လဲသစ္စာရှိပါ။ဦးခေါင်းပိုင်း ၊အာရုံကြောပိုင်းနှင့်ပတ်သတ်ပြီးရောဂါရတတ်တယ်။ ကံကောင်းစေသောအရောင်မှာအညိုရောင်ဖြစ်ပြီးအကျိုးပေးဂဏန်းမှာ၁ ၊ ၄ ၊ ၂ ဖြစ်ပါတယ်။   ယတြာ။ ။ အုန်းထမင်းလှူပါ။   ဗုဒ္ဓဟူး   ဒီရက်ပိုင်းမှစတင်ပြီးလုပ်ငန်းများပြန်လည်အဆင်ပြေလိမ့်မယ်။ အဝေးရောက်နေသောဆွေမျိုးများနှင့်ပြန်လည်ဆုံစည်းရမယ်။ ဆန်၊ဆီ၊ဆေး၊စက်၊စိန်စသောလုပ်ငန်းရှင်များအဆင်ပြေမယ်။ အဖိုးတန်ပစ္စည်းဝင်မယ်။(သို့)ငွေနှစ်ပတ်အတွင်းအစုံလိုက်ဝင်မယ်။ငွေဝင်ရင်အလှူပြန်လုပ်ပါ။ဘာသာရေးများများလုပ်ပါ။ ဝန်ထမ်းများမနာလိုလူရဲ့အတိုက်အခိုက်ရှိတယ်။ အထက်လူကြီးစောင့်ရှောက်မယ်။ဒေါသလျော့၍ပေါင်းသင်းဆက်ဆံပါ။ ကျန်းမာရေးအနေဖြင့်အစာအိမ်ရောဂါဟောင်းပြန်ဖြစ်တတ်တယ်။ အစာမှား၊ဆေးမှားကြုံတတ်တယ်။ အိမ်ထောင်ဖက်ချစ်သူကြောင့်ဝမ်းသာပျော်ရွှင်ရမယ်။ ကံကောင်းစေသောအရောင်မှာ အစိမ်းနုဖြစ်ပြီး အကျိုးပေးဂဏန်းမှာ ၂ ၊ ၅ ၊ ၃ ဖြစ်ပါတယ်။   ယတြာ။ ။ ငါးစာ ၊ ခိုစာ ကျွေးပါ။   ကြာသပတေး ဝန်ထမ်းများနှင့်ပတ်သတ်ပြီးတစ်ခုမှာချင်တာကတော့ခရီးဝေးသွားရတဲ့ရေလမ်းခရီးပါတဲ့ဝန်ထမ်းများအထူးသတိပြုစေချင်ပါတယ်။အန္တရယ်နှင့်ကြုံတတ်တယ်။ ဘုရားဂုဏ်တော်များပွားများပါ။ငွေကြေးကိစ္စကမမျှဖြစ်နေမယ်။ ငွေရှာရတာတော့လွယ်မယ်။ပြန်ကုန်တာလဲမြန်မယ်။ စက်ပစ္စည်းပျက်တာမျိုးကြုံမယ်။ ဆန်၊စက်၊ကားအနည်းငယ်အရောင်းအဝယ်အေးမယ်။ သူတပါးကိုအာမခံပေးခြင်းရှောင်ပါ။ လူမျိုးခြားအကျိုးပေးမယ်။ ကိုယ့်အထက်အရာရှိအပြောင်းအရွှေ့ကြုံမယ်။ လောင်းကစားလုပ်ငန်း၊လယ်ယာ၊ရွှေ၊ရေလုပ်ငန်းများအဆင်ပြေမယ်။ အိမ်ထောင်ဖက်ချစ်သူနှင့်ပတ်သက်ပြီးမကောင်းသတင်းကြားရမယ်။ စိတ်ညစ်ရတတ်တယ်။ ကျန်းမာရေး လည်ချောင်းနာတာ ၊ လေအောင့်တာမျိုးကြုံမယ်။ ကံကောင်းစေသော အရောင်မှာ အဖြူရောင်ဖြစ်ပြီး အကျိုးပေးဂဏန်းမှာ ၃ ၊ ၆ ၊ ၄ ဖြစ်ပါတယ်။   ယတြာ။ ။ စံပယ် ၃ ကုံးဘုရားလှူပါ။   သောကြာ   ရပ်ဝေးခရီးသွားရတတ်တယ်။နိုင်ငံခြားခရီး၊နိုင်ငံခြားလူမျိုးအကျိုးပေးမယ်။ ထီကံစမ်းပါ။ထီပေါက်တာမျိုး၊အမွေရတာမျိုးကြုံမယ်။ ဝန်ထမ်းများသင်တန်းတက်ရတာ၊ရာထူးရတာမျိုးဖြစ်မယ်။ ကောင်းသောပြောင်းလဲခြင်းတွေနဲ့ကြုံမယ်။ သွပ်၊သံ၊သစ်သီးလုပ်ငန်းရှင်များအရောင်းအဝယ်ကောင်းမယ်။ လောဘတော့မကြီးပါနှင့်။ရေရှည်ကြည့်ပါ။ ငွေကြေးကိစ္စတွေမှာလူလိမ်နှင့်တွေ့တတ်ပါတယ်။သတိထားပါ။ ဆရာ၊ဆရာမများမျက်နှာပွင့်လန်း၊ငွေရွှင်မယ်။ပင်ပန်းမယ်။ မြေကိစ္စမိန်းမတစ်ဦးအကူအညီနဲ့အဆင်ပြေမယ်။ အိမ်ထောင်ရေးအချစ်ရေးမှာကြားလူနှောင့်ယှက်တတ်တယ်။ မျက်စိ၊ဝမ်းဗိုက်နှင့်ပတ်သက်ပြီးခွဲစိတ်ရတာမျိုး ကြုံမယ်။ ကံကောင်းစေသော အရောင်မှာ လိမ္မော်ရောင်ဖြစ်ပြီး အကျိုးပေးဂဏန်းမှာ ၄ ၊ ၇ ၊ ၅ ဖြစ်ပါတယ်။   ယတြာ။ ။ ရေသက်စေ့လှူပါ။   စနေ   လုပ်ငန်းနှင့်ပတ်သက်သောစာရင်းဇယားများရဲ့အရှုပ်အရှင်းရှင်းလင်းရလိမ့်မယ်။ စက်ပစ္စည်းဝင်မယ်။ ငွေချေးငှားခြင်းရှောင်ပါ။အာမခံပေးခြင်းမလုပ်ပါနှင့်။ လုပ်ငန်းသစ်များတာဝန်သစ်များထမ်းဆောင်ရတတ်တယ်။ အဆင်ပြေမယ်။ မိတ်ဆွေသစ်ရမယ်။ ကိုယ့်အပေါ်ကူညီမဲ့သူဖြစ်မယ်။ စပ်တူရှယ်ယာလုပ်ငန်းများမှငွေကြေးအမြတ်အစွန်းရမယ်။ ခရီးသွားရလျှင်ခရီးမှာကျန်းမာရေးညံ့တတ်တယ်။ ရွှေနှင့်ပတ်သက်ပြီးသတိပြုပါ။ လူလိမ်ခံရတတ်တယ်။ ချစ်သူအိမ်ထောင်ဖက်ရဲ့ကူညီမှုကြောင့်ကိုယ့်ရဲ့အခက်အခဲတွေအဆင်ပြေသွားမယ်။ ကျန်းမာရေးအသည်း၊အာရုံကြောနှင့်ပတ်သက်ပြီးအညံ့ရှိမယ်။ ကံကောင်းစေသောအရောင်မှာအနီရောင်ဖြစ်ပြီး အကျိုးပေးဂဏန်းမှာ ၅ ၊ ၈ ၊ ၆ ဖြစ်ပါတယ်။   ယတြာ။ ။ မုန့်ဖက်ထုပ် ၅ ထုပ်လှူပါ။   Source: 1879
Friday, 28 August 2020 16:11

ကျောက်မျက်ရတနာ သက်မွေးပညာသင်တန်းကျောင်းအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲရန် စိတ်ဝင်စားမှု အဆိုပြုလွှာ ဖိတ်ခေါ်ခြင်း။

မြန်မာနိုင်ငံကျောက်မျက်ရတနာအသင်းချုပ်က နေပြည်တော်၊ ရွှေကြာပင်တွင် ဖွင့်လှစ်ထားသော ကျောက်မျက်ရတနာ သင်တန်းကျောင်းအတွက် ပညာရေး ဝန်ကြီးဌာန၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ (National Curriculum Committee) အသိအမှတ်ပြု Competency Based Curriculum သင်ရိုးညွှန်းတမ်း ရေးဆွဲလိုပါသဖြင့် ကျွမ်းကျင်မှုနှင့် စိတ်ပါဝင်စားမှုရှိသော Consulting Service Firm/Company များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအား စိတ်ဝင်စားမှု အဆိုပြုလွှာ (Letter of Interest) တင်သွင်းရန် ဖိတ်ခေါ်ပါသည်။
Friday, 28 August 2020 16:50

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရန် လက်လုပ်လက်စား လုပ်ကွက် (၂၈၆) ကွက် ချထားပေးမည်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ လုံးခင်း/ဖားကန့် ရတနာနယ်မြေအတွင်း ဒုတိယအကြိမ်အဖြစ် ကျောက်စိမ်းတူးဖော်ရန် လက်လုပ်လက်စား လုပ်ကွက် (၂၈၆) ကွက်အား ခွင့်ပြုချထားပေးနိုင်ရေးအတွက် အဆိုပြု လျှောက်လွှာများကို မော်ဝမ်းရပ်ကွက်ရှိ စုပေါင်းရုံးအဝင် OSS (One Stop Service) ရုံး၌ သြဂုတ် ၂၄ ရက်နေ့မှ စတင်၍ စိစစ်ရောင်းချပေးတော့မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Friday, 28 August 2020 16:39

Vivo S1 Prime ရဲ့ အံ့အားသင့်ဖွယ်ရာကင်မရာစွမ်းဆောင်ရည်တွေနဲ့ ရိုက်ကူးခဲ့တဲ့ မြန်မာနိုင်ငံရှေးဟောင်းမြို့တော်၏ ခမ်းနားထည်ဝါမှု အလှတရားများ

Vivo S1 Prime Limited Edition ရဲ့ ထူးခြားချက်က အများနဲ့မတူ ထူးခြားတောက်ပတဲ့ အရောင်ဆန်း ဖြစ်တဲ့အပြင် 16 MP ရှေ့ကင်မရာ၊ နောက်ဘက် 48 MP (ပင်မကင်မရာ) + 8 MP (မြင်ကွင်းကျယ်ကင်မရာ) + 2 MP Macro ကင်မရာ + 2 MP (အနီးကပ်ရိုက်နိုင်သည့်ကင်မရာ) တို့ပါ၀င်တဲ့
Friday, 28 August 2020 13:25

ငွေပေးချေခြင်းမရှိသော ကျောက်စိမ်းတွဲပေါင်း ၅၀၀ ကျော်ရှိနေ

၂၀၂၀ ပြည့်နှစ်ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် မြန်မာကျပ်ငွေဖြင့် ကျောက်မျက်ရတနာများရောင်းချပွဲတွင် ရောင်းချခဲ့ရပြီး သတ်မှတ်ရက်အတွင်းငွေပေးချေခြင်းမရှိသော ကျောက်စိမ်းတွဲပေါင်း ၅၀၀ ကျော်ရှိကြောင်း၊ အဆိုပါ ငွေပေးချေခြင်းမရှိသော အရောင်းအဝယ်ပျက်သွားသည့် ကျောက်စိမ်းတွဲများကို သြဂုတ် ၂၈ ရက်တွင် နောက်ဆုံးထား၍ ပြန်လည်ထုတ်ယူရမည်ဖြစ်ကြောင်း သိရပါတယ်။
Friday, 28 August 2020 11:26

ဆွဲဆောင်မှုရှိလွန်းတဲ့ ချစ်သူကို စိတ်မချလွန်းလို့ “ ဖက်တီးမလေး ” ဖြစ်အောင် လုပ်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ ကောင်လေး

ရူးရူးမူးမူးချစ်မိနေပြီဆိုရင်တော့ သူများမထင်ထားတဲ့ ရူးသွပ်တဲ့ လုပ်ရပ်မျိုးကို လုပ်တတ်ကြပါတယ်။
Thursday, 27 August 2020 16:10

ချွေးမ လောင်း Nicola အတွက် သတို့သမီးဝတ်စုံ ဒီဇိုင်းဖန်တီးပေးမယ့် Victoria Beckham

Victoria Beckham က တော့ သူမရဲ့ ချွေးမလောင်း အပေါ် အခုတည်းက သူမရဲ့ ဂရုစိုက်ကြင်နာမှုကို ထုတ်ပြလိုက်ပါတယ်။
Thursday, 27 August 2020 11:04

မန္တလေးကျောက်ဝိုင်း ပြန်ပိတ်ရန် မြို့တော်ဝန် ညွှန်ကြား

ပြည်တွင်းကူးစက်မှု ပြန်လည်တွေ့လာပြီးနောက် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အကန့်အသတ်ဖြင့် ဖွင့်လှစ်ခွင့်ပြုထားသော မန္တလေး ကျောက်ဝိုင်းအား သြဂုတ်(၂၇)ရက်မှ စတင်ကာ ပြန်လည်ပိတ်သိမ်းစေမည် ဖြစ်ကြောင်း နှင့် Lockdown မကြုံလိုလျှင် စည်းကမ်းလိုက်နာကြရန် မြို့တော်ဝန် သတိပေးကြောင်းသိရပါတယ်။ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။
Wednesday, 26 August 2020 16:05

ပုလဲတစ်လုံးရဲ့တန်ဖိုးကို ဘယ်လိုသတ်မှတ်ကြမလဲ

ပုလဲကို မြန်မာလူမျိုးတို့က နဝရတ်ကိုးပါးတွင် ပါဝင်သော ရတနာတစ်ပါးအဖြစ် အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်ကြပါတယ်။