မြန်မာနိုင်ငံကျောက်မျက်ရတနာအသင်းချုပ်က နေပြည်တော်၊ ရွှေကြာပင်တွင် ဖွင့်လှစ်ထားသော ကျောက်မျက်ရတနာ သင်တန်းကျောင်းအတွက် ပညာရေး ဝန်ကြီးဌာန၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ (National Curriculum Committee) အသိအမှတ်ပြု Competency Based Curriculum သင်ရိုးညွှန်းတမ်း ရေးဆွဲလိုပါသဖြင့် ကျွမ်းကျင်မှုနှင့် စိတ်ပါဝင်စားမှုရှိသော Consulting Service Firm/Company များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအား စိတ်ဝင်စားမှု အဆိုပြုလွှာ (Letter of Interest) တင်သွင်းရန် ဖိတ်ခေါ်ပါသည်။
ရေးဆွဲလိုသည့် ဘာသာရပ်သင်ရိုးညွှန်းတမ်းများမှာ-
(က) ကျောက်စိမ်းကျွမ်းကျင်မှုဘာသာရပ်သင်ရိုးညွှန်းတမ်း
(ခ) ကျောက်မျက်ကျွမ်းကျင်မှုဘာသာရပ်သင်ရိုးညွှန်းတမ်း
(ဂ) ကျောက်မျက်ပန်းချီကျွမ်းကျင်မှုဘာသာရပ်သင်ရိုးညွှန်းတမ်း
(ဃ) ပန်းထိမ်ကျွမ်းကျင်မှုဘာသာရပ်သင်ရိုးညွှန်းတမ်း
စိတ်ဝင်စာမှုအဆိုပြုလွှာကို ၁၈-၉-၂၀၂၀ ရက် ညနေ (၅)နာရီ နောက်ဆုံးထားပြီး တင်သွင်းရမှာ ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(က) ဦးမျိုးနိုင်း ဒုတိယကျောင်းအုပ်ကြီး၊ ဖုန်း-၀၉-၄၀၀၀၁၆၇၁
(ခ) ရုံးဖုန်း/ဖက်- ၀၆၇-၈၁၀၂၀၄၇
(ဂ) This email address is being protected from spambots. You need JavaScript enabled to view it.
Source: MOI Gov