ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ရေမဆေးကျောက်တူးနေရာမှ ကမ်းပါးပြိုပြီး အောက်တိုဘာ (၁၇) ရက်၊ ညနေ (၄) နာရီခန့်က လူနှစ်ဦးပြုတ်ကျ သေဆုံးခဲ့ကြောင်း ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ဆိပ်မူကျေးရွာအုပ်စု၊ ကောင်စံကျေးရွာအနီးရှိ တစ်သုံးလုံး ကုမ္ပဏီ လုပ်ကွက်ဟောင်း ကျင်းဟောင်းဒိုင်ကျန်၏ အမြင့်ပေ (၅၀)ခန့်တွင် ကျောက်တူးနေသူ ရေမဆေးသမား နှစ်ဦးအပေါ်သို့ အမြင့်ပေ (၁၅၀)ခန့်မှ ကျောက်ကျော ကမ်းပါးယံ ရုတ်တရက်ပြိုကျပြီး ရိုက်ချခဲ့သဖြင့် အဆိုပါ ရေမဆေးကျောက်တူးသူ နှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သူ နှစ်ဦးမှာ တောင်းကော့ကျေးရွာမှ ဦးတူးအောင်(၂၈)နှစ်နှင့်၊ ဦးဂွမ်းမိုင်(၃၄) နှစ်တို့ ဖြစ်ပြီး သေဆုံးသူ၏ ရုပ်အလောင်းများအား ဆိပ်မူကျေးရွာ သင်္ခါလူမှုကူညီရေးအသင်းကားဖြင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Ref; တာလင်းမောင်(ပြန်/ဆက်)