တစ်သက်မှာတစ်ခါပဲ ကျင်းပခွင့်ရတဲ့ မင်္ဂလာပွဲကို လူပင်ပန်း စိတ်ပင်ပန်း ငွေကုန်ကြေးကျအများကြီးခံ ကျင်းပပြီးတဲ့နောက် ပွဲပြီးသွားတဲ့အခါ
ဝါကျွတ်ရင် မင်္ဂလာဆောင်ကြမယ့် မင်္ဂလာမောင်နှံတို့ ကြိုတင်ပြင်ဆင်သင့်တဲ့အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
မင်္ဂလာနေ့လေးမှာ မနက်တည်းက ဘာစားထားရမလဲဆိုတာကို ကြိုတင် ပြင်ဆင်ထားပါနော်
ဖိတ်စာမှာ ဖိတ်ကြားမခံရတဲ့ လူပိုခေါ်ခြင်းကို ရှောင်ကြဉ်ပါ
ဖိတ်စာမှာ ကိုယ့်နာမည်ပဲ ရေးထားတယ်ဆိုရင် ကိုယ်တစ်ယောက်ထဲပဲ သွားသင့်ပါတယ်။ မိသားစုလို့ရေးထားမှသာ မိသားစုနှင့်အတူ တက်ရောက်သင့်ပါတယ်။ မင်္ဂလာမောင်နှံရဲ့ Budget နဲ့ လူဦးရေအကန့်အသတ်ကို နားလည်လေးစားမှု ရှိရပါမယ်။
မင်္ဂလာမောင်နှံအတွက် အသုံးတည့်မယ့်လက်ဖွဲ့ကိုသာ ရွေးချယ်ပါ
လက်ဖွဲ့ပစ္စည်းအများစုဟာ အမျိုးအစားတူဖြစ်နေတတ်တာကြောင့် လက်တွေ့မှာအသုံးမတည့်ပဲဖြစ်နေတတ်ပါတယ်။ ငွေသားနဲ့ Gift Card လက်ဖွဲ့တွေကတော့ မင်္ဂလာမောင်နှံအနေနဲ့ စိတ်တိုင်းကျသုံးစွဲနိုင်တာမို့ အဆင်အပြေဆုံးဖြစ်ပါလိမ့်မယ်။
အချိန်မှန်ရောက်အောင်သွားပါ။ ခန်းမအတွင်းမှာသာစောင့်ဆိုင်းပါ
သတို့သမီး မိတ်ကပ်ပြင်အခန်းထဲမှာ မလိုအပ်ပဲဝင်ထွက်သွားလာတာ၊ အလှပြင်နေဆဲသတို့သမီးနဲ့ ဓာတ်ပုံတွဲရိုက်တာမျိုးဟာ မသင့်တော်ပါဘူး။ မင်္ဂလာမောင်နှံနဲ့ မိတ်ကပ်အဖွဲ့သားတွေ အေးချမ်းစွာပြင်ဆင်ပါစေ။
သတ်မှတ်ပေးတဲ့နေရာမှာပဲထိုင်ပါ
ခန်းမအနောက်ဘက်ရောက်နေတာမျိုး၊ စင်မြင့်ကို မမြင်ရတာမျိုးဖြစ်သည့်တိုင်အောင် ကိုယ့်အတွက် သတ်မှတ်ပေးထားတဲ့နေရာကနေ ဟိုပြောင်းဒီပြောင်း မပြောင်းသင့်ပါဘူး။ ကိုယ့်အတွက် တစ်စုံတစ်ယောက်က နေရာချပေးတာမျိုး မရှိဘူးဆိုရင်တော့ သင့်တော်တဲ့နေရာမှာထိုင်နိုင်ပါတယ်။
စကားအကျယ်ကြီးပြောတာကိုရှောင်ကြဉ်ပါ
မင်္ဂလာအခမ်းအနား စတင်နေချိန်မှာ စကားအကျယ်ကြီးပြောတာ၊ ဖုန်းသုံးတာ၊ မင်္ဂလာမောင်နှံ လိုက်လံဧည်ခံနေစဉ် ကိုယ့်ဘက်ကနေ စကားအကြာကြီးပြောတာ၊ အတင်းဆွဲပြီး ဓါတ်ပုံရိုက်တာတွေဟာ မင်္ဂလာမောင်နှံကို စိတ်အနှောင့်အယှက်ဖြစ်စေတတ်တာကြောင့် အထူးသတိပြုသင့်ပါတယ်။
မိသားစုဝင်တွေ ဦးစားပေး ဓါတ်ပုံရိုက်ပါစေ
ပွဲပြီးလို့စင်ပေါ်တက် ဓါတ်ပုံရိုက်ကြတဲ့အခါ မင်္ဂလာမောင်နှံရဲ့ မိသားစုဝင်တွေကို ဦးစားပေးပါ။ တခြားဧည့်သည်တွေကို ဦးစားပေးရင်း မိသားစုနဲ့ ဓါတ်ပုံအတူရိုက်ဖို့ အချိန်မလောက်တော့တဲ့ မင်္ဂလာမောင်နှံတွေ ရှိတတ်ကြလို့ဖြစ်ပါတယ်။
Credit;Myanmar Wedding Guide
နှင်းဆီ
နှင်းဆီပန်းဟာ ချစ်မြတ်နိုးခြင်းနဲ့ အလှတရားကို ဖော်ကျူးပါတယ်။ အနီရောင်နှင်းဆီကတော့ တစ်ကမ္ဘာလုံးက နားလည်လက်ခံထားတဲ့ အချစ်ရဲ့သင်္ကေတတစ်ခုပါ။
သစ်ခွပန်းအပွင့်ကြီးကြီး တစ်ပွင့်လောက်ကို သတို့သမီးလေးဆံထုံးမှာ ဆင်မြန်းပေးလိုက်ခြင်းကလည်း ပြီးပြည့်စုံတဲ့အလှနဲ့ ကျက်သရေဆောင်နေတဲ့သတို့သမီးလေး ဖြစ်စေမှာပါ။
Meliá Yangon Hotel ကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီနှစ်နှစ်အတွင်းမှာ မင်္ဂလာမောင်နှံတွေရဲ့ခမ်းနားတဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ပေးနိုင်ခဲ့ပါတယ်။
Wyndham Grand Yangon ကတော့ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ဦးအောင်မြတ်လမ်းနဲ့ ကန်ရိပ်သာလမ်းထောင့်မှာ တည်ရှိပြီး ကန်တော်ကြီးကို အပေါ်စီးကနေကြည့်ရူခံစားနိုင်သည့် Hotel တစ်ခုဖြစ်ပါတယ်။
ဝါကျွတ်တော့မယ်ရင် မင်္ဂလာဆောင်မယ့် သတို့သား၊ သတို့သမီးတွေအတွက် မျက်စိကျလောက်တဲ့ ဝတ်စုံတွေ ၊ တန်ဆာပလာတွေကို အကောင်းဆုံးဆင်မြန်းပြီးတော့ ရိုက်ကူးရေးလုပ်ခဲ့ကြတဲ့ ပုံရိပ်တွေကိုတွေ့မြင်ရမှာပါ။
မင်္ဂလာပွဲလေးတစ်ပွဲမှာဆိုရင်တော့ မင်္ဂလာမောင်နှံလေးတွေကို လာရောက်ဂုဏ်ပြုပေးဖို့အတွက် လူကြီးမင်းတွေကိုဖိတ်ခေါ်တတ်ပါတယ်။