မင်္ဂလာပွဲလေး ခမ်းနားဖို့ဆိုတာ ပန်းအပြင်အဆင်တွေပေါ်မူတည်ပါတယ်။
အတွဲတစ်တွဲမှာ ယောက်ျားလေးဖက်က တစ်ကယ်ချစ်လာပြီဆိုရင်အချစ်ခံရတဲ့ မိန်းကလေးဖက်က အဲ့ဒီဒဏ်ကိုမခံစားနိုင်ကြပါဘူး။
အခုနောက်ပိုင်းတစ်ယောက်နဲ့တစ်ယောက်ချစ်ကြတဲ့အခါ ကြာရှည်ခံတဲ့အချစ်ရေးမျိုးဖြစ်ဖို့ အရင်ကထက်ပိုခက်ခဲလာတာကိုတွေ့ရပါတယ်။
ချစ်သူလေးတွေရဲ့ ဆက်ဆံရေးကိုတစ်ဆင့်ချင်းတက်လှမ်းတဲ့နေရာမှာ စေ့စပ်ပွဲလေးဆိုတာကတော့ လှေကားထစ်လေးတစ်ထစ်ပဲဖြစ်ပါတယ်။
ချစ်သူစုံတွဲတွေ တွဲလာတဲ့သက်တမ်းကြာလာတဲ့အခါ နှစ်ယောက်ကြားမှာ အရင်ကလောက်နွေးထွေးမှုတွေမရှိတော့ဘဲ အချစ်တွေလျော့လာတယ်လို့ခံစားရတတ်ပါတယ်။
အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ ဆိုသလို ကိုယ်နေ့စဉ်တွေ့နေ၊ မြင်နေကြသူကို သဘောကျချစ်မိတာမျိုးဖြစ်နိုင်ပါတယ်။
ချစ်ရတဲ့သူကို ဂရုစိုက်ဖို့မမေ့ပါနဲ့။ အထူးသဖြင့် မိန်းကလေးတွေက ချစ်သူဆီကဂရုစိုက်မှုကိုပိုပြီးလိုအပ်ပါတယ်။
ဦး သာ စိန် ပန်း ဒန်း လှ ကို ရှာ
ဦး သာ - တနင်္ဂနွေနှင့်သောကြာ အိမ်ထောင်ဖက်
စိန် ပန်း - အင်္ဂါနှင့်ကြာသပတေး အိမ်ထောင်ဖက်
ဒန်း လှ - စနေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်
ကို ရှာ - တနင်္လာနှင့် ရာဟု အိမ်ထောင်ဖက်
အိမ်ထောင်ရန်ဖက်
ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ
ဓမ္မာ - စနေနဲ့ ကြာသပတေး အိမ်ထောင်ဖက်ရန် မသင့်
သောက - သောကြာနှင့် တနင်္လာ အိမ်ထောင်ဖက်ရန် မသင့်
အင်းဝ - တနင်္ဂနွေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ရန် မသင့်
ရာဇာ - ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့်
မိတ်ဖက်
အောင် ပ ကုလား ဆွေသား နောင်ရင်း
အောင် ပ - တနင်္ဂနွေနှင့် ကြာသပတေး မိတ်ဖက်သင့်သည်
ကု လား - တနင်္လာနှင့် ဗုဒ္ဓဟူး မိတ်ဖက်သင့်သည်
ဆွေ သား - အင်္ဂါနှင့် သောကြာ မိတ်ဂြိုလ်သင့်သည်
နောင် ရင်း - စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည်
ကမ္ဘာ့ရန်
ဦးညို ခေမာ သုတ ဝေရီ
ဦးညို - တနင်္ဂနွေနှင့် အင်္ဂါ ကမ္ဘာ့ရန်
ခေမာ - တနင်္လာနှင့် ကြာသပတေး ကမ္ဘာ့ရန်
သုတ - သောကြာနှင့် စနေ ကမ္ဘာ့ရန်
ဝေရီ - ဗုဒ္ဓဟူးနှင့် ရာဟု ကမ္ဘာ့ရန်
ခုနှစ်နံနှင့် အုပ်စိုးသည့် သတ္တုရတနာများ
တနင်္ဂနွေ – ကြေးနီ
တနင်္လာ – ပတ္တမြား
အင်္ဂါ – ရွှေ
ဗုဒ္ဓဟူုး – ကျောက်သံပတ္တမြား
ကြာသပတေး -ငွေ
သောကြာ-ပုလဲ
စနေ-သံ
ရက်ရာဇာ ရွေးနည်း
တန်ခူး သာလှ – တန်းခူးလမှာ သောကြာ- ဗုဒ္ဓဟူး
ထွန်းပ ကဆုန် – ကဆုန်လမှာ စနေ – ကြာသပတေး
နယုန်ညွန့်စ – နယုန်လမှာ အင်္ဂါ
အောင်လှဝါဆို – ဝါဆိုလတွင် တနင်္ဂနွေ- ဗုဒ္ဓဟူး
သာလိုဝါခေါင် – ဝါခေါင်လတွင် ဗုဒ္ဓဟူး-သောကြာ
မြတောင် တော်သလင်း -တော်သလင်းလတွင် ကြာသပတေး-စနေ
သီတင်းကျွတ် ဆီ – သီတင်းကျွတ်လတွင် အင်္ဂါ
သောရီ တန်ဆောင်မုန်း – တန်ဆောင်မုန်းလတွင် သောကြာ -ရာဟု ချမ်းတုန် နတ်တော် – နတ်တော်လတွင် တနင်္လာ – စနေ
မိနော်ပြာသို ပြာသိုလတွင် ကြာသပတေး-စနေ
မိညိုတပို့တွဲ တပို့တွဲလတွင် -အင်္ဂါ – ကြာသပတေး
ထဲဝင်တပေါင်း တပေါင်းလတွင် စနေ – ဗုဒ္ဓဟူး
ဆောင်တိုင်းအောင်မည့် ရက်ကောင်းရာဇာဖြစ်ပေသည်။
ပြဿဒါးရက်ရွေးနည်း
တန်ခူးဝါခေါင် ၊ တိမ်တောင်ထွန်းပေါ် လနတ်တော် မေလျာ မြွေနဲ့ကြွက် (စနေ ၊ ကြာသပတေး)
ကဆုန် တော်သလင်း ပြာသိုတွင်း စွယ်ရင်းဖြူစင် ပူးနှင့်ဆင် (သောကြာ ၊ ဗုဒ္ဓဟူး)
နယုန် ဝါကျွတ် နှင်းစွတ်စိုရွှဲ တပို့တွဲ၊ ပျံဝဲတောင်ဟုန် ကျား ဂဠုန် (တနင်္လာ ၊ တနင်္ဂနွေ)
ဝါဆို တန်ဆောင်မုန်း ပူတုန်ချမ်းပြောင်း လတပေါင်း မကောင်းတဲ့နေ့ ဟိုင်းခြင်္သေ့ (ဟိုင်း= ရာဟု ၊ ခြင်္သေ့ = အင်္ဂါ) မကောင်းနေ့များ ပြဿဒါး မုချရှောင်ကာသွား
ဂြိုလ်နေ ဂြိုလ်သက်များ
တနင်္ဂနွေ ဂြိုလ်သက် – ၆နှစ်
တနင်္လာ ဂြိုလ်သက် – ၁၅ နှစ်
အင်္ဂါ ဂြိုလ်သက် – ၈ နှစ်
ဗုဒ္ဓဟူး ဂြိုလ်သက် – ၁၇ နှစ်
ကြာသပတေး ဂြိုလ်သက် – ၁၉နှစ်
သောကြာ ဂြိုလ်သက် – ၂၁ နှစ်
စနေ ဂြိုလ်သက်- ၁၀ နှစ်
ရာဟုဂြိုလ် – ၁၂ နှစ်
အဲဒီ့ဂြိုလ်တွေအားလုံးပေါင်းလိုက်ရင် ၁၀၈ ရတယ်။ ၁၀၈ နဝင်းလို့ခေါ်ကြလေသည်။
Credit : Original Writer
ကောင်လေးတစ်ယောက်က ကိုယ့်ကိုစိတ်ဝင်စားနေတယ်ဆိုတာကို မိန်းကလေးတိုင်းက အလိုလိုသိနေတတ်တာကတော့ ထူးဆန်းတဲ့အရာတစ်ခုပါ။
မင်္ဂလာဆောင်ကျင်းပဖို့အတွက် ခန်းမစဉ်းစားတဲ့အခါ ဘုန်းကြီးကျောင်းကခန်းမတွေမှာပဲဆောင်မလား၊ ဟိုတယ်မှာပဲဆောင်မလားဆိုတာတွေးရမယ့်အချက်ပါ။