ချစ်ရတဲ့သူကို ဂရုစိုက်ဖို့မမေ့ပါနဲ့။ အထူးသဖြင့် မိန်းကလေးတွေက ချစ်သူဆီကဂရုစိုက်မှုကိုပိုပြီးလိုအပ်ပါတယ်။
ဘေးနားမှာ ကိုယ်တစ်ယောက်လုံးရှိနေရက်နဲ့ သူများဆီက ဂရုစိုက်မှုတွေ၊ကြင်နာမှုတွေ၊မက်မောနေရတယ်၊တောင့်တနေရတယ်၊လိုအပ်နေတယ်ဆိုရင် ကိုယ်အသုံးမကျလို့ပါ။
ကိုယ့်ကို တစ်စက်လေးမှ ဂရုမစိုက်တဲ့၊နားလည်မှုမပေးနိုင်တဲ့ ချစ်သူအနားမှာတွယ်ကပ်နေတဲ့ မိန်းကလေးတွေအများကြီးပါ။ ဒါပေမယ့် တစ်နေ့တော့ခံနိုင်ရည်ဆိုတာလျော့လာမှာပဲ စိတ်ပျက်မိတာတွေများလာမှာပဲ။ ငါပစ်ထားတာတောင် ငါ့နားကမခွာနိုင်ဘူးဆိုတဲ့စိတ်မျိုးနဲ့ ကိုယ့်ကိုကိုယ်ဂုဏ်ယူမနေကြပါနဲ့။
ဘယ်လောက်ထက်မြက်တဲ့ မိန်းမဖြစ်ပါစေ အရမ်းပင်ပန်းနေတဲ့အချိန်တွေတော့ ကိုယ့်ချစ်သူရင်ခွင်ထဲ ခေါင်းလေးတိုးပြီး ချွဲနွဲ့ချင်တာပါ။ အလုပ်တွေမအားရင်လည်း ပစ်မထားပါနဲ့။ ဂိမ်းတွေဆော့နေရင်လည်း ပစ်မထားပါနဲ့။
အချိန်ပြည့်မဟုတ်ရင်တောင် သူလိုအပ်မယ်ထင်တဲ့အချိန်လေးတွေ သူ့အတွက်သီးသန့်ပေးထားပါ။ ဂရုစိုက်မှု၊သာယာမှုလေး မပေးနိုင်တဲ့ကိုယ့်ချို့ယွင်းချက်ကြောင့် ကိုယ့်ချစ်သူရဲ့စိတ်တွေ တစ်ခြားတစ်ယောက်ဆီ ယိုင်သွားတာမျိုးမဖြစ်ပါစေနဲ့။
ဂရုမစိုက်ပဲပစ်ထားတတ်တဲ့ သင့်အနားမှာ ဘယ်မိန်းမမှကြာရှည်မနေနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ခုမဟုတ် တစ်ခုတွေးပြီးအမြဲအားငယ်နေတတ်တဲ့ မိန်းမသားတွေမို့လို့ပါ။ ချစ်သူတွေကြားမှာ ဒီကိစ္စက သိပ်အရေးကြီးတဲ့ အရာမဟုတ်ဘူးလို့ ထင်ရပေမယ့်တကယ်တော့မရှိမဖြစ်တဲ့ နွေးထွေးမှုတွေပါ။
အဲဒီနွေးထွေးမှုတွေ မရလို့ ချစ်ပေမယ့် အမြဲ ပြဿနာတက်နေရတဲ့ စုံတွဲတွေ လမ်းခွဲသွားကြတဲ့ စုံတွဲတွေ အများကြီးရှိပါတယ်။ ဝမ်းနည်းစရာကောင်းပေမယ့် ဒါက အမှန်တရားပါ။
ဒါကြောင့် ချစ်တဲ့သူကို ဂရုစိုက်ပေးကြပါနော်။
Credit : Original Writer