အိမ်ထောင်ဦးစီးဆိုတာ ဇနီးမယား၏အားကိုးရာဖြစ်သလို သားသမီးများအတွက်စံနမူနာပုဂ္ဂိုလ် ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ကျင့်တရားကောင်းဖို့တော့လိုအပ်ပါတယ်။
အိမ်ထောင်ဦးစီးတစ်ယောက်ပြုလုပ်သင့်တဲ့ ဒီအချက်တွေနဲ့နေထိုင်သင့်ပါတယ်...
- အလုပ်တစ်ခုကို အတည်တကျ လုပ်ခြင်း
- အသုံးနဲ့အဖြုန်းကို နားလည်ခြင်း
- မိသားစုအတွက် တတ်နိုင်သမျှ အချိန်ပေးခြင်း
- အရက်သေစာ၊ လောင်းကစား၊ အပျော်အပါးများကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း
- သားသမီးများကို အချိန်ရရင် ရသလို နွေးထွေးမှုပေးပြီး ဆုံးမသွန်သင်ခြင်း
- ကိုယ်ကျင့်တရားကို အတတ်နိုင်ဆုံး လုံခြုံအောင် ထိမ်းသိမ်းခြင်း
- ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာကို ရိုသေကိုးကွယ်ခြင်း
- အသိပညာ မြင့်မားအောင် စာဖတ်ခြင်း
- အကောင်းအဆိုးကို ခွဲခြားတတ်ခြင်း
- အမြင်ကျယ်ပြီး စိတ်သဘောထားမြင့်မားခြင်း
- ဇနီးသည်ကို လေးစားတန်ဖိုးထားခြင်း
- အလုပ်ရဲ့ဖိအားကို အိမ်မှာ မပေါက်ကွဲမိစေခြင်း
- တည်ကြည်သောစကား၊ နွေးထွေးသော အပြုအမူနဲ့ အိမ်ရှင်မကို ဂရုစိုက်ခြင်း
- အိမ်ရှင်မကို ရိုက်နှက်ခြင်းနှင့် စကားကြမ်းကြမ်းပြောဆိုခြင်း တို့ကို မပြုလုပ်သင့်ပါ။