တစ်ခါတရံမှာ ယောင်္ကျားလေးတစ်ယောက် ဘာတွေတွေးနေလဲ၊ဘာတွေခံစားနေသလဲဆိုတာကို အလွယ်တကူ အကဲခတ်လို့မရနိုင်ပါဘူး။မိန်းကလေးအများစုဟာ တစ်ခါတရံမှာ ယောင်္ကျားလေး တစ်ယောက်က သူတို့အကြောင်းတွေးနေကြတယ်လို့ထင်ကြပေမဲ့ လွဲသွားတတ်ပါတယ်။
ဒါပေမဲ့ယောင်္ကျားလေးတွေရဲ့ ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲ(body language) ကို ကြည့်ပြီး သူတို့ဘာတွေတွေးနေသလဲဆိုတာကို သိရှိနိုင်ပါတယ်။တစ်ခါတရံမှာ မိန်းကလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက် မထင်မှတ်ဘဲ မျက်လုံးချင်းဆုံ တတ်ကြပေမဲ့ ယောင်္ကျားလေးတစ်ယောက်က သင့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ မျက်လုံးချင်းဆုံအောင်လိုက်ကြည့်နေမယ်ဆိုရင် ဘယ်လိုအဓိပ္ပါယ်ရသလဲ ဆိုတဲ့ အချက်လေးတွေကိုဖော်ပြလိုက်ပါတယ်။
၁။ သင့်ရဲ့မျက်လုံးကိုသူတို့သဘောကျတဲ့အတွက်ကြောင့်
သင်မှာသိသာထင်ရှားပြီးလှပတဲ့ မျက်လုံးတစ်စုံရှိနေရင် ယောင်္ကျားလေးများကမျက်လုံးချင်းဆုံအောင်လိုက်ကြည့်တတ်ပါတယ်။ဒါကြောင့်သင့်မျက်လုံးကအရမ်းတောက်ပနေတယ်ဆိုရင် ယောင်္ကျားလေးများသင့်မျက်လုံးကို ကြည့်တာဟာလှလို့ကြည့်တာသာဖြစ်ပါတယ်။
၂။ သင့်ကဆွဲဆောင်မှုရှိတယ်လို့သူတို့ထင်ကြတယ်
ယောင်္ကျားလေးတစ်ယောက်က သင့်မျက်လုံးကိုစိုက်ကြည့်ခြင်းရဲ့ နောက်အဓိပ္ပါယ်တစ်ခုဟာ သင်ကဆွဲဆောင်မှုရှိတယ်လို့ထင်ကြလို့ဖြစ်ပါတယ်။လူအများစုဟာ သူတို့နှစ်သက်သဘောကျတဲ့လူတွေနဲ့ မျက်လုံးချင်းဆုံဖို့ကြိုးစားတတ်ကြပါတယ်။
၃။ သင့်ကိုနှစ်သက်လို့ဖြစ်ပါတယ်
သိသာတဲ့အချက်တော့ရောက်လာပါပြီ။ယောင်္ကျားလေးတစ်ယောက်က သင့်ကိုနှစ်သက်နေမယ်ဆိုရင် သူကသင့်နဲ့မျက်လုံးချင်းဆုံဖို့ကြိုးစားပါလိမ့်မယ်။မိန်းကလေးတစ်ယောက်အနေနဲ့ ယောင်္ကျားလေးတစ်ယောက်ကသူ့ကို နှစ်သက်နေရင် ပင်ကိုယ်စိတ်အရကိုအလိုလိုသိနေနိုင်ပြီးတော့သင်နဲ့နီးကပ်ဖို့ကြိုးစားနေလား၊သင့်ကို ဘာစကားတွေပြောလဲ၊ပုဂ္ဂိုလ်ရေးဆိုင်ရာမေးခွန်းတွေမေးလား စတဲ့အချက်တွေကိုကြည့်ပြီးတော့လည်းအကဲ ဖြတ်နိုင်ပါတယ်။
၎။ သင်နဲ့မျက်လုံးချင်းဆုံအောင်ပဲကြည့်တယ်
သင်ဟာတကယ်လို့အရမ်းတိုတဲ့စကပ်၊ဒါမှမဟုတ် အရမ်းဟိုက်တဲ့အင်္ကျီ ၀တ်လာမယ်ဆိုရင်သင်ကိုနှစ်သက်နေတဲ့ ယောင်္ကျားလေးဟာအဲ့ဒီအပိုင်းတွေကိုသိပ်မကြည့်ပဲ သင်နဲ့မျက်လုံးချင်းဆုံအောင်ပဲကြည့်တတ်ပါတယ်။ဒီအဓိပ္ပါယ်ဟာ သူကလူကြီးလူကောင်းတစ်ယောက်ဖြစ်ကြောင်း သင့်ကိုပြသနေခြင်းပဲဖြစ်ပါတယ်။
၅။ ယောင်္ကျားလေးတွေဟာသင့်အပေါ်ဘာစိတ်မှမရှိဘဲယဉ်ကျေးတဲ့သူတွေသာဖြစ်တယ်
စကားဝိုင်းတစ်ခုမှာ စကာပြောတဲ့လူနဲ့နားထောင်တဲ့လူအချင်းချင်း မျက်လုံးခြင်းဆုံပြီးစကားပြောတယ်ဆိုတာ ယဉ်ကျေးတယ်လို့ယူဆကြပါတယ်။တစ်ယောက်ယောက် စကားပြောနေစဉ် မျက်လုံးချင်းဆုံအောင်ကြည့်တာဟာ မှန်ကန်တဲ့ အရာတစ်ခုဖြစ်ပြီးယောင်္ကျားလေးတစ်ယောက်ကသင်စကားပြောနေစဉ်မှာသင်နဲ့မျက်လုံးချင်းဆုံအောင်ကြည့်နေရင် သူဟာတခြားဘာစိတ်မှမရှိဘဲစကားဝိုင်းမှာယဉ်ကျေးတဲ့သူတစ်ယောက်လို့လည်း ယူဆလို့ရပါတယ်။
၆။ သူ့အပေါ်သင်ရဲ့ထင်မြင်ချက်ပိုကောင်းအောင်ကြိုးစားနေခြင်းလည်းဖြစ်ပါတယ်
ယောင်္ကျားလေးတစ်ယောက်က ကြာရှည်တဲ့မျက်လုံးချင်းဆုံအောင်ကြိုးစားနေတယ်ဆိုရင် အဆိုပါယောင်္ကျားလေးကသင့်က သူ့ကို ပိုပြီးကြာရှည်စွာမှတ်မိစေနေချင်တဲ့အတွက်ဖြစ်ပါတယ်။အကယ်၍ ယောင်္ကျားလေးတစ်ယောက်က သင်နဲ့မျက်လုံးချင်းဆုံအောင်ကြည့်ဖို့ကြိုးစားနေပြီဆိုရင် သင့်အနေနဲ့ကောက်ချက်ချမစောသင့်ပဲ သူရဲ့တခြားသော Body Language များကိုလည်းလေ့လာပြီး အကဲဖြတ်သင့်ပါတယ်။
Credit;Aunty May