ဘဝလက်တွဲဖော်ဆိုတာ အပျော်ထားအပ်တဲ့အရာမဟုတ်လို့ ဖျော်ရည်အတူသောက်နိုင်ရုံနဲ့ မရွေးချယ်သင့်ပါဘူး။
ဘဝလက်တွဲဖော်ဆိုတာ ယမကာတစ်ပုလင်းမဟုတ်လို့ ခဏတာမူးရစ်ချင်ရုံအတွက်နဲ့လည်း မရွေးချယ်သင့်ပါဘူး။
ဘဝလက်တွဲဖော်ဆိုတာ ခဏတာအတွက်မဟုတ်လို့ တွေ့ကရာလူရှာမယ် စိတ်ကူးနဲ့လည်း မရွေးချယ်သင့်ပါဘူး။
ဘဝလက်တွဲဖော်ဆိုတာ အာပလာလူတစ်ယောက်မဖြစ်သင့်သလို အချစ်သာအဓိကဆိုတဲ့စိတ်နဲ့လည်း မရွေးချယ်သင့်ပါဘူး။
ဘဝလက်တွဲဖော်ဆိုတာ ပညာတတ်ဂုဏ်ကြီးကျယ်တဲ့ ဘွဲ့လက်မှတ်ရှိယုံနဲ့လည်း မရွေးချယ်သင့်ပါဘူး။
ဘဝလက်တွဲဖော်ဆိုတာ ပစ္စည်း ဥစ္စာကြွယ်ဝပြီး တိုက်တွေ ကားတွေ ပိုင်ဆိုင်ရုံနဲ့လည်း မရွေးချယ်သင့်ပါဘူး။
ဘဝလက်တွဲဖော်ဆိုတာ ကိုယ့်တစ်ယောက်အတွက် သေဖော်ရှင်ဖက်ဖြစ်သူ မရှိအတူရှိအတူ နားလည်မှု ပေးနိုင်သူကိုသာရွေးချယ်ပါ။
ဘဝလက်တွဲဖော်ဆိုတာ မိမိရဲ့ချို့ယွင်းချက်မှန်သမျှကို သိသိကြီးနဲ့လုံးဝနောက်ဆုတ်တွေဝေသွားခြင်းဆိုတာမရှိပါဘူး။
နောက်ဆုံးထွက်သက်ထိမိမိရဲ့လက်ကိုရဲဝင့်စွာကိုင်ဆွဲပြီး ဖြစ်ပေါ်လာသမျှ ပြဿနာပေါင်းစုံကိုအတူတူ ဖြေရှင်းပေးမဲ့သူ၊ ဂရုစိုက်မှု၊ ယုံကြည်ပေးမှုတွေနဲ့ပေးဆပ်ပြီး ထာဝရချစ်မဲ့သူက မိမိရဲ့ဘဝလက်တွဲဖော်စစ်စစ်ပါ။
ဘဝလက်တွဲဖော်ဆိုတာ ကြုံသလို ရွေးချယ်လို့မရပါဘူး။ကိုယ့်ဘဝနဲ့ အံဝင်ဂွင်ကျ ဖြစ်ဘို့လိုပါတယ်။
ဘဝလက်တွဲဖော်ဆိုတာအရမ်းချမ်းသာဖို့မလိုပါဘူး ကိုယ်နဲ့အတူချမ်းသာအောင် ကြိုးစားတဲ့သူဖြစ်ဖို့သာလိုသလို ဆင်းရဲတဲ့အခါလည်း ကြံ့ကြံ့ခိုင်ရင်ဆိုင်ရဲတဲ့သူဖြစ်ဘို့လိုပါတယ်။
ဘဝလက်တွဲဖော်ဆိုတာ ပန်းချီကားတစ်ချပ်လိုပါပဲ ကိုယ်တိုင်ဖန်တီးနိုင်ဖို့ထက် ခံစားနားလည်ပေးတတ်ဖို့ကပိုအရေးကြီးပါတယ်။
Credit;original uploader