ချစ်သူတွေကြား လမ်းခွဲမယ်လို့ခဏခဏပြောလေ့ရှိခြင်းဟာ မကောင်းပါဘူး....
လမ်းခွဲကြရအောင်ဆိုပြီး အလွယ်ပြောဆိုလိုက်တဲ့စကားဟာ တစ်ဖက်လူရဲ့ရင်ဘတ်ထဲကို ပူလောင်စေပါတယ်။
ထစ်ခနဲရှိ ဒီစကားကိုပဲ ပြောဆိုနေခြင်းဟာ ကောင်းမွန်တဲ့အကျင့်တစ်ခု မဟုတ်ပါဘူး။
ပြသနာတွေကို ဖြေရှင်းတဲ့စကားမဟုတ်တဲ့အတွက် လမ်းခွဲမယ်ဆိုတဲ့စကားကို ရှောင်ကြဉ်သင့်ပါတယ်။
အတတ်နိုင်ဆုံး ကတောက်ကဆ ဖြစ်နေချိန်မှာ လမ်းခွဲကြအောင်ဆိုတဲ့စကားကို ယောင်လို့တောင် မပြောမိပါစေနဲ့။
သင် သူ့ကို တကယ်ချစ်သေးတယ် ဆိုရင်ပေါ့....
Credit;Love Shop