အချစ်ရေးမှာ လူနှစ်ယောက်ချစ်နေဖို့ အဓိက ၊ ချစ်နေရင်ပြီးရောဆိုပြီး တွေးလို့မရပါဘူး။ ချစ်သူနှစ်ယောက် သက်ဆုံးထိလက်တွဲနိုင်ဖို့အချစ်ထက် အရေးကြီးတဲ့အရာတွေ အများကြီးရှိပါတယ်။
(၁) အပြန်အလှန်ယုံကြည်မှု
တစ်ယောက်နဲ့တစ်ယောက်ကြား အပြန်အလှန်ယုံကြည်မှုရှိဖို့က အချစ်ထက်အရေးကြီးတဲ့အရာတစ်ခုပါ။ တစ်သက်လုံးလက်တွဲဖို့ ဆုံးဖြတ်ထားရင် ဒီလိုယုံကြည်မှုရှိဖို့က ပိုတောင်လိုအပ်ပါသေးတယ်။
(၂) တစ်ယောက်ကိုတစ်ယောက် အလေးထားမှု
အလေးထားမှုမရှိရင် အချစ်ဆိုတာ ရေရှည်တည်မြဲနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ချစ်သူနဲ့အမြဲတမ်းလက်တွဲသွားချင်ရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အလေးထားမှုရှိဖို့ လိုပါတယ်။
(၃) ပျော်ရွှင်မှု
ပျော်ရွှင်မှုမရှိတဲ့ အချစ်ရေးဆိုမှတော့ ဘယ်လိုလုပ်ရေရှည်ခံပါတော့မလဲ။ ပျော်ချင်လို့ချစ်သူထားတာရယ်လို့တော့မဟုတ်ပေမယ့် ပျော်ရွှင်မှုရှိမှအချစ်ဆိုတာလည်း ရှိနေမှာပါ။ ဒါကြောင့် သင့်မှာချစ်သူရှိရင် ချစ်သူကို ပျော်ရွှင်အောင်လုပ်ပေးဖို့ မမေ့ပါနဲ့နော်။
(၄) လွတ်လပ်မှု
ချစ်သူနှစ်ယောက်မှာ တစ်ယောက်ယောက်က အရမ်းတွယ်ကပ်လွန်းနေရင် စိတ်ညစ်စရာကြီးပါ။ နှစ်ယောက်က လွတ်လပ်တဲ့သူတွေဖြစ်ရင်တော့ အကောင်းဆုံးမို့ မှီခိုတတ်တဲ့သူ၊ တွယ်ကပ်လွန်းတဲ့သူ မဖြစ်အောင် နေသင့်ပါတယ်။
(၅) အမြဲမပြတ်ဆက်သွယ်မှု
နှစ်ယောက်ကြားမှာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အဆက်အသွယ်အကြာကြီးပြတ်နေတာမျိုးက မကောင်းပါဘူး။ ဝေးနတဲ့သူတွေက ဒီအချက်ကိုပိုဂရုစိုက်သင့်ပါတယ်။ ငါတို့ချစ်နေကြတာပဲဆိုပြီး အဆက်အသွယ်မလုပ်ဘဲ နေလိုက်မယ်ဆိုရင် ခံစားချက်တွေ အေးစက်သွားပါလိမ့်မယ်။
(၆) ကိုယ့်ကိုယ်ကိုကျေနပ်မှု
နှစ်ယောက်လုံးက စိတ်ကျေနပ်မှု၊ ရောင့်ရဲတတ်မှုရှိဖို့ လိုပါတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ ချစ်သူအပေါ်မှာ စိတ်ကျေနပ်မှုမရှိရင် အချစ်တွေရေရှည်တည်တံ့ဖို့ သိပ်မဖြစ်နိုင်ပါဘူး။
Credit;Aunty May