(၁) တခြားရွေးချယ်စရာမရှိလို့
ဒီအကြောင်းပြချက်ကို သုံးတဲ့ သူများကတော့သူတို့ကိုယ်တိုင် မထိန်းချုပ်နိုင်သော ဆန္ဒအရဖြောက်ပြန်ပြီး မတက်သာလို့ပါဟု တစ်ဖက်လူကိုရော ကိုယ်တိုင်ရောချွေးသိပ်ကြတာ ဖြစ်ပါတယ်။
(၂) အောက်စီတိုစင်ဓာတ် လျော့ပါးရခြင်း
အောက်စီတိုစင်ဓာတ်ဆိုသည်မှာ ဖိုမဆက်ဆံရေးကြားရှိ အာရုံခံစားမှု့ဟော်မုန်းပင်ဖစ်သည်။ ယင်း ဟော်မုန်းဓာတ် မရရှိ မခံစားရခြင်းကြောင့် ဖောက်ပြန်စေပါတယ်။
(၃) အလုပ်ကိစ္စနှင့် ခရီးထွက်ရခြင်း
ဖောက်ပြန်နေသော ယောက်ကျာ်း ၃ပုံ ၁ပုံ က အလုပ်ကိစ္စနှင့် ခရီးထွက်စဉ် ဖောက်ပြန်ဖူးသောသူများ ဖြစ်ကြတယ်။ မိန်းမ ၁၃ ရာခိုင်နူန်းကတော့ အလုပ်မှာမေတ္တာမျှနေကြ ပါတယ်။ အိမ်ထောင်သက် ၆နှစ် မှ ၉နှစ် အတွင်း ပိုမိုမြင့်တတ်လာပြီး အိမ်ထောင်ပြိုကွဲလာပါတယ်။
(၄) လူမှုရေးကွန်ရက်ပေါ်တွင်ပိုမို အချိန်ဖြန်းခြင်း
ဖေ့ဘွတ်ကဲ့သို့ ဆိုရှယ်မီဒီယာများ ပေါ်တွင် အချိန်အဖြုန်းများသော စုံတွဲများဟာ တစ်ဦးပေါ်တစ်ဦးဂရုစိုက်ဖို့ မေ့လျော့လာပြီး ထိုအကြောင်းအရင်းကြောင့်ပင် နှစ်ဦးနှစ်ဖက်လုံးအတွက် ဖောက်ပြန်စေသောအခြေအနေကို ဖြစ်ပေါ်စေပါတယ်။
(၅) ဘဝအခြေအနေ ဆိုဝါးမှုကြောင့် ငြင်းပယ်နိုင် စွမ်းမရှိခြင်း
လူတိုင်းဘဝမှာ ပြဿနာတွေစုပုံတတ်သောအချိန်ဆိုတာ ရှိပါတယ်။ အဲ့အချိန်မှာ အချို့ကတော့ ကြံ့ခိုင်လေ့ရှိပြီး အချို့ကတော့ ဖျားယောင်းသွေးဆောင်ခံလိုက်ပါတယ်။ ဒီလို အခြေအနေကတော့ အသက်၂၉ ၃၉ ၄၉ များ၌ ဖြစ်လေ့ရှိပါတယ်။
(၆) ငြီးငွေ့ စရာကောင်းလာသောဆက်ဆံရေး
သာယာဖွယ်ကောင်းလှသောဖိုမဆက်ဆံရေး ခံစားမှုများ ကုန်ဆုံးလာခြင်းကလည်း ဖောက်ပြားမှုကို ဖြစ်ပေါ်စေပါတယ်။
(၇) ပတ်ဝန်းကျင်နှင့် အတိတ်ဟောင်း၏ အကျိုးသက်ရောက်မှု
သစ္စာအဖောက်ခံဖူးသောသူတို့ စိတ်ထဲမှာနောက်လူတွေကိုအယုံကြည်မဲ့သွားသလို ဖောက်ပြားသောယောက်ကျာ်းများ၏ ၇၅ ရာခိုင်နှူန်းက လည်းဖောက်ပြန်တတ်သော သူငယ်ချင်းမျာလွှမ်းမိုးမှုကြောင့် ဖောက်ပြန်လေ့ရှိပါတယ်။
(၈) တစ်ဦးနှင့်တစ်ဦးဝေးကွာလာခြင်း
တစ်ဦးနှင့်တစ်ဦးစကားကောင်းကောင်း မပြောဖြစ်ခြင်းကစုံတွဲများအကြား ဝေးကွာလာစေပြီး ဖောက်ပြန်စေပါတယ်။သဘာဝအရ ယောက်ကျာ်းများဖို့ လိင်မှု့ကိစ္စကအရေးကြီးဆုံးဟုဆိုသော်လည်း စိတ်ခံစားချက်များ လျှစ်လျှုရှု့ခံရခြင်းကြောင့်ဝေးကွာလာကြပါတယ်။
Credit;Min Thu (Daily Hot News )