လူတစ်ယောက်ရဲ့အပြုအမူတွေ၊ စကားလုံးတွေကတဆင့် သူရဲ့လက်ရှိစိတ်အခြေအနေကို အနီးစပ်ဆုံးခန့်မှန်းလို့ရနိုင်ပါတယ်။
အချစ်ရေးမှာလည်း အဲ့ဒီအတိုင်းပါပဲ။ သင့်အနေနဲ့ သင့်ချစ်သူရဲ့ အပြုအမူတွေကိုကြည့်ပြီး သူဟာသင်နဲ့ရေရှည်မတွဲခုတ်ချင်တော့ဘူးဆိုတာကို ခန့်မှန်းသိနိုင်ပါတယ်။ သင်နဲ့ရေရှည်လက်တွဲဖို့မစဉ်းစားထားတဲ့သူတစ်ယောက်မှာ ဒီအပြုအမူတွေကိုတွေ့ရမှာပါ။
(၁) အနာဂတ်အကြောင်းမပြောဘူး
သူ့အနေနဲ့ သင်နဲ့ရှေ့ဆက်ဖို့စိတ်ကူးမရှိတဲ့အခါ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့စဉ်းစားထားတာတွေကို ပြောမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့သူ့ရဲ့ အနာဂတ်အတွက် အစီအစဉ်တွေမှာ သင့်အတွက်ထည့်စဉ်းစားထားတာမျိုးမရှိလို့ပါ။
(၂) သူ့ရဲ့မိသားစုဝင်တွေ၊သူငယ်ချင်းအရင်းတွေနဲ့တွေ့ပေးဖို့ဝန်လေးတယ်
သင်တို့နှစ်ယောက်ရဲ့အကြောင်းကို မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို အသိပေးဖို့ ၀န်လေးနေတယ်၊ သူတို့နဲ့သင့်ကိုတွေ့ပေးဖို့ ၀န်လေးနေတယ်ဆိုရင် ၊ မိတ်ဆက်ပေးဖို့ အကြောင်းအမျိုးမျိုးပြနေတယ်ဆိုရင် ဒီအချစ်ရေးအတွက် သူ့ဘက်ကလေးနက်မှု မရှိတာသေချာပြီပေါ့။
(၃) တစ်ခုခုဆုံးဖြတ်ရာမှာသင့်အကြံကိုမယူဘူး
အရေးကြီးကိစ္စဖြစ်ဖြစ်၊ အရေးမကြီးတဲံ ကိစ္စအတွက်ပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခုခုချရာမှာ သူ့သဘော၊သူ့စိတ်ကြိုက်ပဲအမြဲလုပ်လေ့ရှိတယ်။ ဘယ်နေရာမှာမှ သင့်ကို မတိုင်ပင်ဘူး၊ သင့်အကြံကို မယူဘူးဆိုတာ သူ့ဘက်က သင်နဲ့ရေရှည်လက်တွဲဖို့ မစဉ်းစားထားလို့ပါ။
(၄) လျှို့ဝှက်ထားတာတွေအရမ်းများတယ်
ချစ်သူတွေဆိုတာနဲ့ အရာအားလုံးကိုဖွင့်ပြောပြထားဖို့မလိုပေမယ့် သိဖို့လိုအပ်တဲ့အချက်အလက်တချို့ကိုတော့ ပွင့်ပွင့်လင်းလင်းပြောပြထားရမှာပါ။ သင့်ချစ်သူက ဘာဆိုဘာမှပေးမသိဘူး၊ သူ့ရဲ့အရာအားလုံးကို လျှို့ဝှက်ထားတယ်ဆိုရင်တော့ သိပ်မဟုတ်တော့ပါဘူးနော်။ ဒါဟာ သင်တို့နှစ်ယောက်ရေရှည်လက်တွဲဖို့မဖြစ်နိုင်တဲ့အချက်တွေထဲက တစ်ခုဖြစ်လို့နေပါတယ်။
Credit;Aunty May