ဦး သာ စိန် ပန်း ဒန်းလှကိုရှာ
ဦး-သာ တနင်္ဂနွေနှင့်သောကြာအိမ်ထောင်ဖက်
စိန်-ပန်း အင်္ဂါနှင့်ကြာသပတေးအိမ်ထောင်ဖက်
ဒန်း-လှ စနေနှင့် ဗုဒ္ဓဟူး အိမ် ထောင်ဖက်
ကို-ရှာ တနင်္လာနှင့် ရာဟု အိမ်ထောင်ဖက်
အိမ်ထောင်ရန်ဖက်
ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ
ဓ မ္မာ – စနေနဲ့ ကြာသပတေး အိမ်ထောင်ဖက်ရန် မသင့်
သော က – သောကြာနှင့် တနင်္လာ အိမ်ထောင်ဖက်ရန် မသင့်
အင်း-၀ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ရန် မသင့်
ရာ-ဇာ ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့်
မိတ်ဖက်
အောင် ပ ကုလား ဆွေသား နောင်ရင်း
အောင် ပ တနင်္ဂနွေနှင့် ကြာသပတေး မိတ်ဖက်သင့်သည်
ကု လား တနင်္လာနှင့် ဗုဒ္ဓဟူး မိတ်ဖက်သင့်သည်
ဆွေ သား အင်္ဂါနှင့် သောကြာ မိတ်ဂြိုလ်သင့်သည်
နောင် ရင်း စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည်
ကမ္ဘာ့ရန်
ဦးညို ခေမာ သုတ ဝေရီ
ဦး-ညို တနင်္ဂနွေနှင့် အင်္ဂါ ကမ္ဘာ့ရန်
ခေ-မာ တနင်္လာနှင့် ကြာသပတေး ကမ္ဘာ့ရန်
သု-တ သောကြာနှင့် စနေ ကမ္ဘာ့ရန်
ဝေ-ရီ ဗုဒ္ဓဟူးနှင့် ရာဟု ကမ္ဘာ့ရန်
ခုနှစ်နံနှင့် အုပ်စိုးသည့် သတ္တုရတနာများ
တနင်္ဂနွေ – ကြေးနီ
တနင်္လာ – ပတ္တမြား
အင်္ဂါ – ရွှေ
ဗုဒ္ဓဟူုး – ကျောက်သံပတ္တမြား
ကြာသပတေး -ငွေ
သောကြာ-ပုလဲ
စနေ-သံ
ရက်ရာဇာ ရွေးနည်း
တန်ခူး သာလှ – တန်းခူးလမှာ သောကြာ- ဗုဒ္ဓဟူး
ထွန်းပ ကဆုန် – ကဆုန်လမှာ စနေ – ကြာသပတေး
နယုန်ညွန့်စ – နယုန်လမှာ အင်္ဂါ
အောင်လှဝါဆို – ၀ါဆိုလတွင် တနင်္ဂနွေ- ဗုဒ္ဓဟူး
သာလိုဝါခေါင် – ၀ါခေါင်လတွင် ဗုဒ္ဓဟူး-သောကြာ
မြတောင် တော်သလင်း -တော်သလင်းလတွင် ကြာသပတေး-စနေ
သီတင်းကျွတ် ဆီ – သီတင်းကျွတ်လတွင် အင်္ဂါ
သောရီ တန်ဆောင်မုန်း – တန်ဆောင်မုန်းလတွင် သောကြာ -ရာဟု ချမ်းတုန် နတ်တော် – နတ်တော်လတွင် တနင်္လာ – စနေ
မိနော်ပြာသို ပြာသိုလတွင် ကြာသပတေး-စနေ
မိညိုတပို့တွဲ တပို့တွဲလတွင် -အင်္ဂါ – ကြာသပတေး
ထဲဝင်တပေါင်း တပေါင်းလတွင် စနေ – ဗုဒ္ဓဟူး
ဆောင်တိုင်းအောင်မည့် ရက်ကောင်းရာဇာဖြစ်ပေသည်။
ပြဿဒါးရက်ရွေးနည်း
တန်ခူးဝါခေါင် ၊ တိမ်တောင်ထွန်းပေါ် လနတ်တော် မေလျာ မြွေနဲ့ကြွက် (စနေ ၊ ကြာသပတေး)
ကဆုန် တော်သလင်း ပြာသိုတွင်း စွယ်ရင်းဖြူစင် ပူးနှင့်ဆင် (သောကြာ ၊ ဗုဒ္ဓဟူး)
နယုန် ၀ါကျွတ် နှင်းစွတ်စိုရွှဲ တပို့တွဲ၊ ပျံဝဲတောင်ဟုန် ကျား ဂဠုန် (တနင်္လာ ၊ တနင်္ဂနွေ)
ဝါဆို တန်ဆောင်မုန်း ပူတုန်ချမ်းပြောင်း လတပေါင်း မကောင်းတဲ့နေ့ ဟိုင်းခြင်္သေ့ (ဟိုင်း= ရာဟု ၊ ခြင်္သေ့ = အင်္ဂါ) မကောင်းနေ့များ ပြဿဒါး မုချရှောင်ကာသွား
ဂြိုလ်နေ ဂြိုလ်သက်များ
တနင်္ဂနွေ ဂြိုလ်သက် – ၆နှစ်
တနင်္လာ ဂြိုလ်သက် – ၁၅ နှစ်
အင်္ဂါ ဂြိုလ်သက် – ၈ နှစ်
ဗုဒ္ဓဟူး ဂြိုလ်သက် – ၁၇ နှစ်
ကြာသပတေး ဂြိုလ်သက် – ၁၉နှစ်
သောကြာ ဂြိုလ်သက် – ၂၁ နှစ်
စနေ ဂြိုလ်သက်- ၁၀ နှစ်
ရာဟုဂြိုလ် – ၁၂ နှစ်
အဲဒီ့ဂြိုလ်တွေအားလုံးပေါင်းလိုက်ရင် ၁၀၈ ရတယ် ၁၀၈ န၀င်းလို့ခေါ်ကြလေသည်။
Credit;Original Writer