အချစ်ရေးမှာကံမဆိုးချင်ဘူးဆိုရင် ဒီလိုလူ (၁၀) မျိုးကို ရှောင်ဖြစ်အောင် ရှောင်ပါ

အချစ်ရေးမှာကံမဆိုးချင်ဘူးဆိုရင် ဒီလိုလူ (၁၀) မျိုးကို ရှောင်ဖြစ်အောင် ရှောင်ပါ google

လူတချို့ရဲ့ အကျင့်စရိုက်တွေဟာ အချစ်ရေးမှာ အဆင်မပြေနိုင်လောက်တဲ့ အမူအကျင့်မျိုးတွေ ရှိတတ်ကြပြီး သူတို့တွေနဲ့ ချစ်မိတဲ့သူကတော့ တော်တော်ကို ကံဆိုးတာလို့ ပြောရမယ့် အနေအထားမျိုးအထိ ဖြစ်နေတတ်ကြပါတယ်။

 

 

ဒါကြောင့် သင့်အနေနဲ့ အချစ်ရေးမှာ ကံဆိုးမှုတွေ မကြုံတွေ့ချင်ရင် ဒီလိုလူမျိုးတွေကို သတိထားရှောင်ပါ။

 

 

() စာအုပ်ကြီးသမား

 

ဒါဆိုဒါပဲ တစ်သွေမတိမ်း မှတ်ထားပြီး နည်းနည်းလေးမှ လွဲချော်လို့မရတဲ့ စာအုပ်ကြီးသမားတွေနဲ့ ချစ်သူဖြစ်ရင် စိတ်ကျဉ်းကျပ်ရလွန်းလို့ ရူးနိုင်ပါတယ်။

 

 

() သ၀န်ကြောင်လွန်းသူ

 

ရည်းစားဟောင်းနဲ့သ၀န်တို၊ သူငယ်ချင်းနဲ့သ၀န်တို ၊ နောက်ဆုံး မိသားစုနဲ့ပါသ၀န်တိုတတ်တဲ့ သူတွေကိုလည်းဝေးဝေးကရှောင်ရမှာပါ။

 

 

() လူလိမ်

 

ကိစ္စကြီးကြီးသေးသေး၊ အရာအားလုံး လိမ်ပြောရမှ နေသာထိုင်သာရှိတဲ့သူမျိုးတွေကိုသာ ချစ်မိလို့ကတော့ ငါးပါးမှောက်မှာပါနော်။

 

 

() ဒရာမာကင်း/ကွင်း

 

မက်ဆေ့ခ်ျမပို့လို့၊ ဖုန်းမဆက်လို့၊ surprise မလုပ်လို့ ၊ ဘာမလုပ်လို့၊ ညာမလုပ်လို့ အဲ့ဒီလို အကြောင်းပြချက်များစွာနဲ့ ဇာတ်နာနိုင်လွန်းသူတွေလည်း ရှောင်သင့်တဲ့အထဲမှာပါနေပါတယ်။

 

 

() ကလေးစိတ်မကုန်သေးသူ

 

ချစ်သူရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် နေရာတကာ လိုက်ဖြေရှင်းပေးနေရမယ့် ကလေးဆန်လွန်းသူတွေနဲ့တွဲမယ်ဆိုရင်တော့ နည်းနည်းစဉ်းစားပါဦးနော်။

 

 

() အလုပ်ဦးစားပေး

 

ကိုယ်က ဂရုစိုက်ခံချင်တယ်၊ ချစ်သူနဲ့ ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးနေချင်တယ်ဆိုရင်တော့ အလုပ်က နံပါတ်() ချစ်သူက နံပါတ်() ဆိုတဲ့သူတွေကို မချစ်မိပါစေနဲ့။

 

 

() စရိုက်မတူကွဲပြားလွန်းတဲ့သူ

 

အသွင်မတူဘဲလည်း အိမ်သူဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်နဲ့သူက ဆီနဲ့ရေလို စရိုက်ကွာဟလွန်းနေရင် ညှိယူရမှာတွေသိပ်များတာကြောင့် ပျော်ရွှင်မှုထက် စိတ်ပင်ပန်းမှုတွေပိုများနိုင်ပါတယ်။

 

 

() စိတ်တိုင်းမကျနိုင်လွန်းသူ

 

ပန်းစည်းလက်ဆောင်ပေးရင် အိတ်လိုချင်တယ်၊ အင်္ကျီဝယ်ပေးရင် ပန်းစည်းလိုချင်တယ်၊ အဲ့ဒီလိုမျိုး ဘာပဲလုပ်ပေးလုပ်ပေး စိတ်တိုင်းမကျနိုင်လွန်းတဲ့သူတွေနဲ့တွဲမယ်ဆိုရင်တော့ နောက်တစ်ခေါက်ပြန်စဉ်းစားဖို့တိုက်တွန်းချင်ပါတယ်။

 

 

() မူးယစ်ဆေးစွဲနေသူ

 

မူးယစ်ဆေးတစ်မျိုးမျိုးစွဲနေတဲ့သူတစ်ယောက်က သင့်ကိုအရမ်းချစ်ပြီး၊ဂရုစိုက်တာမျိုးရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကြောင့်ရတဲ့ ပျော်ရွှင်မှုက ရေရှည်တည်မြဲဖို့မသေချာတာမို့ မရွေးချယ်သင့်တဲ့သူထဲမှာပါပါတယ်။

 

 

(၁၀) တစ်ကိုယ်ကောင်းဆန်လွန်းသူ

 

အရာအားလုံး သူ့စိတ်ကြိုက်၊သူ့သဘော၊ ကိုယ့်ဘက်ကိုနည်းနည်းလေးမှထည့်မစဉ်းစားတဲ့သူမျိုးကို ချစ်မိပြီဆိုမှတော့ ကံဆိုးပြီပေါ့။ တစ်ကိုယ်ကောင်းဆန်လွန်းပြီး ကိုယ့်ကိုချောင်ထိုးထားမယ့်သူမျိုးကိုလည်း ရှောင်နိုင်ပါစေနော်။

 

 

Credit;Aunty May

Read times Last modified on Saturday, 12 January 2019 10:22
Rate this item
(1 Vote)