အိမ်ထောင်ကျသွားတဲ့အမျိုးသမီးတစ်ဦးရဲ့နုပျိုနေခြင်းဟာ ရွေးချယ်ထားတဲ့အိမ်ထောင်ဖက်အပေါ်မူတည်ပါတယ်

အိမ်ထောင်ကျသွားတဲ့အမျိုးသမီးတစ်ဦးရဲ့နုပျိုနေခြင်းဟာ ရွေးချယ်ထားတဲ့အိမ်ထောင်ဖက်အပေါ်မူတည်ပါတယ် google

မိန်းကလေးတစ်ယောက်ရဲ့စိတ်ပျိုကိုယ်နုခြင်းဆိုတာ အပျိုဘဝမှာ မိဘနဲ့ဆိုင်သလို အိမ်ထောင်သည်ဘဝမှာ ရွေးချယ်ထားတဲ့ အိမ်ထောင်ဖက်ပေါ်မူတည်သွားပါပြီ။

 

အပျိုဘဝတုန်းက အေးချမ်းပျော်ရွှင်စွာနေထိုင်ဖို့ကို ကိုယ်တိုင် မဆုံးဖြတ်ခဲ့ရပင်မဲ့ အိမ်ထောင်သည်ဘဝထဲ ၀င်တော့မယ်ဆိုရင် ကိုယ်တစ်သက်လုံးပျော်ရွင်အေးချမ်းရဖို့အတွက်ကိုယ့်ဘာသာကိုယ် ရွေးချယ်မှုမှန်ကန်မှဖြစ်ပါတော့မယ်။

 

လူတိုင်းကတော့ အကောင်းဆုံးဆိုတာတွေချည်းလိုချင်ကြပင်မဲ့ တစ်ခုမကောင်းတစ်ခုကောင်းဘက်မျှအောင်ပေးထားတဲ့ လူဘ၀ကြီးထဲမှာ ကိုယ်လိုချင်တာနဲ့တစ်ထပ်တည်းကျဖို့ထက်ကိုယ့်စိတ်နဲ့ကိုယ့်ဘဝတစ်လျှောက်လုံးကို အေးချမ်းပျော်ရွှင်စေမဲ့သူကိုရွေးချယ်ဖို့လိုပါတယ်။

 

ကိုယ်တိုင်ဘုရင်မလုပ်ချင်ရင်တော့တစ်ယောက်တည်းသာနေပါ ဘုရင်ကြီးကို ချစ်လို့ မိဖုရားဖြစ်ချင်ပါတယ်ဆိုလည်း ဘုရင်ကြီးဖူးဖူးမှုတ်ချစ်ငုံထားမတတ်ချစ်ရသူဖြစ်အောင်ကြိုးစားပါ ဒါမှမဟုတ် ဒီလိုကိုယ့်အပေါ်ချစ်နိုင်မဲ့ ဘုရင်ကြီးကိုသာရွေးပါ။ မိဖုရားခေါင်ကြီးတော့ဖြစ်ရပါရဲ့ ကိုယ့်နန်းဆောင်ကို တစ်လတစ်ခါတောင်ပေါ်မလာတဲ့ ဘုရင်မျိုးရဲ့မိဖုရားတော့ မဖြစ်ပါစေနဲ့မိန်းမတစ်ယောက်ရဲ့ဘဝသုံးပုံပုံနှစ်ပုံလောက်က ရွေးချယ်ထားတဲ့ အိမ်ထောင်ဖက်ကောင်း ခြင်းမကောင်းခြင်းနဲ့ အများကြီးသက်ဆိုင်သွားတတ်ပါတယ်။

 

Credit;Trend.com.mm

Read times Last modified on Wednesday, 30 January 2019 10:56
Rate this item
(1 Vote)