ဖူးစာဆိုတာ နဖူးမှာကပ်ပြီးပါလာတာမျိုးတော့မဟုတ်ပါဘူး။
ဒါပေမယ့် လူတိုင်းကမွေးကတည်းကသူ့ဖူးစာနဲ့သူပါလာပြီးသားပါပဲ။ ကိုယ့်ဘက်ကသိပ်ကောင်းနေပါစေအုံးဖူးစာမပါရင်မင်္ဂလာဆောင်ခံနီးလည်း
သူများနောက်ပါသွားတတ်တာပါပဲ။
Anni တွေ ဖြတ်သန်းမယ်၊နေရာအသစ်တွေကို တူတူသွားမယ်၊ပျော်စရာတွေဖန်တီးမယ်၊နှစ်ဖက်မိဘတွေတွေ့ပေးမယ်၊အချိန်တန် မင်္ဂလာဆောင်ပြီး
ဟန်နီးမွန်းလေးတွေထွက်ပြီး ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေရတဲ့ အထိ ချစ်ချင်တတ်ကြတာ လူတိုင်းရဲ့စိတ်ကူးပါ။
ဒါပေမယ့်လည်း ကိုယ်ချစ်တဲ့သူနဲ့ကိုယ့်ဖူးစာကတစ်ထပ်တည်းကျမှဖြစ်နိုင်မှာပါ။
ဖူးစာဆိုတာကိုနောက်မှာခဏထားပြီးအရင်ဆုံးကိုယ်ချစ်တဲ့သူနဲ့တောင်ထပ်တူကျတဲ့ချစ်ခြင်းမျိုးထားနိုင်သလားဆိုတာ အရင်စဉ်းစားကြည့်ရမှာပါ။
ကိုယ့်ဘက်က သိပ်ကို ပြီးပြည့်စုံတဲ့အချစ်တွေ ကြင်နာမှုတွေပေးနေပင်မဲ့ မယူတတ်ရင် ပိန်းကြာရွက်ပေါ် အေးချမ်းတဲ့မိုးရေတွေရွာချသလိုပဲဖြစ်နေမှာပါပဲ။
ကိုယ့်အချစ်နဲ့ထပ်တူမကျတဲ့သူဆိုရင် တစ်ခါတည်း အစတည်းကအပြတ်ဖြတ်ထားတာကောင်းပါတယ်။
ကိုယ်နဲ့အချစ်ခြင်းထပ်တူကျနေပြီ၊မေတ္တာချင်းညီမျှနေပြီဆိုရင်တော့ဖူးစာပါဖို့ဆိုတာက၇၀ရာခိုင်နှုန်းလောက်သေချာပေမဲ့အပြည့်အ၀တော့ယုံကြည်လက်ခံလို့မရသေးပါဘူး။
အချစ်ရေး၊မေတ္တာရေးမှာဝေးကွာတာ၊နီးစပ်တာ၊အားနားတာတွေဆိုတာမရှိပါဘူး။ချစ်တာနဲ့မချစ်တာပဲရှိတာပါတယ်။
ချစ်ရင်ဝေးကွာနေရင်တောင်နီးစပ်အောင် ကြိုးစားကြမှာပါပဲ။
မချစ်ပဲစိတ်ထဲတကယ်မရှိရင်တော့နီးနေရင်တောင်အကြောင်းအမျိုးမျိုးပြပြီးရှောင်ဖယ်သွားကြမှာပါ။
ဒီတော့ကြိုတွေးထားလို့မရမမြင်ရတဲ့ကံအကြောင်းတရားတွေကြားထဲမှာလက်ရှိအခြေနေကိုအကောင်းဆုံးတန်ဖိုးထားချစ်တတ်ဖို့ပဲလိုပါတယ်။
သူနဲ့ကိုယ်ဘယ်အချိန်ကွဲကွာမလဲကြိုမသိနိုင်လို့ကံပါတုန်းကံမကုန်တုန်းကိုယ့်ဘက်ကမေတ္တာ စစ်တွေပေးတတ်ဖို့ပဲလိုပါတယ်။
တကယ့်အချစ်ရဲ့စွမ်းအားရှိရင်ဝေးနေတဲ့အရာတွေကလုပ်ယူပေါင်းစပ်စရာမလိုပဲနီးစပ်သွားတတ်သလိုမချစ်တော့တဲ့အခါ နီးနေတဲ့အရာတွေတောင်တဖြည်းဖြည်းကွာဝေးသွားတတ်ပါတယ်။
Source : Trend