သဝန်တိုတတ်လွန်းတဲ့သူတွေက အကောင်းဆုံးချစ်သူဖြစ်ပါတယ်တဲ့

သဝန်တိုတတ်လွန်းတဲ့သူတွေက အကောင်းဆုံးချစ်သူဖြစ်ပါတယ်တဲ့ google

အရမ်းသဝန်တိုတတ်တဲ့ သူတွေနဲ့ ချစ်သူဖြစ်ရတာ စိတ်ကျဉ်းကျပ်ဖို့ ကောင်းတယ်၊ လွတ်လပ်မှုတွေ ဆုံးရှုံးတယ်လို့ ထင်တတ်ကြပါတယ်။

 

တကယ်တော့ သဝန်တိုလွန်းတဲ့ သူတွေက အကောင်းဆုံးချစ်သူတွေ ဖြစ်ကြတယ်လို့ ပညာရှင်တွေက အတည်ပြုလိုက်ပါတယ်။ ဘာလို့လဲဆိုတာကိုတော့ ဒီအချက်တွေကြောင့်လို့ ပြောထားပါတယ်။

 


သင်တစ်ခါမှမရဖူးတဲ့အချစ်မျိုးပေးနိုင်တယ်


သဝန်တိုလွန်းတဲ့သူလေးတွေဟာ အရမ်းအချစ်ကြီးတာကြောင့် သင့်ဘဝမှာ တစ်ခါမှမရဖူးတဲ့အချစ်မျိုးကို သူတို့ကပေးနိုင်မှာပါ။ သင်လုပ်သမျှအရာအားလုံးကို အသေးစိတ်လိုက်ကြည့်ပြီး သဝန်တိုနေဖို့ဆိုတာ တော်ရုံချစ်လို့မဟုတ်ပါဘူး။

 

ဒါကြောင့် သဝန်တိုတဲ့သူတွေနဲ့ချစ်သူဖြစ်တဲ့အခါ သင့်ဘ၀မှာ တစ်ခါမှမရဖူးတဲ့အချစ်မျိုးကို ရနိုင်မှာပါ။


သစ္စာရှိတယ်


သဝန်တိုတဲ့သူလေးတွေက ဘယ်တော့မှ နောက်ကျောဓားနဲ့ထိုးတဲ့အပြုအမူမျိုး၊ သစ္စာဖောက်တာမျိုးလုံးဝမလုပ်ပါဘူး။သူတို့ကိုယ်တိုင်သစ္စာဖောက်ခံရမှာ အရမ်းကြောက်တာကြောင့် တခြားသူကိုဘယ်တော့မှသစ္စာမဖောက်ပါဘူး။

 

ဒါကြောင့် သဝန်တိုတတ်တဲ့သူတွေနဲ့ချစ်သူဖြစ်ရင် သစ္စာဖောက်ခံရမှာကို ကြောက်နေစရာမလိုပါဘူး။


သင့်ဘက်ကအမြဲရပ်တည်ပေးနိုင်တယ်


သဝန်တိုတတ်သလောက် သင့်ဘက်က အမြဲရပ်တည်ပေးတဲ့ သူလေးတွေပါ။ ချစ်သူကို လာထိတာလည်း မကြိုက်သလို၊ လာကြည့်တာတောင်မကြိုက်တဲ့ သူတွေမို့ ဘယ်လို အခြေအနေမျိုးပဲကြုံလာကြုံလာ သင့်ဘက်ကပဲရပ်တည်မယ့်သူတွေပါ။

 


သင့်ရဲ့ဆိုးတဲ့အချက်တွေကိုလက်ခံပေးနိုင်တယ်


သဝန်တိုတတ်တဲ့သူလေးတွေဟာ သင့်ကို တခြားသူတွေနဲ့သ၀န်တိုတာပဲရှိပြီး သင့်ရဲ့ ဆိုးတဲ့အချက်တွေ၊ အားနည်းချက်တွေကို တချိန်လုံးပြောပြီး အပြစ်ရှာနေတာမျိုးမလုပ်တတ်ကြပါဘူး။

 


သင့်ကိုလွယ်လွယ်နဲ့လက်တွဲမဖြုတ်ဘူး


တခြားသူတွေသာ သင့်ကိုထားရင်ထားသွားမယ်၊ ဒီလိုသဝန်တိုတတ်တဲ့ သူတွေကတော့ သင့်ကိုထားသွားမှာမဟုတ်ပါဘူး။ ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် သင့်ကိုလက်တွဲမဖြုတ်မယ့်သူက သဝန်တိုတတ်လွန်းတဲ့ချစ်သူပါ။

 

 

Credit : Aunty May

Read times Last modified on Tuesday, 05 February 2019 16:31
Rate this item
(2 votes)