ကိုယ့်ကိုသိပ်ချစ်တဲ့ မိန်းမတစ်ယောက်က ကိုယ့်ကို စွန့်ပစ်ဖို့ဘာလို့ရွေးချယ်သွားသလဲဆိုတာ သိပ်ကို သိချင်ကြမှာပါ။
တစ်ခါတစ်လေမှာ ကိုယ်မထင်ထားလောက်တဲ့ ကိုယ့်ချစ်သူမိန်းကလေးက ကိုယ့်အနားကနေစွန့်ခွာသွားတတ်ကြပါတယ်။မိန်းကလေးတစ်ယောက်ဟာသူသိပ်ချစ်တဲ့သူကို စွန့်ခွာဖို့ ခက်ခဲတတ်ကြပါတယ်။
ဘယ်လိုအချိန်မျိုးမှာ ကိုယ်တကယ်ချစ်တဲ့ယောက်ျားလေးကို သူတို့စွန့်ခွာကြလဲဆိုတော့...
(၁) သူ့အတွက်မင်းက မေတ္တာစေတနာအစစ်ကို မပေးတတ်လို့
(၂) သူ့အတွက်သိပ်ကိုစိတ်ဖိစီးစေလို့
(၃) မင်းရဲ့အချစ်တွေအားလုံးကို မိန်းမတစ်ယောက်အနေနဲ့သူတစ်ယောက်တည်းပိုင်တယ်ဆိုပြီး ယုံကြည်ခံစားရခြင်းမရှိလို့
(၄) သူ့အပေါ်မင်းကအမြဲ မကောင်းမြင်လို့
(၅) သူ့ဘက်ကပေးဆပ်သလောက် မင်းကဘာမှတုန့်ပြန်ခြင်းမရှိလို့
(၆) မင်းအကြောင်းကိုတဖြည်းဖြည်းနဲ့သူပိုပြီး မသိနားမလည်ဖြစ်လာလို့(မင်းစိတ်ကသူ့အတွက်ခန့်မှန်းရခက်လို့)
(၇) အပေါင်းအသင်းတွေကြား မင်းဟာသူ့အတွက် ဘယ်ဘက်ကပဲကြည့်ကြည့် အကောင်းမြင်စရာတစ်ခုမှမရှိလို့
(၈) နောက်ဆုံးတစ်ချက်ကတော့ မင်းကို ချစ်ဖို့ကြောက်ရွံ့သွားတာဖြစ်ပါတယ်။
Credit : Trend