အရမ်းချစ်ကြတဲ့ ချစ်သူတွေရဲ့ ပန်းတိုင်ကတော့ နှစ်ယောက်တစ်ဘဝ ထူထောင်ဖို့အတွက် လက်ထပ်ခြင်းပါ။
ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် နှစ်ဖက်မိဘတွေက ကန့်ကွက်နေတယ်ဆိုရင်တော့ မိဘတွေရဲ့စကားကိုနားထောင်သင့် မသင့် ဖော်ပြမဲ့အချက်လေးတွေပေါ် မူတည်ပြီး စဉ်းစားသင့်ပါတယ်။
ပထမဆုံး စဉ်းစားရမှာကတော့ ချစ်သူက မိဘတွေအတွက် ဘာလို့လက်မခံနိုင်စရာဖြစ်နေသလဲဆိုတာပါပဲ။ ဥပမာ ငွေကြေးချို့တဲ့လို့လား၊စာရိတ္တ မကောင်းလို့လား စသဖြင့်ပေါ့။
ကိုယ့်ချစ်သူကို ကိုယ်ကိုတိုင် သေချာဆန်းစစ်ပါ။ လက်မခံနိုင်ရတဲ့ အကြောင်းအရင်းကို မိဘတွေကိုလည်း သေချာမေးကြည့်ပါ။ လက်မခံနိုင်တဲ့အကြောင်းအရင်းဟာ ငွေကြေးဖြစ်နေမယ်ဆိုရင်တော့ဆင်းရဲမွဲတေခြင်းဟာ ထာဝရမဖြစ်နိုင်ဘူးလို့ပဲ ငြင်းချက်ထုတ်ပါရစေ။
စာရိတ္တကြောင့် ကန့်ကွက်ခဲ့ရင်တော့ မိဘစကားနားထောင်တာ ပိုကောင်းပါတယ်။ အချစ်က အရာရာကို ပြုပြင်လို့မရပါဘူး။ ပြုပြင်နိုင်တယ် ဆိုတဲ့စိတ်ပဲရှိတာပါ။ တကယ်လက်တွေ့ဘဝမှာ လူသားတွေရဲ့အကျင့်စာရိတ္တဟာ ပြောင်းလဲဖို့ ခက်ခဲပါတယ်။ အဲဒါကြောင့် အနာဂတ်ပန်းတိုင် မှာ အတားအဆီးတွေနဲ့ ပတ်သတ်တွေ့ကြုံလာတဲ့အခါ အထက်က အချက်လေးတွေအတိုင်း သုံးသပ် စဉ်းစားကြည့်ပါ။
ခိုင်မြဲတည်တံ့တဲ့အိမ်ထောင်ရေးတစ်ခုဖြစ်ဖို့အတွက်လိုအပ်ချက်များ
တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်သွားကြတဲ့အခါ နှစ်ယောက်တစ်ဘဝ အိမ်ထောင်ရေးကို ထူထောင်လာကြပါတယ်။ အဲ့လိုအိမ်ထောင်တွေထဲမှာမှ တချို့ဟာသမီးရည်းစား ဘဝမှာအရမ်းချစ်ခဲ့ကြပြီး အချစ်ပါရင်ဘာမဆိုပြည့်စုံမယ်လို့ ထင်ခဲ့ကြပေမဲ့ တကယ်တမ်းကြတော့ အိမ်ထောင် ထူထောင်စမှာတင်ပဲပြဿနာတွေနဲ့တွေ့ကြုံရတတ်ပါတယ်။
အဲ့လို အခက်အခဲတွေနဲ့မကြုံရလေအောင် တည်မြဲခိုင်ခံတဲ့အိမ်ထောင်ရေး ဘယ်လိုထူထောင်ရမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။
အိမ်ထောင်ရေး မှာအဓိကပြဿနာဖြစ်စေတဲ့အကြောင်းအရာကတော့ငွေကြေးဖြစ်ပါတယ်။
အိမ်ထောင်တစ်ခုမှာငွေကြေးမပြည့်စုံရင် ဘယ်လိုမှရှေ့ဆက်လို့မရပါဘူး။ တကယ်လို့များအချစ်ကိုပဓာနထားပြီး ငွေကြေးပိုင်းဆိုင်ရာ မပြင်မဆင်ဘဲ လက်ထပ်လိုက်မယ်ဆိုရင် နောက်ပိုင်းမှာ အခက်အခဲတွေအများကြီးကြုံလာရမှာပါ။
ဥပမာ တစ်အိုးတစ်အိမ်ထူထောင်ချင်တဲ့ လူတွေအတွက် အိမ်၊စားစရိတ်၊လူမူရေး စသဖြင့်ပါ။
ဒါ့အပြင့် ကလေးမွေးလာတဲ့အခါကလေးအတွက် စရိတ်ကလဲ လိုအပ်ပါတယ်။ အဲ့ဒါကြောင့်ငွေကြေးဆိုတဲ့ အချက်ကိုတော့မဖြစ်မနေထည့်သွင်း စဉ်းစားရမှာပါ။ နောက်တစ်ချက်ကတော့ သံသယမများနဲ့ဆိုတဲ့ အချက်ပါ။ တစ်ဖက်လူကို သံသယများတာ သဝန်တိုလွန်းတာဟာ သူ့အပေါ်မယုံကြည်ရာရောက်လွန်းတာပါပဲ။ ဒါကြောင့် သံသယတွေကိုလျှော့ပါ။နောက်အရေးကြီးဆုံး အချက်ကတော့အိမ်ထောင်မှုကိစ္စတွေကို မောင်တထမ်းမယ်တစ်ရွက် ဆောင်ရွက်ဖို့ပါပဲ။ ခင်ပွန်းတစ်ယောက်ရဲ့တာဝန်ဟာ ပိုက်ဆံရှာပေးတာနဲ့တင်မလုံလောက်ပါဘူး။ အိမ်ထောင့်တာဝန်တွေကို ဇနီးမယားနဲ့ အတူမျှဝေ ခံစားပေးရမှာပါ။
အထက်ကအချက်လေးတွေ အတိုင်း အိမ်ထောင်ရှင်တွေ လိုက်နာမယ် ဆိုရင်ဖြင့် သာယာခိုင်မြဲတဲ့ အိမ်ထောင်ရေး တစ်ခုရရှိမှာ အမှန်ပါပဲ။
Credit : Original Writer