လောကကြီးမှာ ယောကျာ်းကောင်းဆိုတာ ရှားပါတယ်။
ဒါပေမဲ့ ကိုယ်စိတ်နှလုံးမတည်ငြိမ်ပဲ ခြေများတဲ့ယောကျာ်း၊မိန်းမတစ်ယောက်နဲ့ ပြိုင်ပြီး မာနထားတဲ့ယောကျာ်း ၊ နှမချင်းကိုယ်ချင်းမစာပဲ မိန်းကလေးတွေကို အပျော်သဘောနဲ့ ရည်းစားထား ခြူစားတတ်တဲ့ ယောကျာ်း။အပျော်အပါး ၊ အသောက်အစားနဲ့ လောင်းကစားတွေကို ဘ၀ပျက်အောင်ခုံမင်ပျော်ပါးတတ်တဲ့ ယောကျာ်းစသဖြင့်အများကြီးရှိကြပါတယ်။ကောင်းမြတ်တဲ့စိတ်ဓာတ်နဲ့ ယောကျာ်းကောင်းစိတ်မွေးထားတဲ့ ယောကျာ်းကောင်း၊ယောကျာ်းမြတ်တွေလည်း ရှိပါတယ်။ သို့သော်လည်းလောကမှာအကောင်းတွေထက်အဆိုးတွေက ပိုများပါတယ်။
ယောကျာင်္းကောင်းတစ်ယောက်ဆိုတာ ကိုယ်ကချစ်လို့ရွေးချယ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်သူလိုတစ်မျိုး ၊ မောင်နှမလိုတစ်မျိုး ၊ မိဘလိုတစ်မျိုး မေတ္တာ၊ကရုဏာ အပြည့်နဲ့တာဝန်ယူစောင့်ရှောက်တတ်ကြသူတွေ ၊ အားနွဲ့တဲ့မိန်းမသားတစ်ယောက်အပေါ် ဘယ်တော့မှအနိုင်မယူတဲ့သူတွေ ၊ မိန်းမတစ်ယောက်ကို ကိုယ်တာဝန်မယူနိုင်ပဲ ဘယ်တော့မှမယုတ်မာတတ်သူတွေ ၊မိန်းမတစ်ယောက်နဲ့မာနပြိုင်ပြီးရန်မဖြစ်တတ်ကြသူတွေ ကိုဆိုနိုင်ပါတယ်။ ယောကျာ်းကောင်းဆိုတာ မိန်းမတွေနဲ့နှိုင်းယှဉ်လာရင် ပင်ကိုသဘာဝကိုက အရူံးပေးပြီးသား၊ဦးစားပေးပြီးသား ဖြစ်နေရမှာပါ။
ယောကျာ်းကောင်းဆိုတာ ခေါင်းဆောင်လိုစိတ်ရှိတယ်။အရာရာကိုဦးဆောင်နိုင်ကြတယ်။ပဲ့ပြင်ဆုံးမပေးတတ် ကြတယ်။သည်းခံစိတ် အပြည့်ရှိတယ်။အရာရာကို စဉ်းစားချင့်ချိန်ပြီး ဝေဖန်ပေးနိုင်ကြတယ်။ တွေ့ကြုံလာတဲ့ လောကဓံကို ကြံ့ကြံ့ခံပြီး ဘ၀တစ်ခု၊အိမ်ထောင်တစ်ခုကို ခိုင်မြဲအောင်ကြိုးစားပြီးတည်ဆောက်နိုင်ကြတယ်။ ကိုယ့်ချစ်သူ လက်ကိုခိုင်မြဲစွာတွဲပြီး အေးအတူပူအမျှဘ၀ကို တစ်သက်လုံးသစ္စာရှိရှိဖြတ်သန်းနိုင်ကြတယ်။အဲ့လို မေတ္တာတရားတွေ သစ္စာတရားတွေနဲ့ တစ်ကယ်နေထိုင်နိုင်မှသာ ယောကျာ်းကောင်းလို့ ခေါ်ထိုက်တာပါ။
ယောကျာ်းဖြစ်သူရဲ့ ဦးဆောင်မှုဟာ အိမ်ထောင်ရေးတစ်ခုမှာ အလွန်အရေးကြီးပါတယ်။ဒါကြောင့် ချစ်တယ်ဆိုတာတစ်ခုတည်းနဲ့ မိမိဘဝကိုပုံမအပ်လိုက်ပါနဲ့။မိမိချစ်သူရဲ့ ကိုယ်စိတ်နှလုံးကို သေသေချာချာသိရှိမှသာ အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက်ကြပါ။အဆိုးထဲက အကောင်းတွေပဲ ရွေးချယ်ရယူနိုင်ကြပါစေ။