ကိုယ့်ချစ်သူက တစ်ကိုယ်ကောင်းဆန်လွန်းနေရင်

ကိုယ့်ချစ်သူက တစ်ကိုယ်ကောင်းဆန်လွန်းနေရင် google.com

မိမိကိုယ်ကို ချစ်တာကကောင်းပေမယ့် ကိုယ့်ကိုယ်ကိုချစ်တဲ့နည်းလမ်းက သူတစ်ပါးကိုမထိခိုက်ဖို့ လိုအပ်ပါတယ်။

သူတစ်ပါးကို ထိခိုက်သွားတယ်ဆိုရင် ဒါက အတ္တကြီးတာ၊ တစ်ကိုယ်ကောင်းဆန်တာဖြစ်သွားပါပြီ။ သင်ရော ကိုယ့်ကိုယ်ကို ချစ်ရဲ့လား၊ ဒါမှမဟုတ် အတ္တကြီးတဲ့သူတစ်ယောက်လား၊ ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်တဲ့သူကို ချစ်သူတော်ထားရတာလား။ ကိုယ့်ချစ်သူက တစ်ကိုယ်ကောင်းဆန်၊ မဆန်ဘယ်လိုသိနိုင်မလဲ။ အခုဖော်ပြပေးမယ့် အချက်တွေနဲ့ တိုက်ကြည့်လိုက်ပါ။ တိုက်ဆိုင်မှုရှိနေမယ်ဆိုရင်တော့ သင်ကတစ်ကိုယ်ကောင်းဆန်တတ်တဲ့ချစ်သူကို ချစ်မိနေတာပါပဲ။

 

ကောင်းတဲ့အရာအားလုံးက သူတို့အတွက်ပဲဖြစ်ရမယ်

တစ်ကိုယ်ကောင်းဆန်တဲ့သူတွေကကောင်းတဲ့အရာအားလုံးက သူတို့အတွက်ပဲဖြစ်ရမယ်လို့ယူဆကြပါယတ်။ သင်ကဆုံးဖြတ်ချက်တစ်ခုခုချတဲ့အခါမှာလည်း သူတို့အတွက်ဖြစ်ရမယ်၊ တစ်ခုခုတွေးတာ၊ ရည်မှန်းချက်ထားတာတွေ အကုန်လုံးက သူတို့အတွက်ဖြစ်ရမယ်လို့ယူဆကြပါတယ်။

 

သူတို့ကို အမြဲတမ်းအလေးပေးနေရမယ်

လူမှုပေါင်းသင်းဆက်ဆံရေးဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့ဆက်ဆံလို့မရပါဘူး။ ကိုယ့်မှာလည်းမိသားစုရေး၊ မောင်နှမ၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေရှိပါတယ်။ သူတစ်ယောက်တည်းကိုပဲအချိန်ပေးရမယ်။ ဘယ်သူငယ်ချင်းနဲ့မှမတွေ့ရဘူး။ အားနေရင် သူကိုပဲဂရုစိုက်ရမယ် စသဖြင့် အလေးပေးမှုကိုလိုလားကြပါတယ်။

 

သင့်ကိုချုပ်ကိုင်နေမယ်

ဖုန်းမသုံးရဘူး၊ ဘယ်သူနဲ့စကားမပြောရဘူး၊ ဂိမ်းမဆော့ရဘူး၊ ဖေ့ဘွတ်မသုံးရဘူး စသဖြင့် ကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ပျောက်ဆုံးသွားလောက်တဲ့အထိခြယ်လှယ်နေခြင်းက သင့်ကိုချစ်တာထက် သူက ကိုယ့်ကိုကိုယ် ပိုချစ်တာပါ။ ဒီလိုချုပ်ကိုင်နေခြင်းကိုစည်းမရှိဘူးလို့လည်း ပြောလို့ရပါတယ်။ ဘယ်လောက်ပဲချစ်တဲ့သူဖြစ်နေပါစေ၊ သူတစ်ပါး လွတ်လပ်ခွင့်ကိုတော့ခြယ်လှယ်လို့မရပါဘူး။

 

တာဝန်ယူမှုမရှိကြဘူး

ကောင်းတဲ့အကြောင်းအရာတစ်ခုခုဖြစ်တယ်ဆိုရင် သူတို့ကြောင့်ဖြစ်ရတာဆိုပြီး ချက်ချင်းကြီးတာဝန်ခံပစ်လိုက်ကြတာပါပဲ။ ဒါပေမဲ့တစ်ခုခုမှားယွင်းတယ်ဆိုရင် သင့်ကိုပဲအပြစ်ပုံချပြီး သူတို့နဲ့မဆိုင်တဲ့ပုံစံဖမ်းတတ်ကြပါတယ်။

 

ဒီအချက်တွေအကုန်လုံးနဲ့တိုက်ဆိုင်နေတယ်၊ ကိုယ်ကတစ်ကိုယ်ကောင်းဆန်တဲ့သူကို ချစ်သူတော်ထားမိရင် ဘယ်လိုလုပ်ရမလဲ။ အရင်ဆုံး ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ။ ကိုယ် သူ့ကို တစ်ကယ်ချစ်တာလား၊ သူကရော ကိုယ့်ကို ချစ်ရဲ့လား။ ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီးသွားတဲ့အခါ သင် ရွေးချယ်ရမှာက သူနဲ့ဆက်တွဲမလား၊ လမ်းခွဲမလားဆိုတာပါပဲ။ သူမရှိဘဲမနေနိုင်ဘူး။ တဖြည်းဖြည်းပြုပြင်ပေးသွားရင်တော့ ရနိုင်ပါတယ်လို့ ထင်ရင်လည်း ကြိုးစားကြည့်လိုက်ပါ။ သူလက်ခံနိုင်အောင်၊ နားဝင်အောင် ရှင်းပြလိုက်ပါ။ တကယ်လို့ သင်က သူရဲ့ ဒဏ်တွေမခံနိုင်တော့ဘူး၊ လမ်းခွဲချင်တယ်ဆိုရင်လည်း သူစိတ်ဒဏ်ရာမရအောင်၊ မခံစားရအောင်ပြုမူဖို့လိုအပ်ပါတယ်။

 

Source : Kwee

Myanmar Wedding Guide

Read times Last modified on Saturday, 16 March 2019 13:52
Rate this item
(1 Vote)