ကိုယ့်ချစ်သူကကိုယ့်ကိုဘယ်လောက်ချစ်လဲစမ်းသပ်ကြည့်ပြီးပြီးလား။
မစမ်းသပ် ရသေးရင်ဒီနည်းလမ်းလေးတွေသုံးပြိးစမ်းသပ်ကြည့်လိုက်ပါနော်။
(၁) လေးနေတဲ့ သင့်အိတ်တွေကို ကိုင်ခိုင်းကြည့်ပါ
ဈေးဝယ်ထွက်တဲ့ခါပဲဖြစ်ဖြစ်၊ ခရီးတူတူသွားတဲ့ခါပဲဖြစ်ဖြစ် သင့်ကိုင်နေတဲ့အထုတ်လေးလေးတွေကို ကိုင်ခိုင်းကြည့်ပါ။ သင်မစမ်းသပ်ရပဲ ကိုင်ပေးတယ်ဆိုရင်တော့ အရမ်းကို ချစ်ခံနေရပြီလို့သာမှတ်ထားလိုက်ပါနော်။
(၂) ရစ်ကြည့်ပါ
အကြောင်းအမျိုးမျိုးရှာပြီးရစ်ကြည့်ပါ။ ဒေါသထွက်လောက်တဲ့ထိရစ်ကြည့်ပါ။ အရမ်းရစ်နေတာတောင်ဒေါသထွက်မပြဘူးဆိုရင်တော့ သင့်ကိုအရမ်းကိုချစ်လို့ အလျော့ပေးတာပါနော်။
(၄) စိတ်ကောက်ကြည့်ပါ
ပြသနာကြီးကြီးမားမားမဟုတ်တောင် သင်ကစိတ်ဆိုးကြည့်ပါ။ သင်စိတ်ဆိုးတာကို သူချော့တဲ့ခါ ချက်ချင်းစိတ်ဆိုးမပြေလိုက်ပါနဲ့။ မျက်နှာမပျက်ပဲ စိတ်ရှည်ရှည်နဲ့ဆက်ချော့နေတယ်ဆိုရင်တော့ သူကသင့်ကိုအဆုံးရှုံးမခံနိုင်လောက်အောင်ချစ်နေပါပြီနော်။
Credit - Marry