ချုပ်ချယ်တဲ့အလုပ်က မိန်းကလေးတွေပဲ လုပ်တာများတယ်ထင်ရပေမယ့် ယောကျာ်းလေးတွေလည်း ကိုယ့်ချစ်သူကောင်မလေးကို ချုပ်ချယ်တတ်ကြပါတယ်။
လူတိုင်းလူတိုင်း လွတ်လပ်မှုကို မြတ်နိုးကြတဲ့အတွက် ယောကျာ်းလေးတွေအနေနဲ့ ချစ်သူ ကောင်မလေးကို အကောင်းဆုံး မကိုင်တွယ်တတ်ရင်တော့ ဆုံးရှုံးရဖို့ အခွင့်အရေးများနေပြီပဲဖြစ်ပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ ယောကျာ်းလေးတွေအနေနဲ့ ကိုယ့်ချစ်သူမိန်းကလေးတွေအပေါ် လုံးဝမချုပ်ချယ်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
အပေါင်းအသင်း
မိန်းကလေးအာလုံးလိုလိုမှာ အရမ်းကိုခင်ရတဲ့ BFF သူငယ်ချင်းတွေဆိုတာ ရှိပါတယ်။ ဒီလိုမျိုးငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေထဲမှာ မိန်းကလေးတွေလည်း ပါနိုင်သလို ယောကျာ်းလေးတွေလည်း ပါနိုင်ပါတယ်။ ကိုယ်အနေနဲ့ သူတို့ကြားက သူငယ်ချင်းသံယောဇဉ်ကိုတော့ မဖြတ်တောက်သင့်ပါဘူး။မိန်းကလေးတွေနဲ့ပဲ ပေါင်းရမယ် ယောကျာ်းလေးတွေနဲ့ မပေါင်းရဘူးစသည့်ဖြင့် ကန့်သန့်ချက်တွေ သွားထားလို့မရဘူး။ တကယ်တမ်း ရိုသားဖြူစင်တဲ့ သူငယ်ချင်းအရင်းကြီးတွေဆိုရင်တော့ ခွင့်ပြုလိုက်ပါ။
အဝတ်အစား
မိန်းကလေးအတွေအနေနဲ့ ကိုယ်ချစ်သူစီကအကြားချင်းဆုံးစကားက “ဒီနေ့မင်းအရမ်းလှနေတယ်နော်” ဆိုတဲ့စကားပါပဲ။ သင့်အနေနဲ့ “မင်းဘာပုံစံကြီးဝတ်ထားတာလဲ ဒီအင်္ကျီက မင်းနဲ့မလိုက်ဘူး နောက်ဒါမျိုးတွေမဝတ်နဲ့” စသည်ဖြင့် သူတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး အဆိုးဘက်ကိုရောက်စေတဲ့စကားမျိုးတွေနဲ့ ချုပ်ချယ်တာမျိုး လုံးဝမလုပ်ပါနဲ့။ လူကြားထဲ အမြင်မတော်စေမယ့် လျှပ်ပေါ်လော်လီဖက်ရှင်တွေ ဝတ်စားဆင်ယင်နေတာမဟုတ်ရင်တော့ ကိုယ့်အနေနဲ့ အတတ်နိုင်ဆုံးနားလည်ပေးပါ။
ဓာတ်ပုံ
မိန်းကလေးအများစုဟာ IG ၊ Facebook စတဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဓာတ်ပုံတွေတင်ရတာ ရူးသွပ်တတ်ကြပါတယ်။ ကိုယ်ရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေ အစားအသောက်တွေ အဝတ်အစားနဲ့ပတ်သက်ပြီး မကြာခဏပုံတွေတက်လေ့ရှိကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး သင့်အနေနဲ့ ချုပ်ချယ်ကန့်သတ်မယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ မိန်းကလေးသဘာဝကိုက ဒီလိုဆိုရှယ်မီဒီယာမှာ ပုံလေးတွေတင်တာကို သဘောကျကြတာဖြစ်ပါတယ်။
ဝါသနာ
လူတစ်ယောက်ရဲ့ ပင်ကိုယ်ဝါသနာဆိုတာ လုံးဝဖျောက်ဖျက် တားဆီးလို့ မရတဲ့အရာတစ်ခုဖြစ်ပါတယ်။ သင့် ကောင်မလေးမှာရှိတဲ့ဝါသနာကိုလည်း သင့်အနေနဲ့ လုံးဝကန့်သတ်တားဆီးလို့ မရနိုင်ပါဘူး။ ဥပမာ သင့် ချစ်သူကောင်မလေးက စီးပွားရေးလုပ်ရတာကိုဝါသနာပါသူ တစ်ယောက်ဆိုပါစို့။ သင်သဘောကျတဲ့ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေးရှိတဲ့ကျောင်းဆရာမ တစ်ယောက်အဖြစ်ကိုတော့ ဘယ်လိုနည်းနဲ့မှ ပုံသွင်းယူလို့ရနိုင်မှာမဟုတ်ပါဘူး။ အစောကတည်းက ကိုယ်ကဘယ်လိုပုံစံသဘောကျတာလဲ ကိုယ်ချစ်သူကောင်မလေးက ကိုယ် သဘောကျတဲ့ ပုံစံထဲကမဟုတ်ရင်ရော သူရဲ့ဝါသနာတွေကို သဘောတူပေးနိုင်မှာလားဆိုတာတွေကို သေချာဆန်းစစ်ရပါမယ်။