လူတိုင်းမှာအခက်အခဲ ဆိုတာရှိစမြဲပါ ညည်းညူနေမယ့် အစားဘယ်လို ကျော်ဖြတ်ရမလဲဆိုတာကိုစဉ်းစားသင့်ပါတယ်။
မတတ်နိုင်လို့ညည်းညူမိတယ်ဆိုရင်တောင် တစ်နေ့တစ်မျိုးထက်ပို မညည်းသင့်ပါဘူး
လူတစ်ဦးနဲ့တစ်ဦး နေ့စဉ်ဆက်ဆံရေးမှာ သေးသေးလေးတွေကအစ အကြီးကြီးအထိ
ဂရုတစိုက်လုပ်ပေးသင့်ပါတယ်။ တစ်ခါတစ်လေမှာမိမိ လုပ်ရပ်သေးသေးလေးက အမှတ်မထင်
အမှတ်ရစရာဖြစ်သွားတတ်ပါတယ်။လက်တွဲဖော်အပေါ်ပြုမူပေးသင့်တဲ့ အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
ချစ်ပါတယ်လို့ပြောပေးပါ
တစ်နေ့ကိုအနည်းဆုံး တစ်ကြိမ်လောက်တော့ချစ်တယ်လို့ ပြောပေးသင့်ပါတယ်၊
စာပို့ ပြီး ပြောတာထက် နှူတ်ကပြောတာကပိုပြီးအလေးအနက်ထားရာရောက်ပါတယ်၊
လူချင်းမတွေ့နိုင်ရင်တောင် ဖုန်းဆက်ပြီးပြောတာမျိုး လုပ်ပေးသင့်ပါတယ်။
ချစ်ကြောင်းပြပါ
ဘယ်အရာမဆိုပါးစပ်ကပြောနေတာထက် လက်တွေ့ လုပ်ပြတာကပိုထိရောက်ပါတယ်၊
နည်းလမ်းအများကြီးရှိပါတယ်၊ကိုယ်တိုင်မုန့်လုပ်ကျွေးတာမျိုး၊ handmade ပစ္စည်းလေးတွေ
လုပ်ပေးတာမျိုး ၊စတာတွေကိုလုပ်ပေးပါ။တစ်မျိုးထဲကို ထပ်ခါထပ်ခါ မလုပ်ဖို့ တော့အကြံပေးပါရစေ
အသစ်အသစ် လေးတွေကိုဖန်တီးပေးပါ။
ဘာလုပ်ပေးရမလဲမမေးပါနဲ့
ဘာလိုချင်တာလဲ ဘာလုပ်ပေးရမလဲ လို့ မေးတာတွေကတစ်ဦးနဲ့တစ်ဦး သတိထားပေး
ဂရုတစိုက်မရှိဘူးလို့ထင်တတ်ပါတယ်။အမှတ်တမဲ့ပြောပြတတ်တဲ့ ဆန္ဒလေးတွေကို မှတ်ထားပြီး
ဖြည့်ဆည်းပေးပါ။
နေ့တိုင်းစကားပြောပေးပါ
အလုပ်တွေများပြီး အချင်းချင်း စကားပြောချိန်ပေးဖို့ခက်ခဲလာတဲ့အခါမျိုးမှာတောင်
အချိန်အနည်းငယ်ကို ဖဲ့ပြီး နေ့တိုင်းစကားပြောပေးပါ။ကိုယ့်ပျော်ရွှင်စရာတွေကိုကိုယ့်ချစ်သူကို
ပြောပြခြင်းဖြင့် ၂ ဆတိုးပျော်ရွှင် ရသလို ၀မ်းနည်းစရာ ဆိုတစ်ဝက်သက်သာမှာအမှန်ပါ။
တစ်ဦးနဲ့တစ်ဦးပြည့်စုံစေပါ
လူတိုင်းမှာ ချို့ယွင်းချက်ကိုယ်စီရှိပါတယ်။ကောင်းကွက်တွေလည်း ကိုယ်စီရှိပါတယ်။
ကိုယ်ချစ်တဲ့သူရဲ့ကောင်းကွက်လေးတွေကို ရွေးပြီးအသိအမှတ်ပြုပေးပါ၊ချို့ယွင်း ချက်တွေ
ကို နားလည်မှုပေးပါ။